Monday, August 27, 2018
ဝိသာခါ၏ ဥဒါန်း (၅)ပုဒ်
ဝိသာခါ၏ ဥဒါန်း (၅)ပုဒ်
============ (ရှစ်လုံးဖွဲ့)
အရံပြာသာဒ်  မြင့်မြတ်ဘုံဆောင်
ကျောင်းတော်ရှုမခန်း ဖန်ဆန်းတည်ထောင်
လှူချင်လွန်းလှ စိတ်ကကြံဆောင်
ဤယနေ့ လက်တွေ့ဒါနအောင်။
ကျောင်းတော်အတွင်း အခင်းစုံစွာ
အင်းပျဉ်ညောင်စောင်း တည်ကျောင်းဘဏ္ဍာ
လှူချင်လွန်းလှ စိတ်ကကြံတာ
ဤယနေ့ လက်တွေ့လှူရပါ။
မွှေးကြိုင်ပျံ့သင်း ရနံ့ဟင်းစုံစုံ
သားမျိုးနှင့်ပြွမ်း ရွှေဆွမ်းဖုံဖုံ
လှူချင်လွန်းလှ တမ်းတအာရုံ
ဤယနေ့ လက်တွေ့ဒါနဟုန်။
ကာသိခေါမ ချောလှပိုးချည်
ရက်လုပ်သင်္ကန်း အဆန်းအထည်
လှူချင်လွန်းလှ စိတ်ကကြံစည်
ဤယနေ့ လက်တွေ့လှူရသည်။
ထောပတ်ဆီဥ မဓုပျားရည်
တင်လဲဆေးမြတ် ငါးရပ်စုံညီ
လှူချင်လွန်းလှ စိတ်ကကြံစည်
ဤယနေ့ လက်တွေ့လှူရသည်။    ။
ဓံ-ဋ္ဌ / ပ / ၂၆၂-၃
(၁၉၇၉ ခု ရေးကူးသော မှတ်စုစာအုပ်မှ)
====================
မဟာနန်
၂၇ ၈ ၂၀၁၈
၁၀:၄၈ ပီအမ်
Friday, August 24, 2018
ဆဋ္ဌမူ၏ သီဟိုဠ်နှင့် နားလည်မှု ယူပုံ
#ဆဋ္ဌမူ၏ သီဟိုဠ်နှင့် နားလည်မှု ယူပုံ#
@@@@@@@@@@@@@@@
#ဆဋ္ဌမူကို တည်းဖြတ်သည့်အခါ အစုအဖွဲ့အလိုက်
အခြားမူများနှင့် တည်းဖြတ်ခဲ့စဉ် အချို့နေရာများတွင်
သူ့ဘက် ကိုယ့်ဘက် အလျော့မပေးပဲ သဘောတူမှု
မရခဲ့သည့် နေရာများရှိသကဲ့သို့ သီဟိုဠ်ကို နားလည်မှု ပေးကာ
လိုက်လံ ဆုံးဖြတ်ခဲ့သည့် နေရာများလည်း ရှိခဲ့သည်ကို
ငြင်းဆန်လို့ ရမည် မထင်ပါချေ။
#မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ သြပမ္မ၀ဂ်၊ ကကစူပမသုတ်၊ ပိုဒ်ရေ (၂၂၆) လာ အချို့နေရာများမှာ သီဟိုဠ်ပေမူလိုက်ကာ တည်းဖြတ်ခဲ့သည်ကို အမှတ်မထင်တွေ့ရပါသည်။ သို့အတွက် ဗဟုသုတ ရစေရန် ရှယ်လိုက်သည်။
