Tuesday, May 28, 2019

သာသနာေတာ္၏ ခမည္ေတာ္အသံ (သို႔မဟုတ္) "ဝီရသူ  ငါ့ရဲေဘာ္" ဟူေသာ က်ဴးရင့္သံ (သို႔မဟုတ္) သံဃပိတာျဖစ္ေတာ္မူေသာ သီတဂူဆရာေတာ္၏ ရဲရဲေတာက္ မိန္႔ႁမြတ္သံ

သာသနာေတာ္၏ ခမည္ေတာ္အသံ
(သို႔မဟုတ္)
"ဝီရသူ  ငါ့ရဲေဘာ္" ဟူေသာ က်ဴးရင့္သံ
(သို႔မဟုတ္)
သံဃပိတာျဖစ္ေတာ္မူေသာ သီတဂူဆရာေတာ္၏ ရဲရဲေတာက္ မိန္႔ႁမြတ္သံ
*****

သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ  ဉာဏိႆရ တြဲဘက္ ေရႊက်င္သာသနာပိုင္ဆရာေတာ္ႀကီးက မႏၲေလး၊ မစိုးရိမ္တိုက္သစ္မွ ဘဒၵႏၲ ဝိစိတၱာဘိဝံသ(ဦးဝီရသူ-မစိုးရိမ္)ကို ငါ့ရဲေဘာ္ ဟု  ေမလ ၂၇ ရက္ေန႔တြင္ မိန္႔ၾကားေတာ္မူခဲ့ေသာ စကားေတာ္

မစိုးရိမ္တိုက္သစ္၊ ငါးထပ္ေက်ာင္းေဆာင္သစ္ ဖြင့္ပြဲ အျဖစ္ တရားပြဲကို ေမလ ၂၇ ရက္ေန႔ ညပိုင္း ေဟာေျပာၿပီးေနာက္ အျပန္ ကားေပၚတက္စဥ္ သီတဂူဆရာေတာ္က ထိုသို႔ မိန္႔ၾကားခဲ့ျခင္းျဖစ္သည္။

"ဝီရသူ ဘယ္ေရာက္သြားလဲ။ ေစာေစာက လာတယ္ကြ။ ငါ့ရဲေဘာ္" ဟု သီတဂူဆရာေတာ္ ေဒါက္တာအရွင္ဉာဏိသရက ေျပာဆိုသည္။ .

ဦးဝီရသူကို သာသနာေရး၀န္ႀကီးဌာနက ၎၏ ေဟာေျပာမႈမ်ားႏွင့္ပတ္သက္ၿပီး အေရးယူရန္ စီစဥ္လ်က္ရွိေၾကာင္း ၀န္ႀကီးဌာန တာ၀န္ရွိသူမ်ားက မီဒီယာမ်ားသို႔ ထုတ္ေဖာ္ေျပာဆိုထားသည္။

ဘဒၵႏၲ ဝိစိတၱာဘိဝံသ(ဦးဝီရသူ-မစိုးရိမ္)၏ ေဟာေျပာမႈကို ျပည္တြင္း အခ်ဳိ႕ႏိုင္ငံေရးသမားႏွင့္ ပါတီမီဒီယာအခ်ဳိ႕က ေ၀ဖန္မႈမ်ား ျပဳလုပ္ေနၾကသည္။
ဆရာေတာ္ ဦးဝီရသူ-မစိုးရိမ္ကလည္း ထိုျပည္တြင္း ႏိုင္ငံေရးသမားအခ်ဳိ႕ႏွင့္ ပါတီမီဒီယာအခ်ဳိ႕ကို ျပင္းျပင္ထန္ထန္ တုန္႔ျပန္ေဟာေျပာေလ့႐ွိသည္။

သီတဂူဆရာေတာ္ဘုရားႀကီးကမူ အစိုးရဆရာေတာ္မ်ား ပါတီဆရာေတာ္မ်ားလို အစိုးရအႀကိဳက္ ေဟာေျပာေထာက္ခံေလ့မ႐ွိ အျမဲတမ္း ေခတ္အဆက္ဆက္ အစိုးရအဖြဲ႔၏ ျပဳျပင္ေရး လမ္းစဥ္မ်ားကို ေထာက္ျပ ႐ႈတ္ခ် ေဟာေျပာလ်က္ ႐ွိခဲ့သည္။
ယခုလည္း သာသနာခ်စ္စိတ္ျဖင့္ မစိုးရိမ္တိုက္သစ္ နာယက ဆရာေတာ္ ဘဒၵႏၲ ဝိစိတၱာဘိဝံသ(ဦးဝီရသူ-မစိုးရိမ္)ကို သာသနာအတြက္ အားကိုးတႀကီး အေလးထားကာ အေလးတယူ ဆက္ဆံလ်က္႐ွိသည္။

