သွားနှင့် သွားရည်
သွားရည်သည် ၀မ်းမီး၏ အရှိန်ကြောင့် သွားမှထွက်ပေါ်လာသော စွမ်း
ရည်အရှိန်တစ်မျိုးဖြစ်ပါသည်။
ထိုသွားရည်သည် ခန္ဓာကိုယ်တွင် အကျိုးပြုဓာတ်တစ်မျိုးဖြစ်ပြီး
၎င်းနှင့်နီးစပ်သော လျှာရည်မဟုတ်သည်ကို သတိပြုရ
ပါမည်။
ထိုလျှာရည်၏ တံတွေးတို့သည် သွားရည်ကဲ့သို့ အကျိုးပြုဓာတ်တစ်
မျိုးမဟုတ်ဘဲ မလအညစ်အကြေးသာဖြစ်လေသည်။
လူသားတို့သည်လည်း
နှစ်လိုဖွယ်အာရုံ၊ နှစ်လိုဖွယ် အစားအသောက်၊ နှစ်လိုဖွယ်မဟုတ်သော ရွံ
ရှာဖွယ် အနိဋ္ဌာရုံကိုကား တံထွေးဖြင့် တုံ့ပြန်တတ်ကြလေသည်။
ထိုမျှထိ သွားးရည်နှင့် လျှာရည်တို့ ကွာခြားမှုကို ထူးထူးခြားခြား မှတ်သားသင့်ပေသည်။
" သွားရည်နှင့် ၀မ်းမီး "
လူ့ဘ၀၏အစ ပဋိသန္ဓေကာလကပင်လျှင် ရှိခဲ့သော ကမ္မဇတေဇော သည် ပါစကတေဇော (၀ါ)
ဝမ်းမီးဟူသောအမည်ဖြင့် လူ့ဘ၀ကြီးလည်း တည် ဆောက်ရလေသည်။
ထိုပါစကတေဇော၏စွမ်းရည်အရှိန်အဟုန်သည် ဥသ္မာ တေဇော (၀ါ)
ကိုယ်စောင့်ဓာတ်မီးဖြစ်သည်ဟုရှေး၌လည်း ပြခဲ့ပြီးဖြစ်သည်။
ထိုပါစကတေဇော (၀ါ)၀မ်းမီး၏စွမ်းရည်အရှိန်ကြောင့် ထပ်ဆင့်အနေဖြင့် သွားမှနေ၍
အရည်ဓာတ်တစ်မျိုး (၀ါ) သွားရည်သည် ဖြစ်ပေါ်လာရလေသည်။
ဝမ်းမီးသည်တောက်ပလာသောအခါ၌ စားလို သောက်လိုသောဆန္ဒသည် ဖြစ်ပေါ်လာရလေသည်။ ထိုအခါတွင်သွားရည်သည် စိမ့်ထွက်လာရလေသည်။
ထိုသွားရည်သည် ခံတွင်းတွင် သွားက အာဟာရကို
ကြိတ်စားရာ၌ လျင်မြန် စွာ ကြေညက်စေရန်လည်းကောင်း၊ စားနေစဉ်ပင်လျှင်
ထူးခြားသော ရသ၊ အာရုံကို ပေါ်လွင်စေရန်အတွက်လည်းကောင်း၊
ဦးစွာအကျိုးပြုရပါသည်။
နောက် အစာကိုမျိုချရာတွင် လွယ်ကူချောမောစေရန်လည်းကောင်း၊ အစာ ၀င်လမ်းတို့ကို
အနာတရမဖြစ်စေရန်လည်းကောင်း၊ လည်းချောင်းတွင်ရှိသော သလိပ်ဓာတ်နှင့်
ပူးပေါင်း၍ အကျိုးပြုလေသည်။
ထိုမှတစ်ဆင့် အစာသစ် အိမ်သို့ ရောက်သောအခါ၌
အာဟာရကို ၀မ်းမီးက ခြေချက်ရာတွင် လျင်မြန် စွာ ကြေညက်စေရန်အတွက်
အထောက်အကူပေးလေသည်။
ဥပမာ အားဖြင့် -ကြေခဲ၊ နူးခဲသော အာဟာရတို့ကို
ချက်ပြုတ်ရာတွင် သင်္ဘောသီး စသည်တို့ ကို ထည့်ချက်ခြင်းဖြင့် လျင်မြန်စွာ
ကြေညက်နူးနပ်စေရန်အတွက် အထောက်အကူ ပေးလေသည်။
ထိုသွားရည်သည် ၀မ်းမီး၏အရှိန်အဟုန် စွမ်းရည်ခုခံအားကြောင့်