#ဒုတိယ ပုံတွင် မော (mo) ဟု ဝေါ (vo) အစားတွေ့ရမည်ဖြစ်သည်။
#သီဟိုဠ်အက္ခရာ ၀ နှင့် မ မှာ ပေမူတွင် ရေးသည့်အခါ အတော် ဆင်တူသည့် Scribble Confusion Letter (လက်ရေးသော့ ရေးသဖြင့် မှားယွင်းစွာ ကူးမိသည့် အက္ခရာ) ဟု သတ်မှတ်ရသည်။
#မေတ္တာဖြင့်
#အောင်ခန့် (န.ပ.သ) မန်း
Wednesday, August 22, 2018
အကောင်များ
မိဂန္တရ မိဿက
( Wildlife and etc, Group )
၁ ။ ကေသရီ - ခြင်္သေ့ ။( သတိ- ပုလ္လိင်)
၂ ။ တရစ္ဆ -  သစ်ကျုတ် ။
၃ ။ ပုဏ္ဍရီက - ကျား ။
၎ ။ သဒ္ဒူလ - သစ် ။
၅ ။ ဣက္က - ဝက်ဝံ ။
၆ ။ ဣသ - ဝက်ဝံနက် ။
၇ ။ ရောဟိသ- သမင်ဖား။
၈ ။ ဂေါကဏ္ဏ - စိုင် ။
၉ ။ ခဂ္ဂ - ကြ့ံ ။
၁၀။ ပ္လဝင်္ဂမ - မျောက် ။
၁၁ ။ ဂေါနင်္ဂုလ - မျောက်ညို ။
၁၂ ။ ကောတ္ထု - မြေခွေး ။
၁၃ ။ ဗဗ္ဗု - ကြောင် ။
၁၄ ။ ကောက- ဝံပလွေ ။
၁၅ ။ လုလာယ - ကျွဲ ။
၁၆ ။ ဂဝဇ - နွားနောက် ။
၁၇ ။ သလ္လ- ဖြူ ။
၁၈ ။ အဇိနယောနိ - သမင် ။
၁၉ ။ ဝရာဟ- ဝက် ။
၂၀ ။ ပေလက- ယုန် ။
၂၁ ။ ဧဏီမိဂ - တောဆိတ်နက် ။
၂၂ ။ ပမ္ပဋက- မျောက်လှောင် ။
၂၃ ။ စလနီ- သမင်ပျံ ။
၂၄ ။ ဥန္ဒုရ - ကြွက် ။
၂၅ ။ စမရော- စာမရီ ။
၂၆ ။ ပသဝေါ- သမင်ပြောက် ။
၂၇ ။ ကုရုင်္ဂ - ဒရယ် ။
၂၈ ။ မိဂမာတုကာ- ဆတ် ။
၂၉ ။ ရုရု- ပြောင် ။
၃၀ ။ ရင်္ကု - သမင်ဆီးဆောက် ။
၃၁ ။ နီက - ချိုများသော သမင် ။
၃၂ ။ မက္ကဋက- ပင့်ကူ ။
၃၃ ။ ဝိစ္ဆိက- ကင်းမြီးကောက် ။
၃၄ ။ သရဗူ - အိမ်မြှောင် ။
၃၅ ။ အာကုဏ္ဍ- ဖွတ် ။
၃၆ ။ ကဏ္ဏဇလူကာ - ကင်းခြေများ ။