"ဝီရသူ ဘယ္ေရာက္သြားလဲ။ ေစာေစာက လာတယ္ကြ။ ငါ့ရဲေဘာ္" ဟူေသာ မိန္႔ဆိုခ်က္ျဖင့္ အမ်ဳိးဘာသာ သာသနာ့ခ်စ္စိတ္ပို ထုတ္ေဖာ္ႁမြတ္ၾကားေတာ္မူသျဖင့္ "ဝီရသူ  ငါ့ရဲေဘာ္" ဟူစကားသည္ ပါတီႏိုင္ငံေရးသမား အာဏာ႐ွင္တို႔အတြက္ မႏွစ္သက္ဖြယ္ျဖစ္ေသာ္လည္း သာသနာေတာ္အတြက္ ေမာ္ကြန္းတည္ခဲ့ေလသည္။

တကၠသိုလ္စာသင္သား

သာသနာတော်၏ ခမည်တော်အသံ
(သို့မဟုတ်)
"ဝီရသူ  ငါ့ရဲဘော်" ဟူသော ကျူးရင့်သံ
(သို့မဟုတ်)
သံဃပိတာဖြစ်တော်မူသော သီတဂူဆရာတော်၏ ရဲရဲတောက် မိန့်မြွတ်သံ
*****

သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ  ဉာဏိဿရ တွဲဘက် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးက မန္တလေး၊ မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ(ဦးဝီရသူ-မစိုးရိမ်)ကို ငါ့ရဲဘော် ဟု  မေလ ၂၇ ရက်နေ့တွင် မိန့်ကြားတော်မူခဲ့သော စကားတော်

မစိုးရိမ်တိုက်သစ်၊ ငါးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲ အဖြစ် တရားပွဲကို မေလ ၂၇ ရက်နေ့ ညပိုင်း ဟောပြောပြီးနောက် အပြန် ကားပေါ်တက်စဉ် သီတဂူဆရာတော်က ထိုသို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

"ဝီရသူ ဘယ်ရောက်သွားလဲ။ စောစောက လာတယ်ကွ။ ငါ့ရဲဘော်" ဟု သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိသရက ပြောဆိုသည်။ .

ဦးဝီရသူကို သာသနာရေးဝန်ကြီးဌာနက ၎င်း၏ ဟောပြောမှုများနှင့်ပတ်သက်ပြီး အရေးယူရန် စီစဉ်လျက်ရှိကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူများက မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။

ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ(ဦးဝီရသူ-မစိုးရိမ်)၏ ဟောပြောမှုကို ပြည်တွင်း အချို့နိုင်ငံရေးသမားနှင့် ပါတီမီဒီယာအချို့က ဝေဖန်မှုများ ပြုလုပ်နေကြသည်။
ဆရာတော် ဦးဝီရသူ-မစိုးရိမ်ကလည်း ထိုပြည်တွင်း နိုင်ငံရေးသမားအချို့နှင့် ပါတီမီဒီယာအချို့ကို ပြင်းပြင်ထန်ထန် တုန့်ပြန်ဟောပြောလေ့ရှိသည်။

သီတဂူဆရာတော်ဘုရားကြီးကမူ အစိုးရဆရာတော်များ ပါတီဆရာတော်များလို အစိုးရအကြိုက် ဟောပြောထောက်ခံလေ့မရှိ အမြဲတမ်း ခေတ်အဆက်ဆက် အစိုးရအဖွဲ့၏ ပြုပြင်ရေး လမ်းစဉ်များကို ထောက်ပြ ရှုတ်ချ ဟောပြောလျက် ရှိခဲ့သည်။
ယခုလည်း သာသနာချစ်စိတ်ဖြင့် မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ(ဦးဝီရသူ-မစိုးရိမ်)ကို သာသနာအတွက် အားကိုးတကြီး အလေးထားကာ အလေးတယူ ဆက်ဆံလျက်ရှိသည်။

"ဝီရသူ ဘယ်ရောက်သွားလဲ။ စောစောက လာတယ်ကွ။ ငါ့ရဲဘော်" ဟူသော မိန့်ဆိုချက်ဖြင့် အမျိုးဘာသာ သာသနာ့ချစ်စိတ်ပို ထုတ်ဖော်မြွတ်ကြားတော်မူသဖြင့် "ဝီရသူ  ငါ့ရဲဘော်" ဟူစကားသည် ပါတီနိုင်ငံရေးသမား အာဏာရှင်တို့အတွက် မနှစ်သက်ဖွယ်ဖြစ်သော်လည်း သာသနာတော်အတွက် မော်ကွန်းတည်ခဲ့လေသည်။

တက္ကသိုလ်စာသင်သား

No comments:

Post a Comment