" တေးထပ်ဘွဲ့ "
တေးရိုးပေါ် ရေးစပ်သမို့၊
တေးထပ်လို့ မည်ခေါ်၊
တွေးအပ်ဖို့ နရီတော်ကို၊
အမှီနော် လိုက်စား။
ဖွဲ့ဆိုသ လူတရာမှာ၊
ချူချာကာ ရောဂါသည်များ....။
ဧကန်က နယလာသည်၊
အစမှာ ချီငြား၊
အချမှာ အီမထားပါနဲ့၊
ဒီအမှား သိစေ....။
ချတခါ ချီတလှည့်ပာမှ၊
ပီမကွဲ့ တေးထပ်အနေ...။
တလုံးချိတ် သာမညေ၊
နှစ်ဖြာဒွေ မှတ်စွဲ၊
ဖတ်မလွဲ အရိုးခံ၊
သုံးချက်ညီကျန်...။
တေးထပ်သို့ အရေးကြံလျှင်၊
တေးသဏ္ဍာန် ကျက်ပါတော့လေး.....။
ရွှေလုံမြေ
ဂရု သံ ၁၈ပါး အလွယ်မှတ်နည်း
"ဟိုမှာ... လူကုံထံတွေ ယှဉ်ထိုင်ကုန်ပြီ
ခင်မောင်စည်ရယ်...
အိမ်ပြန်နော်....တိန်"😜😁😁
ကျန်တာ လဟုသံ ၄၆ ပါးလို့မှတ်ပါ။
လွယ်ကူရှင်းလင်းစွာ မြင်နိုင်ရန်
ဆရာမောင်မိုးပွင့်(ရေကြည်) ရဲ့ ဂရုလဟုပြဇယားကို
သုံးထားပါသည်။
No comments:
Post a Comment