❀ ကိုယ့်ကိုယ်ကို အဖန်ဖန် အထပ်ထပ်ရှုပြီး ဆင်ခြင်သုံးသပ် ကြည့်လိုက်မယ်ဆိုလို့ရှိရင် တို့တစ်တွေဟာ မိနစ်တိုင်း မိနစ်တိုင်း အိုတဲ့ဘက်ကို ရောက်နေတာပါလား၊ မိနစ်ပိုင်းအတွင်း နာတဲ့ဘက်ကို ရောက်နေတာပါလား၊ လူတိုင်းလူတိုင်းဟာ ရပ်နေတာ မဟုတ်ဘူး၊ ဘယ်သွားနေတုန်းမေးရင် ဘယ်မှမသွားပါဘူး၊ အိမ်မှာနေတာပါလို့ လူတွေက ပြောကြတယ်၊ ဒါပေမယ့်လို့ သွားနေတာ၊ ရပ်နေတာ မဟုတ်ဘူးနော်။
❀ ဘယ်မှမသွားဘူး၊ ကိုယ့်အိမ်မှာပဲ ကိုယ်နေတယ်လို့ ပြောကြပေမယ့်လို့ အိမ်မှာနေရင်း သွားနေတာပဲ၊ လူ့ရဲ့ ခန္ဓာကိုယ်ကြီး ဘဝကြီးဟာ ever changing အမြဲတမ်း ပြောင်းလဲနေတာ။ အမြဲတမ်း သွားနေတာ၊ နောက်ဆုံးရောက်မယ့် မှတ်တိုင်ကြီးက ဘာလဲဆိုလို့ရှိရင် မရဏဆိုတဲ့ မှတ်တိုင်ပဲ။ အဲဒီရောက်သွားလို့ရှိရင် တစ်ဘဝပြီးကြပြန်ရော၊ တစ်ဘဝပြီးသွားတော့ အဆုံးသတ်သလားလို့ဆိုရင် အဆုံးမသတ်သေးဘူး။ ကုသိုလ်ကောင်းမှုလေးလုပ်ပြီး နောင်ဘဝကျတော့ ဒီ့ထက်ကောင်းတဲ့ဘဝ ရောက်ပါရစေဘုရား ဆိုတော့ လာပြန်ပေါ့ တစ်ကျော့၊ ဟုတ်ကြရဲ့လား။
❀ ထာဝရ ရှိနေမှုကို တွယ်တာနေတဲ့ ဘဝတဏှာ ရှိနေသမျှ အဲဒီတဏှာက ဆွဲခေါ်သွားတာ။ ဒါကြောင့် ဒီ့်ထက်ကောင်းတဲ့ ဘဝလေးကို မျှော်ပြန်တယ်ဆိုတာ လူ့သဘာဝကို သေချာစဉ်းစားကြည့်ရင် သိနိုင်တယ်နော်။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ ဓမ္မအသိဉာဏ်၊ ရင့်သန်တိုးပွား၊ အကျိုးများနိုင်ကြပါစေ။
No comments:
Post a Comment