Thursday, April 7, 2016

ပန်ဝါကိုအလည်သွားဖို့

ပန်ဝါကိုအလည်သွားဖို့
+++++++++++++++++
မြစ်ကြီနားမှ ဝိုင်းမော်
ဝိုင်းမော်မှ ဝါရှောင်လမ်းခွဲ
ဝါရှောင်လမ်းခွဲမှ ချီဖွေမြို့
ချီဖွေမှ လုပီရွာအကျော်
လုပီရွာအကျော်လမ်းခွဲမှ ပန်ဝါ
စုစုပေါင်း မိုင်၁၅၀ ဝန်းကျင်
ချီဖွေအထိ လိုင်းကား
ရှိပါတယ်
ချီဖွေမှတဆင့် ကားကြုံနဲ့သွားလို့ရပါတယ်
ပန်ဝါမှာ ဟိုတယ် အကြီး 3star ထက်
မနိမ့်တဲ့ ဆင်ကြိုင်ဟိုတယ် ပန်ဝါဟိုတယ်
နေခြည်ဟိုတယ် သုံးလုံးရှိပါတယ်
လမ်းခရီးတော့နည်းနည်းကြမ်းပါတယ်
အမြဲတမ်းအေးတဲ့ရာသီဥတုပါ
၅ မိုင်ပတ်လည်လောက် နှင်းကျတတ်တယ်။
သူ့ရာသီနဲ့သူ နှင်းကျပြီးလှနေတဲ့သဘာဝ လေးပါ။
မြန်မာပြည် ကချင်ပြည်နယ်ထဲမှာ
ဒီလို နှင်းဖုံးပြီး လှပတဲ့ရှုခင်းတွေအများကြီးရှိနေပါ
သေးတယ်။

နောက်တော့ ဈေးသက်သက်သာသာ လွယ်လွယ်ကူကူ
အလည်သွားနိုင်တဲ့ အချိန်ကာလ ရောက်လာဖို့
မျှော်လင့်ပါတယ်။

No comments:

Post a Comment