မူလအစီအစဉ်အတိုင်း တိုင်းသံဃာ့မဟာနာယကရုံးကို ဦးဝီရသူ ကြွွမယ်
မန္တလေး မေ - ၃၀ -၂၀၁၉
နေလင်း (VOM)
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူနဲ့ ဒီနေ့ မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီမှာ VOM အဆက်အသွယ်ရခဲ့ပါတယ်။ နောက်ဆုံးအခြေအနေကို လျှောက်ထားကြည့်တော့
VOM။ ။ ဆရာတော် အခုဘယ်ရောက်နေလဲ ဘုရား။
ဦး၀ီရသူ။ ။ဦးဇင်းအခုရန်ကုန်တိုင်း သံဃာ့မဟာနာယကရုံးကို ကြွဖို့စီစဉ်နေပါတယ်။
VOM။ ။သံဃာ့မဟာနာယကနဲ့တွေ့ဖို့ အစီအစဉ်က ဆိုင်းငံ့တယ်ဆိုတော့ ဘယ်လိုဖြစ်မလဲဘုရား။
ဦး၀ီရသူ။ ။အဲဒီစာက အစစ်လားမသိဘူး၊ကျောင်းကိုလည်း လာမပို့ဘူး။ လိုင်းပေါ်မှာပဲတွေ့တယ်။ တချို့ကလည်းအတုကြီးလို့ပြောတော့ ကျုပ်တို့ဘယ်လိုဆက်လုပ်ရမလဲ မသိဘူး။
VOM။ ။သာသနာရေးဝန်ကြီးဌာနကို တပည့်တော်တို့စုံစမ်းကြည့်တော့ အစစ်လို့သိရပါတယ်ဘုရား။ အဲဒီတော့ဘယ်လိုလုပ်မလဲဘုရား။
ဦး၀ီရသူ။ ။ဦးဇင်းကတော့ တိုင်းသံဃာ့မဟာနာယက ကဆင့်ခေါ်လို့လာတာပေါ့နော်။ ဆရာတော်ကြီးတွေက ဓမ္မစက်နဲ့ သြဝါဒပေးမယ်၊ ဆုံးမမယ်။ ကျုပ်ကလည်း သြဝါဒခံယူဖို့ရောက်လာတာပေါ့။
VOM။ ။မနေ့ကလည်းဆရာတော်ကျောင်းကို ထွေအုပ်နဲ့ရဲနဲ့လာပြီး ဝရမ်းအတည်ပြုတယ်လို့သိရပါတယ်။ အဲဒီကိစ္စဆရာတော်ဆီကို အကြောင်းကြားတာရှိလား။
ဦး၀ီရသူ။ ။ဦးဇင်းဆီတော့ အကြောင်းကြားတာမရှိဘူး။ ဦးဇင်းကအားလုံးနဲ့ အဆက်အသွယ်ဖြတ်ထားတာဆိုတော့။
VOM။ ။ဆရာတော်ကို ဝန်းရံတဲ့သူတွေ၊ အမျိုးသားရေးဝါဒီတွေက ရွှေတိဂုံနားမှာလူစုနေတယ်ဆိုတော့ ဆူဆူပူပူဖြစ်လာရင် ဆရာတော် ဘယ်လိုထိန်းမလဲ။
ဦး၀ီရသူ။ ။အဲဒါကတော့ နှစ်ချက်ရှိတာပေါ့။ ပထမတချက်က တိုင်းသံဃာ့နာယကရုံးကိုရောက်လို့ ဆရာတော်တွေ သြဝါဒပေးပြီးတဲ့အခါမှာ သူတို့က ၁၂၄ ကပ်ပြီး သင်္ကန်းချွတ်ဖို့ခွင့်တောင်းရင် ဦးဇင်းက မေတ္တာရပ်ခံချင်တာပေါ့၊ ပရိတ်သတ်အများရှေ့မှာ ချွတ်ရင်ရုတ်ရုတ် သဲသဲဖြစ်သွားမယ်။ အဲဒါကြောင့် ကျုပ်ကိုယ်တိုင် လာပြီးတော့ အဖမ်းခံပါ့မယ်။ ပရိတ်သတ်ရှေ့မှာတော့ မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံချင်တာပေ့ါ။ဒါကတချက်ပေါ့။ နောက်တချက်က တိုင်းသံဃာ့နာယကကြီးတွေက သြဝါဒခံဖို့လုပ်နေတာကို ဖမ်းဖိို့ဆီးဖို့လုပ်ရင် တိုင်းသံဃာ့နာယကရုံးမှာ ဖမ်းဖို့ဆင့်ခေါ်သလိုဖြစ်တဲ့အတွက် ဆရာတော်ကြီးတွေက နိုင်ငံရေး အသုံးချခံဘဝမျိုးရောက်သွားမှာလေ။ အဲလိုဆိုရင် ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေ၊ အုပ်ချုပ်ရေးဆရာတော်ကြီးတွေကို သံဃာထုက အထင်အမြင်လွဲမှားသွားနိုင်တယ်။ အဲလိုမျိုးမဖြစ်အောင်ခင်ဗျားတို့သတ်မှတ်တဲ့နေရာ သတ်မှတ်တဲ့အချိန်ကို ကျုပ်မရောက်ရောက်အောင် လာခဲ့ပါ့မယ်။ အဲဒါတွေကို ခင်ဗျားတို့ယုံကြည်ပါလို့ ဆရာတော်ကြီးတွေရှေ့မှာပြောဖို့ စိတ်ကူးထားတာပေါ့ဗျာ။ ဒါပေမယ့် အဲဒီပွဲက ပျက်သွားတော့ ကျုပ်စိတ်ကူးထားသလို ဖြစ်ချင်မှဖြစ်မှာပေါ့။
VOM။ ။သံဃာ့နာယက ကဆရာတော်ကို ဆိုင်းင့့ံတဲ့အကြောင်း ဆရာတော်ကို အကြောင်းမကြားသေးဘူးဆိုတော့ မူလအစီအစဉ်အတိုင်းဆက်လုပ်မှာလား၊ ဘယ်လိုစဉ်းစားထားလဲ ဘုရား။
ဦး၀ီရသူ။ ။ဆင့်ခေါ်တုန်းက တိုင်းသံဃာ့နာယကကဆင့်ခေါ်တယ်။ ပိတ်တော့ မဟနက ပိတ်တယ်ဆိုတော့ ဘယ်လိုနားလည်ရမှန််းမသိတော့ဘူး
VOM။ ။ဒါဆို မူလအစီအစဉ်အတိုင်း ဆရာတော်က ၂နာရီထိုးကို ကြွမလားဘုရား။
ဦး၀ီရသူ။ ။ဟုတ်ပါတယ်၊ ကျုပ်က သူတို့ခေါ်တဲ့အတိုင်း သွားဖို့စီစဉ်နေတာပါ။
VOM။ ။အဲဒီနားမှာ တချို့လူစုနေတဲ့ ဆရာတော် ပရိတ်သတ်ကိုရော ဘာမိန့်ချင်လဲဘုရား။
ဦး၀ီရသူ။ ။အမျိုးဘာသာ သာသနာအတွက် မကြောက်ရွံ့တမ််း နောက်မတွန့်တမ်းဆောင်ရွက်ကြပါ။ ဦးဇင်းဝီရသူ ဘယ်သောအခါမှ ခေါင်းမရှောင်ပါဘူးလို့ မိန့်ချင်ပါတယ်။
#voiceofmyanmar #ဦးဝီရသူ
No comments:
Post a Comment