Friday, April 8, 2016

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ဟန်မင်းဆက်၏ ဂူသင်္ချိုင်း တစ်ခုအား တူးဖော်တွေ့ရှိ

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ဟန်မင်းဆက်၏ ဂူသင်္ချိုင်း တစ်ခုအား တူးဖော်တွေ့ရှိ

နန်နင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ခန့် အရှေ့ ဟန်မင်းဆက် (25-220AD) မှ ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခု အား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင် များက ဧပြီလ ၇ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဂူသင်္ချိုင်းအား ကျုံးရှန်းခရိုင် ရှိ ဆောက်လုပ်ရေး အလုပ်သမား များက တွေ့ရှိခဲ့ခြင်း ကြောင်း ခရိုင်၏ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်း အမွေအနှစ်များရုံး အကြီးအကဲ ချန်းရှောင်လင် ကပြောကြားခဲ့သည်။
ရှေးဟောင်း သုတေသန ပညာရှင်များသည် ရွှံ့ဖြင့် ပြုလုပ်ထားသည့် ရေခရားများ၊ အိုးများ၊ ကြေး ပန်းကန်လုံးများ နှင့် အကြွေစေ့များကို ဂူသင်္ချိုင်း ထဲမှ တူးဖော် ရရှိခဲ့သည့်အပြင် အမျိုးသမီးတစ်ဦးမှ ပိုင်ဆိုင်သည်ဟု ယူဆ ရသည့် နားဆွဲများ၊ ကြေးဖြင့် ပြုလုပ်ထားသည့် ကြည့်မှန်တစ်ချပ်နှင့် ရစ်ဘီးများကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်း ဂူသင်္ချိုင်း သည် Siqinjiang မြစ်ဝှမ်းတွင် တည်ရှိပြီး သမိုင်းဝင် ပိုးလမ်းမကြီး ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း သိရသည်။
ဂူသင်္ချိုင်း အတွင်းမှ ရှာဖွေ တွေ့ရှိမှုများသည် ရေကြောင်း ပိုးလမ်းမကြီး ရှာဖွေ လေ့လာရေး အတွက် အရေးပါသည့် သက်သေ များကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း ချန်က ပြောကြားခဲ့သည်။  (Xinhua)

No comments:

Post a Comment