၃၇ ။ ကလန္ဒက- ရှဥ့် ။
၃၈ ။ မင်္ဂုသ- မြွေပါ ။
၃၉ ။ သရဋ - ပုတ်သင် ။
၄၀ ။ ပုဠဝ - ပိုးသေး ။
၄၁ ။ ဥစ္စာလိင်္ဂ- ခူ ။
၄၂ ။ အဇဂရ -စပါးကြီးမြွေ။
၄၃ ။ ဂေါနသ - စပါးအုံးမြွေ ။
၄၄ ။ ဋေဋ္ဋုဘ - ရေမြွေ ။
၄၅ ။ ဓမ္မနီ- လင်းမြွေ ။
၄၆ ။ သိလာဘု- မြွေစိမ်း ။
၄၇ ။ ဒွိဇိဝှ - မြွေ ။
၄၈ ။ ကုမ္ဘီလ - မိကျောင်း ။
၄၉ ။ ကုမ္မ- လိပ် ။
၅၀ ။ ကက္ကဋက- ပုဇွန်လုံး ။
၅၁ ။ ဇလူကာ- မြှော့ ။
၅၂ ။ မဏ္ဍူက- ဖား ။
၅၃ ။ ဂဏ္ဍုပ္ပါဒ- တီကောင် ။
၅၄ ။ သိပ္ပီ- ယောက်သွား ။
၅၅ ။ သင်္ခ- ခရုသင်းကြီး ။
၅၆ ။ ခုဒ္ဒသင်္ခ - ခရုသင်းငယ် ။
၅၇ ။ ဝိဟင်္ဂ - ငှက် ။
၅၈ ။ ဝဋ္ဋကာ - ငုံး ။
၅၉ ။ ဇီဝဉ္ဇီဝ- ဇီဝဇိုး ။
၆၀ ။ စကောရ - စင်ရော် ။
၆၁ ။ တိတ္တိရာ- ခါ ။
၆၂ ။ သာဠိကာ- သာဠိကာ ။
၆၃ ။ ကရဝီက- ကရဝိတ် ။
၆၄ ။ ရဝိဟံသ- ဝမ်းဘဲ ။
၆၅ ။ ကုကုတ္ထက- ဘုတ် ။
၆၆ ။ ကာရဏ္ဍဝ- စစ်စလီ ။
၆၇ ။ ပိလဝ- ငှက်ဘီလူး ။
၆၈ ။ ပေါက္ခရသာတက-      သင်္ကန်းဖွတ်ငှက် ။
၆၉ ။ သုပဏ္ဏ - ဂဠုန် ။
၇၀ ။ ပရပုဋ္ဌ - ဥသြ ။
၇၁ ။ နီလဂီဝ - ဥဒေါင်း ။
၇၂ ။ ဆပ္ပဒ - ပိတုန်း ။
၇၃ ။ ပါရာဝတ - ခို ။
၇၄ ။ ဂိဇ္ဈ- လင်းတ ။
၇၅ ။ ဗျဂ္ဃိနသ - လင်းယုန် ။
၇၆ ။ သကုဏဂ္ဃိ - သိမ်း ။
၇၇ ။ အာဋ - စွန် ။
၇၈ ။ ဒဗ္ဗိမုခ - ချိုးသိမ်း ။
၇၉ ။ ဥဟုင်္ကာရ - ဇီးကွက်၊ ဒီးတုတ်၊ ခင်ပုပ် ။
၈၀ ။ ဗလိပုဋ္ဌ - ကျီး ။
၈၁ ။ ကာကောလ - တောကျီး ။
၈၂ ။ လဋုကိကာ - ဗီလုံး ။
၈၃ ။ ဟတ္ထိသောဏ္ဍဝိဟင်္ဂမ - ငှက်ဆင် ။
၈၄ ။ ကုရရ - ဝန်လို ။
၈၅ ။ ကုက္ကုဟ - ရေကြက် ။
၈၆ ။ သုဝ - ကြက်တူရွေး ။
၈၇ ။ တမ္ဗစူဠ - ကြက် ။
၈၈ ။ နိဇ္ဇိဝှ - တောကြက် ။
