Tuesday, May 30, 2017

ခေါင်းဆောင်တို့ ကျင့်စဉ်(၁-၂-၃-၄-၅)

ခေါင်းဆောင်တို့ ကျင့်စဉ်(၁-၂-၃-၄-၅)
*******************

သုမင်္ဂလော အယံကာလော၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့အခါကောင်းပါ။ မင်္ဂလာကောင်း အခါကောင်းမှာ အားလုံးကို မင်္ဂလာစကား ပြောပါမယ်။ မင်္ဂလာစကား ပြောကြားခွင့် ရလို့၊ ပြောကြားခွင့်ရဆိုရာမှာ အသင်းအဖွဲ့ပေါင်းစုံ၊ လူမျိုးလည်း တော်တော်စုံတဲ့ ပွဲမှာ ပြောကြားခွင့်ရလို့ ပိုပြီးတော့ ဝမ်းသာတယ်။ ရှေးဦးစွာ နားထောင်ကြတဲ့ ပရိသတ်ကို မေတ္တာရပ်ခံထားချင်တာ နှစ်ခုရှိပါတယ်။

တခုက ငြိမ်ငြိမ်တိတ်တိတ်၊ တိတ်တိတ်ဆိတ်ဆိတ် မြတ်စွာဘုရားကြိုက်တဲ့ မူဝါဒ၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့ Country-side-ဒေသမှာ ရဟန်းခံ လာကြတဲ့ ကျေးလက်က ရဟန်းအပါး (၅၀၀) ဘုရားနဲ့ သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ နေရာကို ဘုရားဖူးဖို့ ရောက်လာကြတယ်။ ဟိုအလွန်ဝေးတဲ့ Remote place-ကနေ သာဝတ္ထိဆိုတဲ့ Capital-ကို ရောက်တော့ သူတို့မှာ မမြင်ဖူးတာ၊ မတွေ့ဖူးတာတွေ၊ မကြားဖူးတာတွေ သိပ်များတော့ မြင်လိုက်ရင် ဟာကနဲ့၊ ဟယ်ကနဲ့ အခုနက တမ္ပဝတီ ဦးဝင်းမောင် ပြောတဲ့ ပန်းဆယ်မျိုးကို စိတ်ဝင်စားတတ်ရင် ဒီကျောင်းတော်ကြီးထဲမှာ ဟာ,ဟယ် ဒီလိုဖြစ်တယ်။

အဲဒီလို ဇေတဝန် ကျောင်းတော်ကြီးကို ရောက်တော့ တအံ့တသြတွေ ဖြစ်တော့ တပါးနဲ့တပါး အပါး (၅၀၀) တောက ကိုယ် တော်တွေရော၊ မြို့က ကိုယ်တော်တွေရော ဆုံလိုက်တော့ နှုတ်ဆက်စကား ပြောတာ၊ တောက ကိုယ်တော် (၅၀၀)နဲ့ မြို့က ကိုယ်တော် အပါး(၅၀၀)စကား ပြောရင် အပါး (၁၀၀၀)ပြောတဲ့ စကားဖြစ်မယ်။ အဲဒါတွေ ဇေတဝန်ကျောင်းတိုက်ကြီးမှာ ညံနေတာ၊ ဆူနေတာ၊ အဲဒါတွေ မြတ်စွာဘုရား ကြားတော့- ဟဲ့ ဟဲ့.. ညံလှချည်လား၊ ကျောင်းတိုက်ကြီးမှာ ဘာသံတွေလဲ? တောရဟန်း နဲ့ မြို့ရဟန်းတွေ မတွေ့တာ ကြာလို့ နှုတ်ဆက်တဲ့ အသံတွေပါဘုရား။

ဟယ် အင်းကြီးတခုမှာ တံငါသည်တွေ ငါးပက်တော့ ရေတွေကခန်း ငါးတွေက ကျိကျိတက် ပေါ်လာတဲ့အခါ တံငါသည်တွေ လုပြီးတော့ ငါးဖမ်းတော့ ဆူညံနေတဲ့ အသံတွေလိုပဲလို့ ဘုရားရှင်က ဆိုတော်မူတယ်။ ရဟန်းတော်တွေ တံငါသည်တွေ ငါးဖမ်းသလို ဆူညံနေတယ်။ ဘယ်သူ့ တပည့်တွေလဲ? အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့ရဲ့ တပည့်တွေပါဘုရား၊ သွား... မင်းတို့ တပည့်(၅၀၀)ကိုခေါ်, မင်းတို့ ကျောင်းကထွက်၊ အရှင်သာရိပုတ္တရာရော၊ အရှင်မောဂ္ဂလာန်ရော တပည့်တွေကို ကောင်းကောင်း မဆုံးမနိုင်လို့ မြတ်စွာဘုရားက ဘာလုပ်လိုက်လဲ? ပရိသတ်ပြော၊ မြတ်စွာဘုရားက ဘာလုပ်လိုက်လဲ? နှင်ထုတ်လိုက်ပါတယ်ဘုရား။

ဘုန်းကြီးကျောင်းက အထုတ်ခံရမှာ ကြောက်လို့ အားလုံးပရိသတ်က ငြိမ်ငြိမ်နေကြပါ။ ဘုရားက အရှင်သာရိ ပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်ကို ဘာလုပ်လိုက်လဲ? တပည့်တွေကို ကောင်းကောင်း မဆုံးမနိုင်တော့ ဆရာပါ နှင်ထုတ်တယ် မဟုတ်လား? တင်ပါဘုရား။ ဒီကနေ့ အားလုံး လာကြတဲ့ပရိသတ်ဟာ ဘုန်းကြီးကို ဆရာလို့ သဘောထားရင် အားလုံးက ကိုယ့်ကိုယ်ကို တပည့်လို့ သဘောထားရင် တပည့် ဆူရင် ဆရာပါ ဘာဖြစ်လဲ? နှင်ထုတ်ခံရ ပါတယ်ဘုရား။ နှင်ထုတ်ခံရမှာ ကြောက်ပါတယ်။

အားလုံးပဲ ငြိမ်ငြိမ်နေကြပါ။ နောက်တချက် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် ဓာတ်တော်တွေကို ဝေခြမ်းမလို့ ပြင်ဆင်တဲ့နေ့က ရှစ်ပြည်ထောင်မင်းတို့ ဓားလှံလေးမြှား လက်နက်တွေနဲ့ ဓာတ်တော်တွေ ကို လုမလို့ အုံးအုံးကျွက်ကျွက် ဓားတဝင်းဝင်း၊ လှံတဝင်းဝင်း ဖြစ်ကြတယ်။ အိမ်ရှင်နိုင်ငံဖြစ်တဲ့ မလ္လာမင်းတို့ကလည်း တို့နယ်မြေမှာ ပရိနိဗ္ဗာန်စံတဲ့ မြတ်စွာဘုရားရဲ့ ဓာတ်တော်ဟာ တို့ပဲ ပိုင်တယ်။ ဘယ်သူ့မှ မပေးဘူး။ ကျန်တဲ့ မင်း ခုနစ်ပါးတို့ကလည်း တို့ဘုရားမို့ တို့လည်း ပိုင်တယ်။ မြတ်စွာဘုရားကို အမျိုး တော်ချင်ကြတာနော်။ ပရိသတ်ရေ ဘာဖြစ်ချင်ကြတာလဲ? အမျိုးတော်ချင်ကြတာပါဘုရား။ အခု ခင်ဗျားတို့ ဘာကို အမျိုးတော်ချင်ကြတာလဲ? ကိုယ်တော်ချင်တဲ့အမျိုး ကိုယ့်ဘာသာကို ရှာ။ ဘုရားကို အမျိုးတော်ချင်ကြလိုက်ကြတာ။

