#ခြောက်နှစ်အတွင်းမှာ သောက်ဖြစ်အလျင်း မရှိခဲ့ဘူး
(သို့ မဟုတ်) #ဓမ္မာစရိယတန်းက ငါ့ကို သတ်ခဲ့တယ်
~~~~~~~~~~~~~~~~~~~~~~~~~
သိဒ္ဓတ္ထမင်းသားက ၂၉နှစ်အရွယ်မှာ
တောထွက်ခဲ့ပြီး ဒုက္ကရစရိယာအကျင့်ကို ကျင့်လိုက်တာဗျာ
#ခြောက်နှစ်ကျင့်တည်းနဲ့  ဘုရားဖြစ်သွားတယ်
မိမိအပါဝင် စာသင်သားသူငယ်ချင်း အများစုဟာ
ဓမ္မာစရိယတန်းကို ဖြေဆိုနေကြတာ #ခြောက်နှစ်ရှိပြီ
တစ်ကျမ်းမှကို မစွဲနိုင်ကြသေးတာ
(တစ်ချို့ဆို ဆယ်နှစ်ဖြေတယ်၊ မစွဲဘူး၊
ကျမ်းပြီးမသွားကြရှာဘူး။ တစ်ချို့ ဆယ့်ငါးနှစ် ဖြေတယ်၊
ကျမ်းက မစွဲဘူး။ စွဲတယ်ထားအုံး၊ ကျမ်းပြီး မသွားရှာကြဘူး။
ဒီလိုနဲ့ ပဲ သေသွားကြတာတွေ အများကြီး)
ဘုရားက ခြောက်နှစ်အတွင်းမှာ
သတ္တဝါတွေအတွက် အလင်းပေးနိုင်ခဲ့တယ်
ကိုယ်တွေ စာသင်သားအများစုကတော့
(မိမိကို မိမိ အဓိက ဆိုလိုသည်)
ခြောက်နှစ်အတွင်းမှာ သောက်ဖြစ် အလျင်းမရှိခဲ့ဘူးလို့  ပြောရမလားပဲ
ကိုယ်တွေကတော့ ဘုရားမဟုတ်ပါဘူး
ဘုရားနဲ့ နှိုင်းယှဉ်, တုပပြီး ပြောဆိုနေတာလည်း မဟုတ်ပါဘူး
('မင်းက ဘာကောင်မိုလို့  ဘုရားနဲ့ ယှဉ်ပြီး
ပြောနေရတာလဲ'လို့ အဆိုးမြင်နေမှာစိုးလို့ ပါ၊ မမြင်စေချင်ပါ)
ဘုရားက သုံးလောကထွတ်ထား အနှိုင်းမဲ့။
ကိုယ်တွေက ငမြောက်ငခြောက် ဂေါက်တောက်တောက်
ဒါကို ကလေးကစ ခွေးကစ လူတိုင်း သိတယ်လေ
မိမိ အဓိကဆိုလိုချင်တာက #ခြောက်နှစ်
ခြောက်နှစ်ဆိုတဲ့ အတိုင်းအတာ
ခြောက်နှစ်ဆိုတဲ့ အချိန်တွေ
ကုန်ဆုံးသွားတာချင်းအတူတူလေ
ဒါကို ဆိုလိုချင်တာပါ
ဟို တစ်ခုတော့ ကွာတာပေါ့လေ
ဘုရားက အရိုးကြေကြေ အရေခန်းခန်းဆိုပြီး
ဘာမှတောင် မစားဘဲ မသောက်ဘဲ ကြိုးစားခဲ့တာ
ကိုယ်တွေ စာသင်သားအများစုက သိတဲ့အတိုင်းပဲ
မဟုတ်လား
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖိအားတွေ တွန်းအားတွေမရှိသလို နေနေခဲ့ကြတာ
ပါရမီတွေ ဘာတွေကို အသာထားအုံး
'ကြိုးစားမှု' လုံ့ လ ဝီရိယကလည်း ဘုရားက အနှိုင်းမဲ့လေ။
ကိုယ်တွေအများစုက ငမြောက်ငခြောက် ဂေါက်တောက်တောက်ရယ်
ယုံကြည်ချက် မရှိ၊ မျှော်လင့်ချက် မရှိ၊ ပန်းတိုင် မရှိနဲ့ ။
ဘယ်လိုပဲဖြစ်ဖြစ်ဗျာ
အဓိကပြောချင်မိတာက ခြောက်နှစ်အတွင်းမှာ
ကိုယ်တွေ သောက်ဖြစ်အလျင်း မရှိခဲ့ဘူးဆိုတာကိုပါ
မုံရွာမှာရှိတဲ့
နောင်တော်ကြီး မဇ္ဈိမလွင်ပြင် အရှင်သာသန မုံရွာ
ပြောသလို ပြောလိုက်ချင်ရဲ့
''#ဓမ္မာစရိယတန်းက ငါ့ကို သတ်ခဲ့တယ်'' ဟူ၍။
ဟုတ်တယ်ဗျ
တကယ်ကို ဟုတ်တယ်
ကျုပ်ကိုလည်း ဓမ္မာစရိယက သတ်ခဲ့တယ်
ဓမ္မာစရိယတန်းက ကျုပ်ကို သတ်နေတယ်
ခြောက်နှစ်တိတိ သတ်ခဲ့တာ၊ သတ်နေတာ
(ခြောက်နှစ်အတွင်းမှာ တစ်ကျမ်းမှ မစွဲ၊ တရားအားထုတ်ရင်တောင် ဒီခြောက်နှစ်အတွင်းမှာ
တရားလေး ဘာလေး ရချင် ရနိုင်အုံးမယ်)
စိတ်ဓာတ်ကျအောင် လုပ်နေတယ်
လူမထွက် ထွက်အောင် လုပ်နေသလို ခံစားမိတယ်
ဒါပေမယ့်
လူထွက်သွားရလောက်အောင်ထိတော့
ဓမ္မာစရိယက ကျုပ်ကို
အခုချိန်ထိ မသတ်နိုင်သေးဘူး
ဓမ္မာစရိယတန်းက သတ်လို့ သေတဲ့ မသာတွေ
စာသင်သားလောက သာသနာ့ဘောင်လောကမှာ
အများကြီးပဲ၊ ခန့် မှန်းခြေ တစ်နှစ်ကို မရှိဘူးဆိုရင်တော့ ဆယ်ပါးတော့ အနည်းဆုံး ရှိမယ် ထင်တယ်
(သေတဲ့ မသာဆိုသည်မှာ #လူထွက်သွားကြခြင်းကို
ဆိုလိုသည်)
ဝန်ခံပါတယ်
ကျုပ် ရဲရဲဝန်ခံပါတယ်
ခြောက်နှစ်အတွင်းမှာ
ကျုပ် သောက်ဖြစ်အလျင်း မရှိခဲ့ဘူး
'ဓမ္မာစရိယတန်းက ငါ့ကို သတ်ခဲ့တယ်'
သားတော် ပုလဲ
24-9-2017
No comments:
Post a Comment