ဖြစ်ပေါ်လာရသည့် အားလျော်စွာ သွားကို စိုပြည်တင့်တယ်စေမှု၊ သွားတွင်
အညစ်အကြေးတို့ ကင်းဝေးစေမှု၊ သွားတွင် ၀င်ရောက်လာမည့် ရောဂါတို့ ကို
ကာကွယ်မှု စသည်တို့ကို ဆောင်ရွက်ပြီး သွား၏ခုခံကာကွယ်မှုအနေဖြင့် လည်း
တည်နေပြန်လေသည်။
ခန္ဓာကိုယ်တွင် ခုခံအားမဲ့သောအခါ၌ အနာရောဂါတို့သည် အလွယ်တကူ
ဝင်ရောက်လာနိုင်သကဲ့သို့ သွားတွင် သွားရည်မရှိသောအခါ၌ သွား၏ အနာ
ရောဂါတို့သည် လွယ်ကူစွာ ၀င်ရောက်လာနိုင်ပေသည်။
သွား၊ လျှာ တို့မှတစ်ဆင့်ဝင်ရောက်လာမည်ဖြစ်သော အနာရောဂါတို့ကိုလည်း
ထိုသွားရည် ကပင်ခုခံတိုက်ဖျက်ပေးလေသည်။
ထင်ရှားသော သာဓကအနေဖြင့်ကား အလွန်စပ်သောအာဟာရကို
စားသောက်ပြီးသောအခါ သွားရည်သည် များ စွာထွက်လာပြီးလျှင် ထိုအစပ်အရသာကို
ပယ်ဖျက်ပေးလေသည်။
ထိုအခါ အစပ်အရသာသည် အစပ်၏ဆိုးကျိုးကို မပေးနိုင်တော့ဘဲ
ကောင်းကျိုးကိုသာ ပေးနိုင်လေတော့သည်။
ထို့ကြောင့် ယေဘုယျအားဖြင့် အစပ်စား၍ သွား ရည်၊ နှပ်ရည်၊ မျက်ရည်
စသည်တို့ထွက်သောသူသည်ကျန်းမာသူဖြစ်ပြီး၊ အစပ်စားပါလျက် စပ်မှန်းမသိ၊
သွားရည်၊နှာရည်လည်းမထွက်၊ ခန်းခြောက် သောသူသည်
မကျန်းမာသောသူဖြစ်သည်ဟုမှတ်ယူနိုင်ပေသည်။
မြွေကိုက် သောသူတွင် မြွေ၏အဆိပ်သည် သွေးတွင်ဝင်ရောက်လျှင်
သွေးတွင် ရှိသော ခုခံအားကို ပျက်စီးစေလေသည်။
ထိုအခါ ခုခံအားနှင့်ဆက်စပ်နေသော သွားရည်သည်လည်း ခန်းခြောက်သွားပြီး
ငရုတ်သီးကို စားသော်လည်းစပ် သောအရသာကို မသိတော့သဖြင့် ဆက်စပ်၍ မှတ်ယူနိုင်ပါသည်။
ထိုသာဓ ကဥပမာကိုကြည့်၍ သွား၏ အရာကျယ်ပုံ၊ သွား၏နှံ့နှံ့စပ်စပ် အကျိုးပြုပုံ
တို့ကို သိရှိနားလည်ပြီးလျှင် ထိုသွားနှင့် သွားရည်တို့ကို အသက်ထက်ဆုံး
တည်မြဲကောင်းမွန်နေစေရန်အတွက် ပြုပြင်စောင့်ရှောက်ကာကွယ်သင့်ပေ သည်ကို
သိနိုင်လောက်ပေသည်။
"ဗဟုသုတအဖြစ် သိပ္ပံခန္ဓာဗေဒ ကိုဖေါ်ပြခြင်း"
တံတွေးဂလင်း
*အဓိက
(၁) မေးရိုးအောက် Submaxillary Gland
(၂) လျှာအောက် Sublingual Gland
(၃) နား ရှေ့-အောက် Parotid Gland
*အကူ
(၁) ပါး Buccal (cheek)
(၂) အာခေါင် Palatine (palate)
(၃) နှုတ်ခမ်း Labial (lip)
(၄) လျှာ Lingual (tongue)
No comments:
Post a Comment