အဇာတသတ်ကလည်း မြတ်စွာဘုရားက တို့ အမျိုး၊ ကပိလဝတ်က သာကီဝင်တွေနဲ့ ဒေဝဒဟက ကောလိယဝင်တွေကတောင် ဘာမှ မပြောရသေးဘူး၊ အဇာတသတ်က စပြောလာတယ်၊ ဘုရားဟာ တို့အမျိုးတဲ့၊ ဒီလို ဒီလို။ အဲဒီတော့ သူလည်း ဘုရားအမျိုး ငါလည်း ဘုရားအမျိုး ဒီလိုဖြစ်ကုန်တယ်။ ဘာလိုချင် လို့လဲ? ဓာတ်တော်လိုချင်လို့။ အဲဒီတော့ ဓားတဝင်းဝင်း လှံတဝင်းဝင်းနဲ့ ဓာတ်တော်လုတဲ့ ပွဲ။ ဘုရားအမျိုးတွေက ဓားလှံတဝင်းဝင်းနဲ့ ဓာတ်တော်လုမလို့ ဖြစ်တော့ အခြေအနေက မကောင်းဘူး။ အဲဒါကို ထိန်းမည့် ပုဂ္ဂိုလ်က မရှိဘူး။ အဲဒီတော့ ပေါ်လာတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲဆိုတော့- ဟိုရှေးတုန်းက တက္ကသီလဆိုတဲ့ မြို့တော်ကြီးမှာ နှစ်ပေါင်းများစွာ ဆရာလုပ်ခဲ့ဖူးတဲ့ တက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား ဒေါဏ၊ သူက ဒီပွဲရောက်နေတာ။

ကြည့်လိုက်တော့ ဓားတဝင်းဝင်း လှံတဝင်းဝင်းနဲ့ ဓာတ်တော် လုမည့် မင်းတွေဟာ ဒီကောင်တွေ အကုန်လုံး ငါ့တပည့်တွေ။ ငါ့တပည့်တွေ ငါပြောရင် ရလောက်တယ်ဆိုပြီးတော့ စင်မြင့်ပေါ် တက်ပြီးတော့ သူကအော်လိုက်တာ။ ပါမောက္ခချုပ်ဒေါဏဆရာကြီး အော်တဲ့ စကား (၂)ခွန်း မှတ်ရအောင်။

"အမှာကံ ဗုဒ္ဓေါ ခန္တိဝါဒေါ"တို့များရဲ့ ဘုရားဟာ ခန္တီဝါဒီ ပုဂ္ဂိုလ်ဖြစ်တယ်။ တို့ဘုရားဟာ ဘာဝါဒကို ကိုင်ထားလဲ ပရိသတ်? ခန္တီဝါဒပါဘုရား၊ ခန္တီဝါဒ။ ဒီထဲက လူတွေ ဘာဝါဒတွေ ကိုင်ထားလဲ? ကိုင်ချင်တဲ့ ဝါဒကိုင်၊ အဲဒါတွေ အားလုံး ခန္တီဝါဒအပေါ်မှာ အခြေဆိုက်ရမယ်။ ခန္တီ မြေကြီးပေါ်မှာ ဒီလူတွေ နေတယ်၊ ဒီလူတွေ နေ့တိုင်း, စကားလုံးလေး နဲနဲရိုင်းရိုင်း လေးပြောရင် ခန္တီအဓိပ္ပါယ် ပိုရှင်းတယ်။ သည်းခံပြီး နားထောင်ပါ၊ ဂမ္မဒေါသရောက်တယ်လို့ အပြစ်မတင်ပါနဲ့၊

ဒီမြေကြီးပေါ်မှာ နေတဲ့ ဒီလူတွေ ဒီမြေကြီးပေါ်မှာ ဒီလူတွေ ချေးယိုတယ်၊ သေးပေါက်တယ်။ မြေကြီး ဘယ်တော့မှ reject-မလုပ်ပါဘူး။ ယိုချင်တိုင်း ယို၊ အရှိကို အရှိ အတိုင်းထား။ ဒီလူတွေပဲ ဒီမြေကြီးကို လှချင်လို့ ပန်းတွေနဲ့ အလှပြင်ပြန်ရော၊ ဟာ ငါ့မြေကြီး သိပ်လှနေပြီ ဆိုပြီးတော့ စိုက်ထားတဲ့ ပန်းပင်တွေကို ဒီမြေကြီးက attach- လည်း မဖြစ်လို့ accept-လည်း မလုပ်ပါဘူး။ လှလို့လည်း မမက်မောဘူး။ ညစ်ပတ် အရုပ်ဆိုး လို့လည်း စိတ်မပျက်ဘူး။

အဲဒါဟာ quality, qualification of leader. ခေါင်းဆောင်တွေမှာ ဒါဟာ အရေးကြီးတဲ့ အရည်အချင်းပဲ။ ကောင်းချင်တိုင်းကောင်း မမက်မောဘူး၊ ဆိုးချင်တိုင်းဆိုး စိတ်မပျက်ဘူး။ မြေကြီးနဲ့ တူတဲ့အကျင့် ခန္တီခေါ်တယ်။ အကျယ်တဝင့်ပြောဖို့ ဘုန်းကြီးတို့ ဒီနေ့ အချိန်မယူပါဘူး။ နိဒါန်းလောက်ပြောရင် ဘုန်းကြီးတို့ တရားတွေ ရှာနာပါ။ ခန္တီ။ အမှာကံ ဗုဒ္ဓေါ အဟု ခန္တိဝါဒေါ။ တို့ဗုဒ္ဓဟာ ဘာဝါဒလဲ? ခန္တီဝါဒပါဘုရား။ အားလုံးမြေကြီးလို ကျင့်သုံးကြရမယ်။ မကောင်းဆိုးဝါးတွေ လာချင်တိုင်းလာ စိတ်မပျက်ပါဘူး။ အကောင်းနဲ့ အဆိုးတွေ ပေးချင် တိုင်း ပေး၊ မမက်မောပါဘူး။ ခန္တီတရား၊ ဒါဟာ ဗုဒ္ဓရဲ့ ဝါဒပဲ။

နောက်တခု အမှာကံ ဗုဒ္ဓေါ သန္တိဝါဒေါ။ ခန္တီဝါဒကို မကိုင်နိုင်ရင် သန္တိဝါဒကို ချမှတ်လို့ မရ ဘူး။ မခံနိုင်ဘူးဟေ့လို့ဆိုရင် သန္တိဟာ မဖြစ်နိုင်တော့ဘူး။ နောက် လာမည့်ဝါဒက ဘာလဲ ဆိုတော့ သန္တိဝါဒ။ ဘာများပါလဲ? သန္တိဝါဒပါဘုရား။ တို့ဘုရားရဲ့ဝါဒက သန္တိဝါဒ။ ကုလားလို ပြောရရင် သျှန္တီဝါဒ။ ငြိမ်းချမ်းတဲ့ဝါဒ။ ခန္တီရှိတော့မှ သန္တိ။ အဲဒီမှ ခန္တီရဲ့ နောက်မှာ မေတ္တာ ပါလာမယ်။ မေတ္တာကို တဆက်တည်းပြောရရင် ရေနဲ့တူအောင် ကျင့်။ ရေ- မြန်မာနိုင်ငံမှာ ရေပေါင်းများ စွာမှာ Brand name-တွေ တရာကျော်လောက် ရှိမယ်ထင်တယ်။ ဘယ်နာမည်နဲ့ ထုတ်တဲ့ ဘာရေပဲ ဖြစ်ဖြစ် သတ္တိက နှစ်မျိုးထဲပဲ-

သန့်ရှင်းတာနဲ့ အေးချမ်းတာ။ ဘယ်နမျိုးလဲ? နှစ်မျိုးပါဘုရား။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းစသည် နာမည်ပဲ ကွဲတယ်။ သောက်လိုက်ရင် အေးတယ်၊ ချိုးလိုက်ရင် သန့်ရှင်းတယ်။ တရုတ်၊ ကုလား၊ အမေရိကန် ဘယ်တိုင်းပြည်က ထွက်တဲ့ ရေပဲ ဖြစ်ဖြစ် ဘာရလဲ? သန့်ရှင်းတာနဲ့ အေးချမ်းတာ နှစ်မျိုးပဲ ရတယ်။ ကုလားရေကို တရုတ်သောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။ တရုတ်ရေကို ကုလားသောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။

မေတ္တာဆိုတာ ရေနဲ့တူတယ်။ လူသားတိုင်းကို တညီတည်း အေးချမ်းစေချင်တယ်။ လူသား တိုင်းကို တညီတည်း နှလုံးစိတ်ဝမ်း အေးချမ်းစေချင်တယ်။ ဘဝသန့်ရှင်းစေချင်တယ်။ အဲဒါ ခန္တီနဲ့ မေတ္တာ၊ မေတ္တာနဲ့ ခန္တီ၊ အဲဒါ ဘယ်သူ့ ဝါဒလဲ? ဗုဒ္ဓရဲ့ဝါဒပါဘုရား။ အဲဒီနှစ်ခု လက်ကိုင် ထားမှ နောက်က ဘာရလဲ? သန္တိဆိုတဲ့ Peace ငြိမ်းချမ်းခြင်းကို ရနိုင်တယ်။ ဆိုတော့- ဘုရားကို အကြောင်းပြုပြီး ဓားတဝင်းဝင်း လှံတဝင်းဝင်း မလုပ်ကြနဲ့။