၈၉ ။ ကုန္တနီ - ကြိုးကြာ ။
၉၀ ။ စက္ကဝှ - စက္ကဝတ် ငှက် ။
၉၁ ။ သာရင်္ဂ - ပျံလွှား ငှက် ။
၉၂ ။ တုလိယ - ရှူးပျံ ။
၉၃ ။ သတပတ္တ - ခေါက်ရှာ ငှက် ။
၉၄ ။ ဗက - ဗျိုင်းဖြူ ။
၉၅ ။ ဗလာကာ - ဗျိုင်းအောက် ။
၉၆ ။ လောဟပိဋ္ဌ-သင်တိုင်းဝတ် ငှက်။
၉၇ ။ ခဉ္ဇရီဋ - သပိတ်လွယ်ငှက် ။
၉၈ ။ ကလဝင်္က - အိမ်စာငှက် ။
၉၉ ။ ဒိန္ဒိဘ - တစ်တီတူး ။
၁၀၀။ ကာဒမ္ဗ - ဝမ်းဘဲ ။
၁၀၁။ သကုန္တ - ငှက်တော် ။
၁၀၂။ ဓူမျာဋ - လင်းမြီးဆွဲ ။
၁၀၃။ ဒါတျူဟ - တင်ကျီး ။
၁၀၄။ မက္ခိကာ - ယင်ကောင် ။
၁၀၅။ ဍံသ - မှက် ။
၁၀၆။ အာသာဋိကာ - ယင်ဥ ။
၁၀၇။ ပတင်္ဂ - နှံကောင် ။
၁၀၈။ ခုဒ္ဒ - ပျားကောင် ။
၁၀၉။ သူစိမုခ - ခြင် ။
၂၀၀။ ဈလ္လိကာ - ပုရစ် ။
၂၀၁။ ဇတုကာ - လင်းနို့  ။
၂၀၂။ သေတစ္ဆဒ - ငန်းဝမ်းဘဲ ။
၂၀၃။ သုနခ - ခွေး ။
၂၀၄။ ဆဂလက - ဆိတ် ။
၂၀၅။ သြဋ္ဌ - ကုလားအုတ် ။
၂၀၆။ ဂဒြဘ - မြည်း ။
၂၀၇။ ဥရဗ္ဘ - သိုး ။
၂၀၈။ ဥရဏီ - သိုးမ ။
၂၀၉။ အဇီ - ဆိတ်မ ။
၂၁၀။ မာတင်္ဂ - ဆင် ။
၂၁၁။ ဟတ္ထိနီ - ဆင်မ ။
၂၁၂။ ကလဘ - ဆင်ကလေး ။
၂၁၃။ တုရင်္ဂ - မြင်း ။
၂၁၄။ အဿတရ - လား ။
၂၁၅။ အဿတရီ - လားမ
Tuesday, August 21, 2018
ပါဠိစကား​ပြော(Pãli Speaking) ´
`ပါဠိစကား​ပြော(Pãli Speaking) ´
ကထံ တွံ ဇာနာသိ?
မင်း ဘယ်​လို သိတာလဲ။
ကထံ တွံ က​ရောသိ?
မင်း ဘယ်​လို လုပ်​တာလဲ။
ကထံ တွံ ဝဒသိ?
မင်း ဘယ်​လို ​ပြောတာလဲ။
ကထံ တွံ ပ​က္ကောသသိ?
မင်း ဘယ်​လို ​ခေါ်တာလဲ။
ကထံ တွံ မမာယသိ?
မင်း ဘယ်​လို ချစ်​တာလဲ။
ကထံ တွံ ဒွါရံ ထ​ကေသိ?
မင်း ဘယ်​လို တံခါး ပိတ်​တာလဲ။
ကထံ တွံ သယ​နေ သယသိ?
