စလေဦးပုည၏ သိကြာမင်းကို လှောင်ပြောင်သောတေးထပ်
♢♢♢♢
စည်းစိမ်တော် ရစ်မူလို၊
မဖြစ်ဘူး ဣန္ဒာ။ ။
ကသစ်ဦး သိင်္ဂါမှာ
အလိမ္မာ လွန်အား။ ။
ရွှေငါးသန်းနှင့် ကုဋေမှာ
အဖျော်ဖြေ ကျူရော့သလား။ ။
သယ်သူမှ မရှုလာ၊
ကရုဏာ တရား။ ။
လူ့ရွာကို ရှုစာငြားမယ်လို့၊
ဘုရားကိုသူညာ။ ။
အင်ကြင်မြိုင် ကုသိနန်းမှာ၊
စာစာတမ်းထိုးလျက်ရှိပါ။ ။
ကောဝီဠ သမီပါ၊
အို ဣန္ဒာ သိကြားငဲ့။ ။
ဘုရားကိုးကွယ်မှန်၊
ဆင်းခဲ့ မြန်မြန်။
ထောင်စက္ခု မှိန်ခဲ့ပြန်လျှင်
စိန်မျက်မှန် ဆက်ဦးမယ်လေး။ ။
[[စလေဦးပုည၏ သိကြားမင်းကို လှောင်ပြောင်သောတေးထပ်ကို ယခုမျက်မှောက်ခေတ်ဆိုးကြီး တူနေသောကြောင့် ပြန်လည် ဖော်ပြခြင်းဖြစ်သည်]]
သာသနာနှစ်(၁၄ံ:၁:၂၅၆၁)
မြန်မာနှစ်(၁၄:၃:၁၃၇၉)
ခရစ်နှစ်(8:6:2017)
တက္ကသိုလ်စာသင်သား
သာသနာ့တက္ကသိုလ်၊ မန္တလေး။
No comments:
Post a Comment