တို့ဘုရားဟာ ခန္တီဝါဒ, သန္တိဝါဒ။ သန္တိဝါဒဘုရားကို အကြောင်းပြုပြီးတော့ ဓားတွေ တဝင်းဝင်း၊ လှံတွေ တဝင်းဝင်း မပြကြနဲ့ဟေ့။ ဓားတွေ လှံတွေ ချလိုက်ကြ။ ဒီတော့ ရှစ်ပြည်ထောင် မင်းတွေ အကုန်လုံးက ကြည့်ကြတယ်၊ အသံဝါကြီးနဲ့ အော်နေတာ ဘယ်သူများလဲ? ဒါ တို့ဆရာကြီး၊ ဆရာကြီးပြောတဲ့ စကားတော့ တို့နားထောင်မှပဲ။ အားလုံး ဓားလှံတွေ ချပြီးတော့ ဓာတ်တော်ဝေပွဲဟာ အေးအေးချမ်းချမ်း ပြီးသွားတယ်။

အဲဒါကြောင့် ဒီကနေ့ ဗုဒ္ဓတက္ကသိုလ်ကြီး ဖွင့်ပွဲကို ကြွရောက်လာကြတဲ့ အသင်းဖွဲ့ ပရိသတ်အားလုံးတို့ အငြိမ်းစားပါမောက္ခချုပ်ဟောင်း ဦးဒေါဏပြောတဲ့ ခန္တီတရား၊ သန္တိတရား လက်ကိုင်ထားပြီး တော့ ဒီကနေ့ ဒီအစည်းအဝေး၊ ဒီအခမ်းအနားက စပြီးတော့ မည်သည့်လုပ်ငန်းကို ဆောင် ရွက်စေကာမူ ဗုဒ္ဓရဲ့ ဒီဝါဒနှစ်ပါး လက်ကိုင်ထား။ ခန္တီနဲ့မေတ္တာလက်ကိုင်ထား၊သန္တိဖြစ်အောင် ဆောင်ရွက်ကြပါလို့ ဘုန်းကြီးက ဒုတိယအနေနဲ့အားလုံးကို တိုက်တွန်းပါတယ်။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ (Ph.D., D.Litt.)
ခါင်းဆောင်တို့ ကျင့်စဉ်(၂) *******************

နောက်တခု အမှာကံ ဗုဒ္ဓေါ သန္တိဝါဒေါ။ ခန္တီဝါဒကို မကိုင်နိုင်ရင် သန္တိဝါဒကို ချမှတ်လို့ မရ ဘူး။ မခံနိုင်ဘူးဟေ့လို့ ဆိုရင် သန္တိဟာ မဖြစ်နိုင်တော့ဘူး။ နောက်လာမည့် ဝါဒက ဘာလဲ ဆိုတော့ သန္တိဝါဒ။ ဘာများပါလဲ? သန္တိဝါဒပါဘုရား။ နောက်လာမည့်ဝါဒက သန္တိဝါဒ။ တို့ဘုရားရဲ့ဝါဒက သန္တိဝါဒ။ ကုလားလို ပြောရရင် သျှန္တီဝါဒ။ ငြိမ်းချမ်းတဲ့ ဝါဒ။ ခန္တီရှိတော့မှ သန္တိ။ အဲဒီမှ ခန္တီရဲ့နောက်မှာ မေတ္တာ ပါလာမယ်။ မေတ္တာကို တဆက်တည်းပြောရရင် ရေနဲ့တူအောင် ကျင့်။ ရေ- မြန်မာနိုင်ငံမှာ ရေပေါင်း များစွာမှာ Brand name-တွေ တရာကျော်လောက် ရှိမယ်ထင်တယ်။ ဘယ်နာမည်နဲ့ ထုတ်တဲ့ ဘာရေပဲ ဖြစ်ဖြစ် သတ္တိက နှစ်မျိုးထဲပဲ- သန့်ရှင်းတာနဲ့ အေးချမ်းတာ။

ဘယ်နှမျိုးလဲ? နှစ်မျိုးပါဘုရား။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း စသည် နာမည်ပဲ ကွဲတယ်။ သောက်လိုက်ရင် အေးတယ်၊ ချိုးလိုက်ရင် သန့်ရှင်းတယ်။ တရုတ်၊ ကုလား၊ အမေရိကန် ဘယ်တိုင်းပြည်က ထွက်တဲ့ ရေပဲ ဖြစ်ဖြစ် ဘာရလဲ? သန့်ရှင်းတာနဲ့ အေးချမ်းတာ နှစ်မျိုးပဲ ရတယ်။ ကုလားရေကို တရုတ် သောက်လည်း ဒီနှစ်မျိုးပဲ အကျိုးထွက်တယ်။ တရုတ်ရေကို ကုလားသောက်လည်း ဒီနှစ် မျိုးပဲ အကျိုး ထွက်တယ်။ မေတ္တာဆိုတာ ရေနဲ့တူတယ်။ လူသားတိုင်းကို တညီတည်း အေးချမ်းစေချင်တယ်။ လူသားတိုင်းကို တညီတည်း နှလုံးစိတ်ဝမ်း အေးချမ်းစေချင်တယ်။

ဘဝသန့်ရှင်းစေချင် တယ်။ အဲဒါ ခန္တီနဲ့ မေတ္တာ၊ မေတ္တာနဲ့ ခန္တီ၊ အဲဒါ ဘယ်သူ့ ဝါဒလဲ? ဗုဒ္ဓရဲ့ဝါဒပါဘုရား။ အဲဒီနှစ်ခု လက်ကိုင်ထားမှ နောက်က ဘာရလဲ? သန္တိဆိုတဲ့ Peace ငြိမ်းချမ်းခြင်းကို ရနိုင်တယ်။ ဆိုတော့.. ဘုရားကို အကြောင်းပြုပြီး ဓားတဝင်းဝင်း လှံတဝင်းဝင်း မလုပ်ကြနဲ့။ တို့ဘုရားဟာ ခန္တီဝါဒ, သန္တိဝါဒ။ သန္တိဝါဒဘုရားကို အကြောင်းပြုပြီးတော့ ဓားတွေ တဝင်းဝင်း၊ လှံတွေ တဝင်းဝင်း မပြကြနဲ့ဟေ့။ ဓားတွေ လှံတွေ ချလိုက်ကြ။

ဒီတော့ ရှစ်ပြည်ထောင် မင်းတွေ အကုန်လုံးက ကြည့်ကြတယ်၊ အသံဝါကြီးနဲ့ အော်နေတာ ဘယ်သူများလဲ? ဒါ တို့ဆရာကြီး၊ ဆရာကြီးပြောတဲ့ စကားတော့ တို့နားထောင်မှပဲ။ အားလုံး ဓားလှံတွေ ချပြီးတော့ ဓာတ်တော် ဝေပွဲဟာ အေးအေး ချမ်းချမ်း ပြီးသွားတယ်။ အဲဒါကြောင့် ဒီကနေ့ ဗုဒ္ဓတက္ကသိုလ်ကြီး ဖွင့်ပွဲကို ကြွရောက်လာကြတဲ့ အသင်းဖွဲ့ ပရိသတ် အားလုံးတို့ အငြိမ်းစားပါမောက္ခချုပ်ဟောင်း ဦးဒေါဏပြောတဲ့ ခန္တီတရား၊ သန္တိတရား လက်ကိုင်ထားပြီးတော့ ဒီကနေ့ ဒီအစည်းအဝေး၊ ဒီအခမ်းအနားက စပြီးတော့ မည်သည့် လုပ်ငန်းကို ဆောင်ရွက်စေကာမူ ဗုဒ္ဓရဲ့ ဒီဝါဒနှစ်ပါး လက်ကိုင်ထား။

