ကဆုန်လပြည့် ဗုဒ္ဓ နေ့အားပူဇော်ခြင်း
တို့ဗုဒ္ဓ
=====
ဘုံသုံးပါးတွင် ၊ ဦးထိပ်တင်
မြတ်ရှင်ဗုဒ္ဓ တို့ဗုဒ္ဓ ။
တောရိပ်မြိုင်ပေါ် ၊ ခြောက်နှစ်ပျော်
ကျင့်သော်ပွင့်ပ တို့ဗုဒ္ဓ ။
စကြ၀ဠာ ၊ တစ်ခွင်မှ
ဂုဏ်ဖြာမြူးစွ တို့ဗုဒ္ဓ ။
အမှောင်ကိုခွင်း ၊ အလင်းသွင်း
ဥာဏ်လင်းကြွယ်စွ တို့ဗုဒ္ဓ ။
လ၏ကဆုန၊် ပြည့်လေတုန်
သောင်းဟုန်ထွန်းပ တို့ဗုဒ္ဓ ။
ရက်မှာဆင်မင်း ၊ ကြုံလေသင်း
ပေါ်လင်းပွင့်စွ တို့ ဗုဒ္ဓ ။
နတ် လူ ဗြဟ္မာ ၊ တို့်ဆရာ
ပူဇော်ထိုက်စွ တို့်ဗုဒ္ဓ ။ ။
နှင်းမြတ်ခိုင(် ရခိုင်ပြည်)
No comments:
Post a Comment