မင်း ဘယ်​လို အိပ်​တာလဲ။
တက္ကသိုလ်​ ရဟန်းပျို
ပါဠိစကား​ပြော(Pãli Speaking) ´
` ပါဠိစကား​ပြော(Pãli Speaking) ´
နာဟံ တယာ ဝိ​ယောဂံ သဟ​န္တော ဝသိတုံ
သ​က္ကောမိ။
မင်းနဲ့ ခွဲပြီး ငါ မ​နေနိုင်​ဘူး။
န ​ခေါ တွံ မယာ ဝိ​ယောဂံ သဟ​န္တော ဝသိတုံ
သ​က္ကောသိ။
ငါနဲ့ ခွဲပြီး မင်း မ​နေနိုင်​ပါဘူး။
နာဟံ မာတာပိတူဟိ ဝိ​ယောဂံ သဟ​န္တော
ဝသိတုံ သ​က္ကောမိ။
မိဘ​တွေနဲ့ ခွဲပြီး မ​နေနိုင်​ဘူး။
နာဟံ အာစရိ​ယေန ဝိ​ယောဂံ သဟ​န္တော ဝသိတုံ သ​က္ကောမိ။
ဆရာနဲ့ ခွဲပြီး မ​နေနိုင်​ဘူး။
နာဟံ ပိယာယ ဝိ​ယောဂံ သဟ​န္တော ဝသိတုံ
သ​က္ကောမိ။
အချစ်​နဲ့ ခွဲပြီး ကိုယ်​ မ​နေနိုင်​ပါဘူး။
နာဟံ သဟာယ​ကေန ဝိ​ယောဂံ သဟ​န္တော
ဝသိတုံ သ​က္ကောမိ။
သူငယ်​ချင်းနဲ့ ခွဲပြီး မ​နေနိုင်​ပါဘူး။
မှတ်​ချက်​။ ။ မိန်းက​လေးဆို သဟ​န္တောအစား
သဟန္တီ ဟု ​ပြောင်းသုံးပါ။
တက္ကသိုလ်​ ရဟန်းပျို
ဘုရားရှိခိုး ပါဠိတေးထပ်
***ဘုရားရှိခိုး ပါဠိတေးထပ်***
ဗုဓံသံ ရတနာတယ၊
    ဂါရဝ ကာရီ၊
ပဏာမ လာဘီ၊
    ထာဝရီ သိင်္ဃော။
သဗ္ဗေတော ပရိပုဏ္ဏေ၊
    တိသုန္ဒရေ နိစ္စဇာတော။   ။
ဘယသမူဟ အနိဋ္ဌေ၊
    ပဋိက္ခေ ကာရော၊
ဝိပ္ပယေ အဘာဝေါဝ၊
     မနာပေါ စန္ဒံ။
ပုဏ္ဏာမီ သမယောဣဝ၊
     ဇောတိတ ဇဝပဘံ။   ။
ဣန္ဒြိယ နိစလံ၊
     ဝိမလံ သုဒ္ဓေါစ၊
မုတ္တောဝ အနကာမေ၊
     ဘဝဇာတေ…။
စိန္တိတ သာဓိကေ၊
     ကာမိတေ ပုဏ္ဏောဝလေး။   ။
(မုံရွာ ပဌမ အရှေ့လယ်တီဆရာတော်ကြီး)
ခရက်​ဒစ်​ #ရှေးစာကဗျာများ
photo- ဦးဘကြည်
Monday, August 20, 2018
(ဘာတရာ ဉာတ​ကော)
(ဘာတရာ ဉာတ​ကော)
        ဝါဏိဂ္ဂဟိတုံ တာဝ ဝယပ္ပ​တ္တော ဒါရ​ကော
ပိတုဿ "ဝါဏိဂ္ဂဟိတု´မိစ္ဆာမီ"တိ အာသီသ​တ္တေ
ပိတာ=ကဿာ တွံ ဝါဏိဂ္ဂဟိတုံ  စိ​န္တေသိ---?
ပုတ္တ=ပဿဃရ​တော ဒါရိကံ တာတ !