ခန္တီနဲ့ မေတ္တာလက်ကိုင်ထား၊ သန္တိဖြစ်အောင် ဆောင်ရွက်ကြပါလို့ ဘုန်းကြီးက ဒုတိယအနေနဲ့ အားလုံးကို တိုက်တွန်းပါတယ်။ နောက်တတိယ ပြောချင်တဲ့အချက်က လာကြတဲ့ ပရိသတ်တွေ လူမှုရေး ဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ၊ ဘာသာရေးဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ၊ နိုင်ငံရေးဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေ ဆိုင်းဘုတ်ကတော့ အမျိုးမျိုးပဲ။ ဘာသာရေး အသင်းအဖွဲ့လည်း နာမည် မျိုးစုံပဲ၊ လူမှုရေး အဖွဲ့လည်း နာမည်မျိုးစုံပဲ၊ နိုင်ငံရေးအဖွဲ့လည်း နာမည်မျိုးစုံပဲ၊ အဲဒါ ဆိုင်းဘုတ်တွေပဲ။ အဲဒီဆိုင်းဘုတ်တွေကို ခွာပြီးတော့ အရှိကို အရှိအတိုင်း ကြည့်နိုင်ဖို့ တော့ တော်တော် အရေးကြီးတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် ဗမာပြည်မှာ အလွန်အရေးပါတဲ့ မြစ်ကြီးတွေ။ ဧရာဝတီရယ်၊ ချင်းတွင်းရယ်၊ စစ်တောင်းရယ်၊ သံလွင်ရယ်၊ ကုလားတန်ရယ် နာမည်တွေ အများကြီးပဲ။

အဲဒီ different name-တွေဟာ ဘယ်အပေါ်မှာပဲ ရှိတာလဲ? Only in the land, မြေကြီးပေါ်မှာပဲ။ သူတို့ရဲ့ ဦးတည်ချက်က ဘယ်မှာလဲ? They are flowing successfully, continuously, their destination is only ocean။ သူတို့ရဲ့ destination-က တခုတည်းပဲ။ မြစ်တွေ နာမည်သာ ကွဲတာ၊ ပန်းတိုင်က တခု တည်းပဲ။ အဲဒါကို ကောင်းကောင်းကြီး မြင်ဖို့လိုတယ်။ အဲဒါ clear vision-လို့ ခေါ်တယ်။ ပါဠိလိုပြောရင် သမ္မာဒဿန-လို့ ခေါ်တယ်။ အဲဒီ clear vision-မဖြစ်သေးသမျှ ဧရာဝတီက ကြည်တယ်ကွ၊ချင်းတွင်းက နောက်တယ် ကွဆိုရင် အဲဒီမှာ conflict-ဖြစ်တာပဲ။

နာမည်ကိုဖောက်ပြီး ရေကိုရောက်အောင် ကြည့်ပါ။ ဟုတ်ပြီလား? တင်ပါဘုရား။ နာမည်ကို ဖောက်ပြီး ရေကို ရောက်အောင် ကြည့်လိုက်ရင် ရေက ဘာဖြစ်လဲ? သတ္တိ နှစ်မျိုးပဲ ရှိတယ်။ ဘာနဲ့ ဘာလဲ? သန့်ရှင်းခြင်းနဲ့ ကြည်လင်ခြင်းပါဘုရား။ ဧရာဝတီလည်း ဒါပဲ၊ ချင်းတွင်းလည်း ဒါပဲ။ သံလွင်ကော၊ စစ်တောင်းကော? ဒါပဲ။ နာမည်ကို ငြင်းခုံနေရင် ဖြင့် ပင်လယ်ကို တော်တော်နဲ့ ရောက်ကြမှာ မဟုတ်ပါဘူး။ မြစ်ရေတွေဟာ ပင်လယ်ထဲ စီးသွားကြတယ်၊ ပင်လယ်ထဲရောက်တော့ ဟေ့ ဧရာဝတီကရေ ချင်းတွင်းထဲ လာမပေါင်းနဲ့ ဆိုပြီးတော့ ဟိုမှာ ရသေးလား? မရပါဘူး ဘုရား။ စစ်တောင်းက ရေလည်း ဧရာဝတီရေနား မကပ်နဲ့၊ တခြားစီနေကြ, နေလို့ ဖြစ်သေးလား? မဖြစ်ပါဘူး ဘုရား။ အဲဒါ တကယ့် United-ပဲ၊ တကယ့် Unity-ပဲ၊ တကယ့် Harmony-ပဲ။ ဘယ်ထဲမှာ သွားပေါင်းလဲ? ငန်သော အရသာ၊ ပြာသော အဆင်းဆိုတဲ့ ပင်လယ်ကြီးမှာ မြစ်အားလုံးတို့က ရေတွေ ပေါင်းသလိုပဲ။ သန္တိဆိုတဲ့ ဗုဒ္ဓရဲ့ စကားအရ ပြောရင် ငြိမ်းချမ်းတဲ့ နိဗ္ဗာန်မှာ အားလုံး ပေါင်းဖို့ ရန်အတွက် ကုန်းမြေပေါ်မှာ နေနေခိုက် နာမည်လေးတွေကို ကြည့်ကြည့်ပြီးတော့ ငြင်းခုံ မနေကြပါနဲ့။ အခုဒီမှာ အားလုံး ထိုင်နေကြတယ်၊ ဒါဘာလဲ? ဗုဒ္ဓတက္ကသိုလ် Convocation hall, နာမည်က ဒီအတိုင်းပေးထားတယ်။

အကယ်၍ ဒီအဆောက်အဦးကြီးထဲမှာ ဘုရင်ကြီးနဲ့ မိဖုရားကြီး လာနေတယ် ဆိုလို့ရှိရင် ဗုဒ္ဓတက္ကသိုလ် Convocation hall-မဟုတ်တော့ဘူး၊ Palace-ဖြစ်သွားမယ်။ အကယ်၍ ငါးပိတွေ ငါးခြောက်တွေ လာတင်ရောင်းတော့ ဘာဖြစ်သွားမလဲ? Bazaar, Market- ဈေးကြီး ဖြစ်သွားမယ်။ အကယ်၍ အရက်တွေ, ဘာတွေ လာရောင်းကြမယ်၊ ခေါက်ဆွဲတွေ,ဘာတွေ လာကြော် ရောင်းကြမယ်ဆိုတော့ ဒီအဆောက်အဦးကြီးက ဘာဖြစ်သွားမလဲ? Bar and restaurant ဖြစ်သွားမယ်။ ဘာလဲ? နာမည်တွေ ပြောင်းတာ။ တကယ့် Structure-က ဘာလဲ? သံချောင်းရယ်၊ အုတ်ရယ်၊ အင်္ဂတေရယ် ဒါပဲ။ နန်းတော် ကြီးလည်း ဒါနဲ့ပဲ ဆောက်တယ်၊ အိမ်သာလည်း ဒါနဲ့ပဲ ဆောက်တယ်၊ ဘုရားကျောင်းလည်း ဒါနဲ့ပဲ ဆောက်တယ်။ အထဲက သံချောင်းနဲ့၊ အုတ်နဲ့၊ အင်္ဂတေနဲ့ အဲဒါကို မမြင်တော့ အပေါ်က အဆောက်အဦးကြီးလောက် ကြည့်ပြီးတော့ ဘာဖြစ်လဲ? Beauty, I love. Ugly-ဆိုတော့ I hate။ အဲဒါတွေ မဖြစ်ရအောင် reality-ကို မြင်အောင် ကြည့်ရအောင်။

အရှိတရားနဲ့ အမှန် တရားဟာ အထဲမှာ ရှိတာ။ ပါဠိကို ရွတ်ချင် ရွတ်ပေါ့- အဇ္ဈတ္တံဝါ ဗဟိဒ္ဓံဝါ။ တကယ်တော့ နာမည်တွေက အလကားပါ၊ နာမည်တွေ သိပ်များရင် သိပ်စကားများတယ်။ မြတ်ဗုဒ္ဓရဲ့လမ်းက "ဧကာယနော မဂ္ဂေါ"။ တလမ်းထဲပဲ။ အားလုံး အရှိနဲ့ အမှန်ကို မြင်အောင် ကြည့်။ ရေရဲ့သတ္တိကို မြင်အောင်ကြည့်။ မြစ်တွေရဲ့အပေါ်ယံ နာမည်ကို ဖောက်၊ ရေရောက်အောင် ကြည့်ပြီးတော့ အေးချမ်းသော နှလုံးသား၊ သန့်ရှင်းသော နှလုံးသားကို တည်ဆောက် ပြီးတော့ ငန်သောအရသာ ပြာသောအဆင်း ဆိုတဲ့ ပန်းတိုင်၊ ပန်းတိုင်ကတော့ ဘာလဲ မသိဘူး။ ဘုန်းကြီးတို့ အခုထိ မသိသေးဘူး ပန်းတိုင်က ဘာလဲလို့။ အဲဒီပန်းတိုင် တခုခုမှာ အကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပေါင်းဆုံးဖို့ရန် ဒါအရေးကြီးပါတယ်။ အဲဒါကြောင့် ခန္တီတရားနဲ့ မေတ္တာတရားပါ။ ဒီတော့ ဘာပြောမလဲ? Capitalist-လား? Socialist-လား? Communist-လား? အဲဒါတွေဟာ အလကား၊ နာမည်တွေပဲ။ လူသား။

အဲဒီ Label-တွေကို ခွာထား။ အားလုံးဘာတွေလဲ? လူသားတွေ။ အဲဒါလေးကို ကြည့်ကြပါ။ လူသားတွေပဲ။ "သဗ္ဗေဝ အညမညေဟိ ပိယစက္ခူဟိ သမ္ပဿန္တာ ဝိဟရန္တု"။ သတ္တဝါအားလုံး အချင်းချင်း ချစ်ခင်သော မျက်လုံးတို့ဖြင့် တယောက်နဲ့တယောက် ကြည့်နိုင်ကြပါစေကုန်သတည်း။ အားလုံးလည်း နေ့တိုင်း ဒီဆုကို တောင်း၊ မေတ္တာနာနာပို့။ "ချစ်သောမျက်လုံးနဲ့ ကြည့်ပြီး တော့ တယောက်နဲ့တယောက် ချစ်ခင်သော မျက်လုံးဖြင့် ကြည့်နိုင်ကြပါစေ"လို့ ဘုန်းကြီးတို့ရဲ့ ဆုတောင်းကိုလည်း အစဉ်သဖြင့် ဘုန်းကြီးတို့ရဲ့ နှလုံးသားထဲမှာ တကယ်ရှိတဲ့ ဒီဆုတောင်း, အဲဒါကို ဘုန်းကြီးတို့ တောင်းဆိုပါတယ်။

အဲဒါကြောင့် clear vision,ပါဠိလိုပြောရရင် သမ္မာဒဿန-ရှင်းသော ဉာဏ်အမြင်ကို ရအောင် အပေါ်ယံက label-တွေကို ခွါထား၊ လူသားတွေဟာ လူသားအချင်းချင်း လူသားမျက်စေ့နဲ့ ချစ်သောမျက်လုံးနဲ့ အားလုံးကြည့်နိုင်အောင် ကြိုးစား လေ့ကျင့် ကြရမှာ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ

Cheap Offers: http://bit.ly/gadgets_cheap

ခေါင်းဆောင်တို့ ကျင့်စဉ်(၃)

"နတ္ထိ ဘိက္ခဝေ အနမတဂ္ဂေ သံသာရေ အဉာတိဗုဗ္ဗော" ဘဝသံသရာမှာ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုး ဉာတိ မတော်ဘူးတဲ့ သတ္တဝါ မရှိပါဘူး။ မြတ်စွာဘုရား သံသုမာဂီရိကို ရောက်တော့၊ သံသုမာဂီရိဆိုတာ ဗာရာဏသီ အနီးနားမှာ။ သံသုမာဂီရိမြို့က ဘုရားရဲ့ဆွေမျိုးများ နေတဲ့ ဟို ဟိမဝန္တာတာင်ခြေမှာ အဝေးကြီးပဲ။ သံသုမာဂီရိကို ဘုရားရောက်တော့ အဘိုးကြီး အဘွားကြီး နှစ်ယောက် မြတ်စွာဘုရား အိမ်ရှေ့ရောက်တာ မြင်မြင်ချင်း ထွက်ပြေးလာ ပြီးတော့.. ဟာ..ငါ့သားကြီး အိမ်ကို မလာတာ ကြာပြီ ဆိုပြီးတော့ ဘုရားရှင်လက်ကို ဆွဲပြီး တော့ အိမ်ပေါ်ကို ခေါ်သွားတယ်။

ဘုရားရှင်က လိုက်သွားတယ်၊ ဘာမှ မပြောဘူး။ သံဃာတော်တွေက အံ့သြငေးမောနေတာ။ အိမ်ပေါ်ရောက်တော့ သားကြီးဆိုပြီးတော့ ပုဏ္ဏားကြီးက ချွေးလေး ဘာလေးသုတ်, ခြေလေးဘာလေး ဆေး, အဘွားကြီးကလည်း ဆွမ်းတွေ ဘာတွေပြင်၊ ငါ့သားကြီး ဆွမ်းမကျွေးရတာ ကြာပြီ,စား။ သားအမိ အရင်းလို ပြုစုကြတာ။ နကုလပီတာ နကုလမာတာ။ အဲဒီတော့ အရှင်မောဂ္ဂလာန်၊ အရှင်အာနန္ဒာစတဲ့ သံဃာတော်တွေက ဘုရားဟာ အဖေလည်း ရှိတယ်၊ အမေလည်းရှိတယ်၊

သုဒ္ဓေါဒနတို့ မာယာဒေဝီတို့ ဆိုတာ လူတိုင်းသိတယ်။ ဒီ အဘိုးကြီး အဘွားကြီးက သားကြီး သားကြီးဆိုတာကို ဘုရားကလည်း ငြိမ်ခံနေတယ်။ ဟုတ်မှ ဟုတ်ရဲ့လား? ဘယ်လိုလဲ?။ ဆွမ်းဘုဉ်းပေးပြီးတော့မှ ဘုရားက ရှင်းပေးရတယ်။ တို့ဗုဒ္ဓဘာသာတွေက အတိတ်သံသရာ (cycle of the continue of the birth and death) ဒါကို တို့ ယုံကြည် လက်ခံတယ်။ အဲဒါကြောင့် အတိတ်မှာ မရေမတွက်နိုင်သော ဘဝမှာ ငါဟာ သူတို့လက်ထဲမှာ၊ သူတို့ရဲ့ရင်ခွင်မှာ သားဖြစ်ခဲ့ဖူးတယ်။ အဲဒါကြောင့် ဘဝဟောင်း က ဘာလဲ? အချစ်ဓာတ်။ ပရိသတ်ရေ ဘာလဲ? ဘဝဟောင်းက အချစ်ဓာတ်ပါဘုရား။ ဘဝဟောင်းက အချစ်ဓာတ်က မပြယ်သေးဘူး။

အားလုံး "ဘဝဟောင်းက အချစ်ဓာတ်လေးတွေ မပြယ်ကြပါစေနဲ့" ဆိုတာကိုလည်း ဆုတောင်းနေတယ်။ ဘဝဟောင်းက အချစ်ဓာတ်လေးက မပြယ်သေးတော့ သားဆိုတဲ့ အမှတ်နဲ့ အိမ်ပင့်ပြီးတော့ ဆွမ်းကပ်တာ။ အဲဒီမှာ ဘုရားပြောတာ။ ဘဝဟောင်းမှာ ဆွေမျိုးသားချင်း မတော်ဖူးတဲ့ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူး။ ဆွေမျိုးသားချင်း ဆိုတာ ယဉ်ကျေးအောင် ပြောတာ။ အသေးစိတ်ပြောရရင် သိပ်မကောင်းဘူး။ အသေး စိတ် ပြောချင်သေးလား? လင်မယား မတော်ဘူးတဲ့ ယောက်ျားမိန်းမလည်း မရှိဘူး။ အဲဒီလောက်အထိ ပြောလို့ရတယ်။ ဆရာတပည့် မတော်ဖူးတာလည်း မရှိဘူး၊

အိမ်အောက်က ကိုယ်စားပြီးတဲ့ စားဖတ် ဝါးဖတ်ကို ပစ်ချကျွေးလို့ အမြီးလေး တငေါက်ငေါက်နဲ့ စားနေတဲ့ ခွေးလေးသည်ပင် လွန်ခဲ့တဲ့ ဘဝက ကိုယ့်အဖေ ဖြစ်ချင် ဖြစ်မယ်။ ဘဝဟောင်းက ဆွေမျိုးသားချင်း မတော်ဘူးတဲ့ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူး။ အဲဒီလို နှလုံးသွင်းပြီးတော့. . . ၁။ အချစ်ကို မပြယ်ရအောင် ၂။ အမုန်းတွေကို ပြယ်သွားအောင် ကြိုးစားကြပါ…

ဘုရားလောင်းစိတ်ဓာတ် မွေးဆိုတော့ တဆက်တည်း ဘုန်းကြီးက ဘုရားလောင်းကျင့်စဉ် ဆိုတာလေးကို နဲနဲ ဆက်လက်ပြီးတော့ ပြောပြချင်သေးတယ်။ ဘုန်းကြီးနောက်ထပ် အချိန် (၁၅)မိနစ်လောက် ယူမယ်။ အရေးကြီးတဲ့ အပိုင်းလေးတွေကို ဘုန်းကြီး Point-တွေလောက် ပြောပြီးသွားပါပြီ။ ဘာပြောမလဲဆိုတော့ ဘုရားလောင်းရဲ့ ကျင့်စဉ်က (၁၀)ခု ရှိတယ်။ (၁၀)ခုကို ဗမာတို့ ပြောနေကျအတိုင်း ရိုးရိုးပြောရင် ပါရမီ (၁၀)ပါး။ ပထမ ပါရမီက ဘာများလဲ? ပရိသတ် ကြားဘူးလား? ပြောစမ်းပါ။

ဒါနပါရမီပါဘုရား။ ဒါန။ ဒါန-ဆိုတာကို ဘယ်လို နားလည်လဲ?။ လှူတယ်လို့ ဒီလို နားလည်မယ်နော်။ လှူတာလည်း ဒါနမှန်တယ်။ အဲဒီ ဒါနထဲမှာ ပေးတာကိုလည်း ဒါနအနေနဲ့ထည့်ပါ။ နဲနဲလေး နဲနဲလေး ကွာတာကို ကိုယ့်ဟာကို နှလုံးသွင်းယူပါ။ Share-ဝေပေးတာ၊ ဝေငှတာကိုလည်း ဒါနပါရမီထဲ ထည့်ပါ။ စွန့်လွှတ်တာကိုလည်း ဒါနပါရမီထဲ ထည့်ပါ။ လှူတယ်၊ ပေးတယ်၊ ရှယ်ယာတယ်၊ ဝေငှတာကိုလည်း ဒါနထဲထည့်ပါ။

ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် (United Nation Organization)က "ဗုဒ္ဓနေ့" အခမ်းနား ကျင်းပတယ်။ (၁၆)နိုင်ငံက ကိုယ်စားလှယ်တွေကို စကားပြောဖို့ ဖိတ်တယ်။ (၁၄)နိုင်ငံ က သံအမတ်တွေ ပြောတယ်၊ ဗမာနဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံပဲ ဘုန်းကြီး တက်ပြောတယ်။ Dana means giving up of our position။ ဘာလုပ်တာလဲ?။ မိမိတို့ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်တာ။ Sharing our power with others။ မိမိတို့ရဲ့Power-တွေကို ဘာလုပ်တာလဲ? သူတပါးတို့နဲ့ ဝေငှတာ။ Now-a-day craving for power influence and wealth,

အဲဒါတွေကို သိပ်ပြီး crave-ဖြစ်နေလို့ရှိရင်၊ is the main cause for war and tension။ သိပ်ပြီးတော့ position-ကို အရမ်း မက်မောနေကြလို့ရှိရင် ဘာဖြစ်လဲ?။ Tension-နဲ့ စစ်အတွက် အဓိက အကြောင်းကြီး ဖြစ်နေတတ်တယ်။ ဗိမ္ဗိသာရမင်းကြီး အသတ်ခံရတာ၊ နောက်ပြီးတော့ ကောသလတိုင်းက ကောသလ ဘုရင်ကြီး နန်းလုခံရတာ၊ အဇာတသတ်က အဖေကို သတ်ပြီးတော့ နန်းလုတယ်။

ကောသလတိုင်းမှာ ကောသလဘုရင်ကို နန်းချပြီးတော့ ဝိဋဋူဘက နန်းလုတယ်။ Power sharing-မလုပ်လို့။ ဝေသာလီကျတော့ လိစ္ဆဝီမင်းတွေက "ဝေသာလိယာ လိစ္ဆဝီရာဇာနော ဝါရေန ရဇ္ဇံ ကာ ရေသုံ"-ဆိုပြီးတော့ ဘုရင်ကို လေးနှစ် တကြိမ်, လေးနှစ် တကြိမ် ပါလီမန်လွှတ်တော် ထဲကနေ ရွေးပြီးတော့ ဘုရင်ကို တင်မြှောက်သွားတာကို တွေ့ရတယ်။ ဝေသာလီမှာ ရာဇဂြိုလ်ရဲ့ ဖြစ်ရပ်မျိုး ကောသလတိုင်းမှာမျိုး တခါမှ မဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ဒါန ဆိုတဲ့ သဘောသည် ပစ္စည်းဥစ္စာကို လှူတာလောက် တခုတည်း မဟုတ်ပဲနဲ့ ဝေငှတာ ကော ယူရမယ်။

ကိုယ်က Billion-အထိ ချမ်းသာနေတယ် ကိုယ့်အိမ်ရှေ့မှာ သူတောင်းစားတွေ့ရင် နဲနဲတော့ ဝေပေးပါ။ ကိုယ်က ဘီလျံ (Billion)၊ မီလျံ(Million) လောက် ချမ်းသာနေမယ် ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊ ဆေးမကုနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ရင် ဆေးလေးတွေ၊ ပညာရေးလေးတွေ ဝေပေးပါ။ Sharing our positions with the poor people။ Poverty ကမ္ဘာကြီးက အများကြီး poor-ဖြစ်နေကြတယ်၊ poverty-ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေများနေကြတယ်။ The possessor-တွေက ဘာလုပ်ကြမလဲ? ဝေနိုင်မှ tension-မှုတွေ လျော့ပြီးတော့၊ the world fighting, conflicting-တွေလည်း လျော့သွားမယ်။

ဒါနပါရမီဟာ အလွန်ကျယ်ပြန့်ပါတယ်။ နာနာ ပေးနိုင်ရင် အရာရာကို အောင်မြင်တယ်။ ဒါနံ သဗ္ဗတ္ထ သာဓကံ-ဟောထားတာ ရှိပါတယ်။ Learning the beauty of giving- ပေးကမ်း စွန့်ကြဲခြင်းနဲ့ ပတ်သက်တဲ့ အလှအပလေးတွေကို သင်ယူကြပါ။ We should pity on millions of people who are living under poverty-line- ဆင်းရဲ မွဲတေနေကြတဲ့ လူတွေကို များများကြီး ကြည့်ပြီးတော့ မီလျံနာတွေ၊ ဘီလျံနာတွေက ဝေငှနိုင်တဲ့ စိတ်ဓာတ် တွေ မွေးကြပါ။

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ

(၄)

And suffering from diseases and ignorance-
အဝိဇ္ဇာကြောင့် ရလာတဲ့ mental disease၊ ရောဂါအမျိုးမျိုးကြောင့် ရလာတဲ့ physical disease၊ အဲဒီ disease- (၂)မျိုးကို ခံနေရတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီးတော့ သနားပြီးတော့ များများကြီး ဝေတဲ့အလုပ် ဒါန ပါရမီကို ဖြည့်ကြပါ။ နောက် ဒုတိယ ပါရမီဘာလဲ? သီလပါရမီပါဘုရား။ သီလဆိုလိုက်လို့ရှိရင် ပါဏာတိပါတာ ဝေရမဏိ- ငါးပါး၊ ရှစ်ပါး၊ ကိုးပါး ရွတ်တာကို အားလုံးရဲ့ စိတ်က ရောက်သွားလိမ့်မယ်၊ မှန်ပါတယ်။

ဒါပေမယ့် အဲဒီလောက်တင် မစဉ်းစားပဲနဲ့၊ အတိုချုပ်ကတော့ ဘုန်းကြီး စာလေးတကြောင်း ဖတ်ပြပါမယ်။ Not to generate any evil deeds- မကောင်းတဲ့ အမူအရာကို ဘာမှ မလုပ်ပါနဲ့။ Not to generate any evil speeches- မကောင်းသောစကား ဘာမှ မပြောပါနဲ့။ ဒါ သီလပဲ။ Every leader-ခေါင်းဆောင်တွေ အားလုံး၊ should value-တန်ဖိုး ထားကြပါ။ the life-ဘဝကို တန်ဖိုးထားကြပါ။

Practicing of morality-ကိုယ်ကျင့်တရားကို ထိမ်းသိမ်းခြင်းဖြင့် အားလုံး တန်ဖိုးထားကြစမ်းပါ။ So, guard your morality- ကိုယ်ကျင့်တရားကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ဟာ။ Become good leader- ခေါင်းဆောင်ကောင်း တယောက် ဖြစ်လာမှာပါ။ Foreign policies of nations are-ကမ္ဘာအရပ်ရပ်က ပြည်ပရေးရာ ဝါဒတွေမှာ။ Mostly based on selfish- တကိုယ်ကောင်းဆန်တဲ့ အပေါ်မှာ အခြေခံတတ်ကြတယ်။ And interests lacking moral dimension- ကိုယ်ကျင့်တရားနဲ့ ပတ်သက်တာတွေ လျော့ပါးနေတယ်။ Morality serves- ကိုယ်ကျင့်တရားက အားလုံးကို လုပ်ကျွေးပြုစုမယ်။ As the foundation for the development of meritorious deeds- ဘဝရဲ့ ကောင်းကျိုးတရားတွေ ဖြစ်ပွားဖို့ရန်အတွက် သီလတရားဟာ အားလုံးရဲ့ အခြေခံ ဖြစ်ပါလိမ့်မယ်။

နောက် တတိယ တခုက ဘာလဲ? နေက္ခမ္မပါဘုရား။ နေက္ခမ္မ- ဆိုတာ ဘယ်လို translate (ဘာသာသာပြန်)လုပ်ချင်လဲ? တောထွက်တာလား? တောထဲမှာ အခုလူတွေ အများကြီးပဲ။ ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ ကျောင်းသားတွေရော၊ စစ်သားတွေရော၊ ကချင် တွေရော၊ ကရင်တွေရော အများကြီးပဲ။ ဒါ…တောထွက်တာလား?။ အဲဒါနေက္ခမ္မဆိုတဲ့ စာလုံးကို ဘုန်းကြီးတို့က တောထွက်တာလို့ မဆိုချင်ဘူး။ Renounce-စွန့်လွှတ်တာ။ ဘာလုပ်တာလဲ? စွန့်လွှတ်တာပါဘုရား။ အားလုံးစွန့်လွှတ်နိုင်မှ။

သိဒ္ဓတ္ထက ထိပ်တန်းကနော်။ ဟို…သမ္မာသမ္ဗုဒ္ဓကို မပြောပဲ စကားလုံး တလုံး ပြောပါ့မယ်။ Most perfect one- လောကမှာ အပြည့်စုံဆုံး ပုဂ္ဂိုလ်တယောက်၊ လောကရဲ့ထိပ်တန်း အပြည့်စုံဆုံးသော ပုဂ္ဂိုလ်တယောက် ဖြစ်လာဖို့ရန်အတွက် သူဘာလုပ်ရတာလဲ?။ ယသောဓရာနဲ့ (၁၃)နှစ် လောက် ကာမဂုဏ်စည်းစိမ် ခံစားနေပေမယ့် အဲဒါကို ဘာလုပ်ပစ်ရလဲ?။ စွန့်ပစ်ရပါတယ် ဘုရား။ စွန့်ပစ်ရတယ်.. renounce-ဆိုတာ ဒါကို ပြောတာ။ တောထဲသွားနေတာကို ပြောတာမဟုတ်ဘူး။ renounce- စွန့်ကြ။

ဒီစည်းစိမ်းချမ်းသာလေးကို မစွန့်လွှတ်နိုင်ရင်,မက်မောနေရင်,သာယာမှုလေးတွေကို မစွန့် လွှတ်နိုင်ရင် လောကမှာ ဘယ်တော့မှ ရှေ့တန်းမရောက်ဘူး၊ ထိပ်တန်း မရောက်ဘူး။ renounce- ဆိုတာ စွန့်လွှတ်တာ။ နန်းတော်ကြီးလည်း စွန့်ရတယ်၊ မကြာခင်မှာ သုဒ္ဓေါ ဒနက သူ့ကို ဘာလုပ်တော့မှာလဲ?။ နန်းလွှဲတော့မယ်၊ ဘုရင် လွှဲတော့မယ်။ အဲဒီတော့ မင်းစည်းစိမ်ပါ ဘာလုပ်ရလဲ? အဲဒီတော့ ဒီလိုပြောရင် စိတ်မဆိုးနဲ့။ Renounce the power- သူရမည့် အာဏာပါဝါတွေကို သူဘာလုပ်သွားလဲ?။ စွန့်တာ။ အဲလို စွန့်တဲ့အတွက်ကြောင့် သူဘာဖြစ်သွားလဲ? ဗုဒ္ဓဖြစ်တာ။

အဲဒါကြောင့် ခန္ဓာကိုယ်ရဲ့ သက်သာမှုကလေးတွေ မစွန့်လွှတ်နိုင်သေးသမျှ,မက်မောစရာလေးတွေကို မစွန့်လွှတ်နိုင် သေးသမျှ ဘာဖြစ်လဲ? ဘယ်တော့မှ ထိပ်တန်းတနေရာကို မရဘူး။ စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်ကို အားလုံးမွေးကြ။ Renounce-ဆိုတာ အဲဒါပါပဲ။ We should sacrifice and renounce our time. အချိန်၊ ကျုပ် မအားဘူး၊ ကျုပ် အချိန်၊ ကျုပ်အတွက် အလုပ် လုပ်ရဦးမယ်။ သူများအတွက် အချိန်မပေးနိုင်ဘူး၊ တိုင်းပြည် အတွက် အချိန်မပေးနိုင်ဘူး၊ လူသားတွေအတွက် အချိန်မပေးနိုင်ဘူး၊ လုပ်သမျှ ကိုယ့်အတွက် ကိုချည်း အချိန်ကို အသုံးချတာ။

အချိန်ကိုလည်း မစွန့်လွှတ်နိုင်ဘူး။ နောက်တခုက as long as we should not renounce money- ပိုက်ဆံငွေကြေးလည်း အဆုံးရှုံးမခံနိုင်ဘူး၊ Power-ကိုယ့်ရဲ့ တန်ခိုးသြဇာ ပါဝါကိုလည်း မစွန့်လွှတ်နိုင်ဘူး။ Sensual pleasure-စည်းစိမ်ခံစားရတာတွေကိုလည်း မစွန့်လွှတ်နိုင်ဘူး၊ for the welfare of the nations- သူတပါးတို့ရဲ့ အကျိုးစီးပွားအတွက် ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့စီးပွားဥစ္စာ၊ ကိုယ့်ရဲ့သက်သာမှုတွေကို မစွန့်လွှတ်နိုင်သေးသမျှ မက်မောစရာလေးတွေကို မစွန့်လွှတ် နိုင်သေးသမျှ ဘယ်တော့မှ ထိပ်တန်းကို မရောက်ပါဘူး။

အဲဒါကြောင့် renounce-ဆိုတဲ့ နေက္ခမ္မပါရမီဟာ ကိုယ့်ရဲ့ possession, ကိုယ့်ရဲ့ power, ကိုယ့်ရဲ့ပိုင်ဆိုင်မှု, ကိုယ့်ရဲ့အချိန်,ကိုယ့်ရဲ့သက်သာမှုတွေကို ဘာလုပ်တာလဲ? သူတပါးတို့ အတွက် များများကြီး စွန့်လွှတ်နိုင်အောင် ကြိုးစားကြပါ
***(၄)
နောက် နံပါတ် (၄) ဘာပါလိမ့်? ပညာပါဘုရား။ ပညာ- removing the ignorance-မိမိ နှလုံးသားထဲမှာ ဘာကို ဖယ်နိုင်ဖို့လဲ?၊ အဝိဇ္ဇာကို ဖယ်နိုင်ဖို့ လိုတယ်။ The darkness of delusion in life- ဘဝရဲ့ အမှောင်တွေကို အကုန်လုံး ဘာလုပ်ရမလဲ? ဖယ်ထား နိုင်ရမယ်။ This is right and this is wrong- မှားလား? မှန်လား? မသိတဲ့ အဲဒီအဝိဇ္ဇာတရားကို ဖယ်ပစ်။ Understanding the true and understanding the reality- အရှိတရား အမှန်တရားကို နားလည်အောင် လုပ်ကြ။ Seeing the realistic nature and reviewing the correct vision are very important to make balanced decisions- သိပ်အရေးကြီးတယ်, correct vision။

