Thursday, April 7, 2016

သောကခြေရာ(၉) – မောင်စိန်ဝင်း(ပုတီးကုန်း)

သောကခြေရာ(၉) – မောင်စိန်ဝင်း(ပုတီးကုန်း)
**************************************

ဘယ်သူမြင် ဘယ်သူသိမှာလဲ၊
သူရှိတယ် ကိုယ့်ရင်ထဲ၊
အမြဲငြိတွယ်...။

အရိပ်ကလေးလို အစဉ်ခြောက်သူရဲ့၊
စိတ်အတွေးကို တမင်နှောက်တာလား၊
သခင်ရောက်ပါလို့ တဝဲလည်လည်...။

ငွေလသာ အရိပ်ထိုးရင်လဲ၊
နွေညမှာ အအိပ်ခိုးပြန်ပေါ့၊
စိတ်ဆိုးဟန် တမင်လွှဲပေမယ့်၊
ရင်ထဲက အရိပ်ငယ်၊
ဆိတ်ကွယ်လို့ ပျောက်မသွား...။

အစဉ်ဝေးပြီပဲ၊
ရင်မအေးအောင် မနှိပ်စက်ပါနဲ့၊
အအိပ်ပျက်ကာ နေမရအောင်၊
နွေညကို ကျိန်စာတိုက်သူရဲ့၊
စိတ်ကြိုက်သလို ခွာခွာနေပေါ့၊
မာယာတွေ အဆင်ခွဲကာ၊
ရင်ထဲမှာ ခြေရာမချန်နဲ့၊
ဝေဒနာဒဏ် အရိပ်ခွာချလို့၊
(အချစ်ရယ် …)
အိပ်ပါရစေလား...။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

No comments:

Post a Comment