Wednesday, May 3, 2017

လေယဉ်ကွင်းမှာ သူများကိုလိုက်မမေးနဲ့ဖတ်ကြည့်

လေယဉ်ကွင်းမှာ သူများကိုလိုက်မမေးနဲ့ဖတ်ကြည့် ✈✈ ✈ #နိုင်ငံခြားသွားတဲ့အခါ ဖြည့်ရတဲ့ စာရွက်များ (၁) ✈✈✈

နိုင်ငံခြားသွားတဲ့အခါ တစ်ချို့တွေက ဘာတွေဖြည့်ရမှန်းမသိလို့ဖြစ်စေ၊ ဘာသာစကားအခက်အခဲကြောင့်ဖြစ်စေ မလုပ်တတ်တဲ့သူတွေအဆင်ပြေဖို့ ဖောင်လေးတွေတခါတည်း ဖြည့်ပြထားပါတယ်။ ကိုယ်မသွားခင် အဲဒါလေးကို ကြည့်ပြီးတော့ဖြစ်စေ၊ ဖုန်းထဲမှာ Share လုပ်ပြီး Save ထားပြီးဖြစ်စေ၊ အသုံးပြုလို့ရပါတယ်။

Departure Card ကို မြန်မာနိုင်ငံကနေ နိုင်ငံခြားသွားတဲ့အခါ လေယာဉ်မစီးခင် immigration ကောင်တာမှာ ပတ်စ်ပိုစ့်နဲ့အတူပေးရပါမယ်။ သက်ဆိုင်ရာကို ကိုယ်လေဆိပ်ကနေ ထွက်ကြောင်းအသိပေးတဲ့ ဥပဒေဆိုင်ရာ စာရွက်တစ်မျိုးဖြစ်ပါတယ်။  Departure Card ကို Boarding Pass ယူကတည်းက လေကြောင်းလိုင်းကောင်တာကနေ ပေးပါတယ်။ Departure Card နဲ့ Arrival Card ကိုတွဲပေးပါတယ်။ Departure Card ကို immigration ဖြတ်ရင်ပေးခဲ့ပြီး Arrival Card ကို သိမ်းထားရပါမယ်။ ကိုယ်နိုင်ငံခြားက ပြန်လာမှ immigration ဖြတ်ရင်ပြန်ပေးရပါတယ်။ Arrival Card ကတော့ ကိုယ်နိုင်ငံထဲကို ၀င်ကြောင်းအသိပေးတာပေါ့။ ကိုယ်သွားတဲ့နိုင်ငံရဲ့လေဆိပ်မှာလည်း ကိုယ့်ကို Arrival Card/Departure Card ပေးပါတယ်။ ကိုယ် immigration ဖြတ်ရင် Arrival Card ကိုပေးရပါမယ်။ ပြန်ထွက်တော့ Departure Card ပေးခဲ့ရုံပါပဲ။

ထိုင်း၊ စင်ကာပူ၊ မလေး စတဲ့ နိုင်ငံတွေရဲ့ Arrival Card/Departure Card ဖြည့်ပုံတွေ၊ မြန်မာပြည်ကိုပြန်တဲ့အခါ Custom မှာ ပေးရတဲ့ Custom Form တွေကိုလည်း နိုင်ငံခြားသွားတဲ့အခါ ဖြည့်ရတဲ့ စာရွက်များ (၂)မှာ တင်ပေးပါ့မယ်။

Credit

No comments:

Post a Comment