ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အမြင်
=========================
ဗုဒ္ဓဘာသာဟာ လူသားတိုင်းအတွက်ဖြစ်ခဲ့ပေမယ့် လူသား
တိုင်းဟာ ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူး။
(အိုင်စတိုင်းလ်)
*****************************************************
အကယ်၍ ခေတ်သစ်သိပ္ပံပညာ လိုအပ်ချက်များနှင့် ဖက်ပြိုင်နိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင်
၎င်းဘာသာသည် ဗုဒ္ဓဘာသာဖြစ်ပေလိမ့်မည်။
(အိုင်စတိုင်းလ်)
***********-*****************************************
ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော
ဘာသာဖြစ်သည် ဆိုခြင်းကို မပြောလျင်မဖြစ် ပြောပါဟုသင်က
ကျွန်ုပ်အားတိုက်တွန်းခဲ့သော် ကျွန်ုပ်စိတ်ပါ လက်ပါဖြင့်
"ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သောဘာသာဖြစ်သည်။"
ဟု မဆိုင်းမတွ အဖြေပေးမည်။
(ရာဘင်ဒြာနတ်တဂိုး)
**********-*****************************************
အကယ်၍ ပြဿနာတစ်ခုခု ဖြေရှင်းဖွယ်ရာရှိခဲ့လျင် ဗုဒ္ဓဟော
ကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်း
စားဆင်ခြင်ရပေသည်။
(နေရူး)
*********************************************-*******
ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်တွင် အနုမြူဗုံးများ ဟိုက်ဒရို
ဂျင်ဗုံးများ ရှိနေသည်ထက် ပို၍ လိုအပ်သောအချိန်ဖြစ်သည်။
(နေရူး)
**********************-*****************************
လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေး
တရား ဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင်ပို၍
လိုအပ်ပေသည်။
(နေရူး)
******************************************************
သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သော သင်ကြားမှု
များမှာ တစ်စုံတစ်ခုသောအယူဝါဒကြီးကမျှ အလွမ်းသင့်အောင်
ဆောင်ရွက်နိုင်စွမ်းသဖြင့် (ဆောင်ရွက်ပေးနိုင်သော)ဗုဒ္ဓဘာ
သာမှ ကူးယူကြရသည်။
(အိပ်ခ်ျဂျီဝဲလ် H-G Wells-ဗြိတိသျှသမိုင်းပညာရှင်)
******************************************************
ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံထွက်သောအခါဟူ၍ မည်သည့်အ
ခါမျှမရှိချေ။ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သောစကား
ထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမျှမရှိပေ။
(ဒေါက်တာ အက်စ် ရာဓခရစ်ရှနားန် Dr.S.Radhakrishnan)
******************************************************
ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် (အမှန်အတိုင်း)သိမှုနှင့်ရှု့မြင်မှု
ကိုသာ အဓိကထားသည်။ဗုဒ္ဓ၏သွန်သင်ဆုံးမမှု(တရားတော်)
များသည်"ဧဟိပဿိကော-လာလော့ ကြည့်-ရှု့ပါလော့"ဟု
ဖိတ်ခေါ်ခြင်းကိုသာပြု၍ "လာပြီး ယုံကြည်လော့ဟုမဆိုပေ။"
(ဒေါက်တာ ဝါပိုလာရာဟုလာ Ven.Dr.W.Rahula)
******************************************************
သက်ရှိသတ္တဝါများကို ညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆု
တောင်းပတ္ထနာပြုခြင်း ဘုန်းတော်ဘွဲ့များ ရွတ်ဆိုခြင်း ယစ်ပူ
ဇော်ခြင်းများမပြုလုပ်ကြရန် ဗုဒ္ဓသည်လူ့သမိုင်းတွင် အဦးဆုံး
အပြစ်ပြ၍ ဆုံမပဲ့ပြင်ခဲ့သည်။
(ပါမောက္ခရီးစ်ဒေးဗစ်Prof.Rhys Davids)
******************************************************
ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ၏ တစ်ကယ်ပကတိ အဖြစ်မှန်
ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော
ဝါဒဟု ဆိုရပေမည်။
(ဒေါက်တာဝါပိုလာရာဟုလာVen.Dr.W.Rahula)
******************************************************
စွမ်းရည်သတ္တိ ဘယ်လောက်သိမ်ဖျင်းသူပင်ဖြစ်ပါစေ တရား
တော်ရဲ့တန်ခိုးကြောင့် သတ္တိဗျတ္တိပြည့်ဝလာစေပါတယ်။အညံ့
စားလူတစ်ဦးကို အတော်ဆုံးလူဖြစ်လာစေတာဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးကြောင့်ပါဘဲ။
(ဦးဂိုအင်ဂါ S.N.Goenka)
*****************************************************
များသောအားဖြင့် ဘာသာရေးဆရာများသည် ၄င်းတို့၏
တပည့်များ အယူဝါဒများ စာပေများကို ဖတ်ရှု့လေ့လာခွင့်မပြု
ဘဲ တားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာနည်းပါး
ပေသည်။
(ဖရခန္တီပါလော)
******************************************************
နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ
မည်မျှပင်ပြည့်စုံစေကာမူ ချမ်းသာနိုင်မည်မဟုတ်ပေ။
(ဒလိုင်းလားမား Dalai Lama)
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
4/5/2016/(wed)/11:49.pm./
===============================
Friday, June 3, 2016
ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment