Friday, June 3, 2016

သမိုင်းတစ်ခေတ် ထုဆစ်ခဲ့သူ"ဦးစန္ဒြာမဏိ" . (သို့မဟုတ်) ဗုဒ္ဓဂါယာကို ကယ်တင်ခဲ့သော သူရဲကောင်းများ

သမိုင်းတစ်ခေတ် ထုဆစ်ခဲ့သူ"ဦးစန္ဒြာမဏိ"
.               (သို့မဟုတ်)
ဗုဒ္ဓဂါယာကို ကယ်တင်ခဲ့သော သူရဲကောင်းများ
••••••••°°°••••••••°°°•••••••
® မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ဝါဆိုလပြည့်နေ့က စတင်ပြီး
(၄၅)ဝါတိုင်တိုင် မြတ်ဗုဒ္ဓ နေ့မအား ညမအားတည်ထောင်ခဲ့
သော မဇ္ဈိမသာသနာတော်သည် သမိုင်းပညာရှင်များ၏ အဆို
အရ အေဒီ(၁၂)ရာစု၌ မဇ္ဈိမဒေသအပါအဝင်အိန္ဒိယနိုင်ငံ
တစ်နိုင်ငံလုံးတွင် ဗုဒ္ဓသာသနာ ကွယ်ပျောက်သွားခဲ့ရသည်။

® ဤသည်မှာ ဗုဒ္ဓသာသနာ စတင်ထွန်းကားသောနေရာ(သို့)
ဗုဒ္ဓသားတော် ရဟန်းတော်များ စတင်မွေးဖွားပေးသော နေရာ
ဒေသ၌ သာသနာ လုံးဝကွယ်ပျောက်သွားခြင်းဖြစ်သည်။

® အချိန်အတိအကျဆိုရသော် အေဒီ(၈)ရာစုခန့်ကပင် ဟိန္ဒူ
ဘုရင် ဗြဟ္မဏဝါဒီတို့၏ ပုံစံအမျိုးမျိုးတို့ဖြင့် နှိပ်ကွက်မှုကြောင့်
ချိနဲ့ယိမ်းယိုင်လာခဲ့သော ဗုဒ္ဓသာသနာသည် အေဒီ(၁၂)ရာစု
တွင် မူဆလင်ဘုရင်များ ဝင်ရောက်တိုက်ခိုက် ချေမှုန်းလိုက်
သည့်အခါ အငုတ်ပါမကျန် ကွယ်ပျောက်သွားခဲ့ရသည်။

® ယင်းနောက်ပိုင်း အေဒီ(၁၂)ရာစု အစပိုင်းမှ စ၍ အေဒီ(၁၈)
ရာစုနှောင်းပိုင်းအထိ နှစ်ပေါင်း(၇၀၀)ခန့် အိန္ဒိယနိုင်ငံ၌
ဗုဒ္ဓသာသနာ အမှောင်ကျနေခဲ့သည်။

® ထိုသို့အမှောင်အတိ ဖြစ်နေခဲ့သော မြတ်ဗုဒ္ဓသာသနာတော်
ကို အိန္ဒိယနိုင်ငံ၌ ပြန်လည်လင်းလက်လာအောင် စွမ်းဆောင်
ပေးကြသော ပုဂ္ဂိုလ်များမှာ --

၁။•ဒေဝပရိယဝါလိသိင်္ဂ မထေရ်•
၂။ သီရိနိဝါသ မထေရ်
၃။ သာသနသိရီ မထေရ်
၎။ ဇိနရတနာ မထေရ်
၅။ ဓမ္မရတနာ မထေရ်
၆။ သံဃရတနာ မထေရ်(သီရိလင်္ကာနိုင်ငံသား ရဟန်း(၆)ပါး)
===
အိန္ဒိယနိုင်ငံမှ--
၁။ ဓမ္မဝီရ မထေရ်
၂။ ဓမ္မနန္ဒကောသမ္ဘီ မထေရ်
၃။ ရာဟုလာသံကိစ္စာယန မထေရ်
၎။ အာနန္ဒကောသလ မထေရ်
၅။ ဇာတိသကဿပ မထေရ်
၆။ နန္ဒဝံသ မထေရ်
၇။ ဓမ္မရက္ခိတ မထေရ်
====
၁။ •အရှင်စန္ဒြမဏိ မထေရ် •(မြန်မာနိုင်ငံ/ရခိုင်ပြည်)•
၂။ ဖူဂျီဂုရုကြီး  (ဂျပန်နိုင်ငံ)
၃။ ကရီပသာရန မထေရ် (ဘင်္ဂလားဒေ့ရှ်) တို့ဖြစ်ကြသည်။

အထက်ဖော်ပြပါ မဇ္ဈိဒေသ(အိန္ဒိယနိုင်ငံ)သာသနာပြု ပုဂ္ဂိုလ်
ကျော် (၁၆)ပါးတို့အနက် •ဒေဝပရိယဝါလိသိင်္ဂ(သီဟိုဠ်နိုင်ငံသား)• နှင့်
•အရှင်စန္ဒြမဏိ(မြန်မာနိုင်ငံသား)• ရဟန်းတော်နှစ်ပါးမှာ အအောင်မြင်ဆုံးဖြစ်သည်။
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
11/5/2016/(Wed)/1:46.pm./
===============================
ဦးစန္ဒြမဏိ မထေရ် ၏ ထေရုပ္ပတ္တိ အကျဉ်းကို ဆက်လက်ဖော်ပြပါဦးမည်။အားပေးကြပါဦးလို့---
===============================

No comments:

Post a Comment