ပိတာ=(တု​ရေန) ဟ​ရေ--နယုတ္တံ---နယုတ္တံ သာ
          တယာ ဘာတရာ (ဘာတုဘဂိနိ)ဉာတ
          မာတုဿ နဇာနာ​ပေဟိ ။
ပုတ္တ=​တေနဟိ---မဂ္ဂမတ္ထက​တော ​ဒေါ်​ရွှေ´တိ
         နာမိကာယ ဓီတုယာဝါ ပ​ရော မဂ္ဂ​တော
         ပါဏိဂ္ဂ​ဟေ------၊
ပိတာ=​ဟေ---ဧတာ​ယောစ နယုတ္တံ၊တယာ
          ဘာတရာ ဉာတ​ကော´သိ  ။
                     ပု​တ္တောပန ခိန္နစိ​တ္တေန တံပဝတ္တိံ
          မာတုယာ က​ထေ​န္တေ--------------
မာတာ=(ဟသိတွာ) မာ တပ္ပ တာတ ! တဝပိတာ
           ဝဒ​န္တော"တယာ ဘာတရာ ဉာတ​ကော"
           တိ တာသု တွံ ယထာရုစိံ ဂဏှိတုံ ယုတ္တ
ပုတ္တ=အ​ဟောနု​ခေါ အဝဿံ--------။
Crd
အာရက္ခဒေဝတာ --ကိုယ်စောင့်နတ်
အာရက္ခဒေဝတာ --ကိုယ်စောင့်နတ်
~~~~~~~~~~~~~~~~~
ပုဗ္ဗေဝ  တွံ  အတ္ထိ  ဣမဿ ဥရဿ  ဝါမေ  ဝသသိ ~~
တွံယေဝ  မမ  ပုဗ္ဗပိယာ ဝိသေသပိယာ ~~~
မာ  ပရိဝတ္တေဟိ  သွာဟံ  အဒဠှော ~~
ဒဿဂီရိမှိ  ဝိယ  မယိ  ဗဟူနိ  မုခါနိ   အသန္တိ ~~~
တွံယေဝ  အနိစ္စာ  ဝလာဟကာ ဝိယ ~~
ကတ္ထ  အဝိပ္ဖါရိကော မေဃော ဟုတွာ  ဝဿတိ ~~
တွံ   မမတ္ထာယ   အာရက္ခဒေဝတာ  ဝိယ ~~
ဒုဗ္ဗလဇဝေန လိခိတံ  မနာပစိတ္တံ  ဝိယ ~~~
ဧကဿ ဇီဝဿ  အဿာသော  ဝိယ ~~~
ပုဗ္ဗေဝ တွံ  အတ္ထိ  ဣမဿ  ဥရဿ  ဝါမေ  ဝသသိ
တွံယေဝ   မမ  ပုဗ္ဗပိယာ   ဝိသေသပိယာ ~~~
တက္ကိတွာ  တက္ကိတွာ  သောကော  အဘဝိတုံ 
ကာလေ  အခီယတိ  ဝိနိစ္ဆယေဟိ
အတ္တာနမ္ပိ   အပိဟယာမိ   တံ  မေ  ဇီဝတော အတိပိဟယာမိ ။
ဟိုးကတည်းကမင်းရှိတယ်  ဒီရင်ဘက် ဘယ်ဖက်ခြမ်းမှာ နေရာယူ
မင်းသာ ငါ့အချစ်ဦး   ငါ့အချစ်ထူး ~~
အပြောင်းလဲကြီး  သိပ်မလုပ်နဲ့   ဒီလူသားယိုင်နဲ့နဲ့ပါ
ဒဿဂီရိ မဟုတ်ပါဘူး  ငါမျက်နှာအဲ့လောက်များပါဘူးလေ
နင်သာ ပုံမှန်မရှိသော   မိုးသက်တိမ်စိုင်တွေလို ~~~
ဘယ်နေရာမှာ  တစ်ကွက်ကြားမိုးအဖြစ် ရွာသွန်းဖြိုး ~~
နင်ဟာ  ငါ့တစ်ယောက်တည်းအတွက်  ငါ့ရဲ့ ကိုယ်စောင့်နတ်လို
သိမ်ငယ်ဇောနဲ့  ရေးတဲ့မြတ်နိုးခြင်း  ပန်းချီကားချပ်လို ~~
အသက်ရှင်ခြင်းတစ်ခုရဲ့ ဝင်သက်တစ်ခုလို ~~
ဟိုးကတည်းကမင်းရှိတယ် ဒီရင်ဘက် ဘယ်ဖက်ခြမ်းမှာ နေရာယူ
မင်းသာ  ငါ့အချစ်ဦး   ငါ့အချစ်ထူး ~~~
တွေးတွေးပြီး  မဆွေးရအောင်  မလွန်ခင်လေးအချိန်မှာ
ဆုံးဖြတ်ပါ ~~~
ငါ့ကိုယ်ငါလည်း မချစ်ပါဘူး  နင့်ကိုငါ့အသက်ထက် ပိုချစ်တယ် ~~
[ ဖိုးပြည့် ]