သမ္မာဒဿန မရှိသေးသမျှ ဘာဖြစ်လဲ? မှန်ကန်သော ဆုံးဖြတ်ချက်ကို မချနိုင်ဘူး။ အသိဉာဏ်က Clear vision-ရှင်းလင်းသော အသိဉာဏ်မရှိသေးသမျှ ဘာဖြစ်လဲ? ဆုံးဖြတ်ချက်တွေ ဘာတွေ ချချ မမှန်နိုင်ဘူး။ မှားတဲ့ ဆုံးဖြတ်ချက် တခုကို ချလိုက်မိပြီ ဆိုလို့ရှိရင် အဲဒါကို လုပ်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီဆုံးဖြတ်ချက် နောက်မှာ ခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဒုက္ခအစဉ်အဆက်ကြီးကတော့ အဆုံးသတ်ဖို့ မလွယ်ဘူး။ အဲဒါကြောင့် ပညာအရေးကြီး ပါတယ်။ ဘုန်းကြီးတို့ မနေ့တနေ့က အမေရိကက ပြန်လာတော့ Barnes and Noble-ဆိုတဲ့ စာအုပ် ဆိုင်ကို သွားပြီးတော့ ဘုန်းကြီးက စာအုပ်တွေကို သွားနေကြဆိုင်မှာ ဝင်ရှာတော့ စာအုပ် ကြီး တအုပ် တွေ့တယ်။ ဗမာလို ပြောမယ် "ကမ္ဘာမှာ အဆိုးဝါးဆုံးသော ဆုံးဖြတ်ချက်ကြီး များရဲ့သမိုင်း"ဆိုတဲ့ စာအုပ်ကြီး တအုပ်ကိုတွေ့တော့ ဘုန်းကြီးက ပျော်ပျော်ပါးပါးနဲ့ ဝယ်လာခဲ့တယ်။

ဘယ်ကစ ဆုံးဖြတ်ထားသလဲဆိုတော့ အာဒံနဲ့ဧဝတို့၊ အီဗရာဟင် တို့က စပြီးတော့ သူတို့ အဆုံးဖြတ်တွေကို မှားလို့ ဒီကနေ့ ကမ္ဘာကြီးမှာ the passion-ဆိုတဲ့ ရာဂတွေ တိုးပွား နေတယ် ဆိုတဲ့အကြောင်း အဲဒီလူက ရေးထားတယ်။ ခရစ်ယာန်တွေကို သူကရေးထား တယ်။ စာအုပ်က တော်တော် ကောင်းတယ်။ The history the words dicession of the world- ဆိုတဲ့ စာအုပ် တအုပ်ရှိတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်တခု ချတော့မယ် ဆိုရင် ဘာလိုလဲ?။ ပညာလိုတယ်။

ပညာမပါပဲ ဆုံးဖြတ်ချက်ချတဲ့ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ဖို့ ခက်ခဲတယ်။ အဲဒါကြောင့် ဘုရားလောင်းရဲ့ပါရမီမှာ ဘာ Quality-လဲ? ပညာပါရမီ။ အားလုံး ဘုရားလောင်း ကျင့်စဉ်ကို ကျင့်ကြတဲ့ ဒီအမျိုးကောင်းသားတွေဟာ ပညာကို လေ့လာကြပါ။ အဲတော့ ကျောင်းတက်မှ ပညာရမယ်လို့တော့ တဖက်သတ်ကြီး မမှတ်နဲ့။ ကျောင်းမတက်ပဲ လည်း ပညာတွေ ရနိုင်ပါတယ်။ ဘုန်းကြီးတို့ နီတိမှာ စာတခုရှိတယ် "လောကော သတ္တာန- မာစေရော။ The whole world is our teacher. လောကကြီးတခုလုံးဟာ ကျွန်ုပ်တို့ရဲ့ ဆရာသမား"။

နေ့စဉ် နေ့စဉ် မြင်နေကြတဲ့ အရာအကုန်လုံးက ကျွနိုပ်တို့ရဲ့ ဆရာသမားတွေ။ အဲဒါတွေ အားလုံးကို ယူသင့်တာ ယူထား၊ ဖယ်သင့်တာကို ဖယ်ထား။ အားလုံးဟာ ပညာပဲ။ Invaluable to decision makers။ Wisdom guided by awareness-သတိနဲ့ ထိန်းချုပ်ထားတဲ့ ပညာ။ is invaluable- အလွန်တရာ တန်ဖိုးကြီးမားတယ်။ ဘာတွေအတွက်လဲ? To decision makers-ဆုံးဖြတ်ချက် တခုကို ချချပေးမည့် လူတွေအတွက် သတိနဲ့ ထိန်းချုပ်ထားသော ပညာသည် အလွန်တရာ တန်ဖိုး ကြီးပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။ သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ

(၅)
နောက်တခုဘာလဲ ပရိသတ်? ဝီရိယပါဘုရား။ ဝီရိယ endeavor။ ဝီရိယဆိုတဲ့ ဥစ္စာဟာ အဓိပ္ပါယ် နှစ်မျိုးပြောလို့ ရပါတယ်။ တမျိုးက ဝီရ- ရဲရင့်သော စိတ်ထား၊ ရဲရင့်တယ်ဆိုတာ သတ်ဖို့၊ ဖြတ်ဖို့၊ ခိုးဖို့၊ လုယက်ဖို့၊ နှိပ်စက်ဖို့ ရဲရင့်တာကို မဆိုလိုပါဘူး။ ဘာလုပ်ဖို့ ရဲရင့်ရမလဲ? အေးသလား? ဒီလောက် အေးနေတဲ့ အချိန်ကြီးမှာ အလုပ် လုပ်စရာ ရှိတယ်၊ အဲဒီအေးနေတဲ့ အရာကို ရဲရဲတင်းတင်း ရင်ဆိုင်ပြီး သွားလုပ်ပါ။ သိပ်ပူတယ်၊ ပူနေ တုန်းလည်း ပူနေတာကို ရဲရဲတင်းတင်းရင်ဆိုင်ပြီးတော့ လုပ်ရမည့် ကိစ္စကို လုပ်သာလုပ်။ ပူလို့ နောက်ဆုပ်နေမယ်၊ အေးလို့ နောက်ဆုပ်နေမယ် ဆိုရင် ဘာဖြစ်မလဲ? အကုန်လုံး အခွင့်အရေးတွေ ဆုံးရှုံးမယ်။

အဲဒါကြောင့် ဝီရဆိုတာ အေးတာတို့, ပူတာတို့,စောခြင်းတို့,နောက်ကျခြင်းတို့, နေကောင်းခြင်း,နေမကောင်းခြင်းတို့,ချစ်သူနဲ့ ခွဲရခြင်းတို့, မုန်းသူနဲ့ တွဲရခြင်းတို့ကို ရင်ဆိုင်ရဲတဲ့ သတ္တိကို ဘာခေါ်သလဲ? ဝီရလို့ ခေါ်ပါတယ်ဘုရား။ အဲဒီ "ဝီရရှိတဲ့ ပုဂ္ဂိုလ်ကို ဝီရိယရှိတဲ့ ပုဂ္ဂိုလ်"လို့ ခေါ်တာပါပဲ။ အဲဒီ ဝီရစိတ်နဲ့ အားထုတ်တဲ့အခါမှာ right-endeavour- အရေးကြီးပါတယ်။ Right-endeavourer-ဆိုတာက မိမိအတွက်လည်း အကျိုးရှိမယ်၊

သူတပါးလည်း အကျိုးရှိ မယ် နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်ဆိုရင် ဒါ endeavour-ပဲ။ ကိုယ့်အတွက်သာ အကျိုးရှိပြီး သူတပါးအတွက် အကျိုးမရှိဘူးဆိုလို့ရှိရင် အဲဒီကိစ္စကို အားထုတ်ဖို့ အများကြီး ကျိုးစားရမယ်။ လောကရေးရာ ဆိုရင်တော့ ဒါကို လုပ်ဖို့ စဉ်းစားရမယ်။ ဓမ္မရေးရာမှာ ဆိုရင်တော့ ကိုယ့် အကျိုးစီးပွားအတွက် ဒါကို လုပ်လို့ရပါတယ်။ အဲဒါ Right endeavourer-မှန်ကန်စွာ အားထုတ်ခြင်း။ Striving steadfastly without slacking in efforts and perseverance is the perfection of right endeavor- ဒါဟာ perfection-တစ်ခုပဲ။ ပါရမီကို perfection-လို့ ခေါ်တယ်နော်။ If you want to perfect man, we should follow ten perfections. ကျင့်စဉ်(၈) နောက်တခုက ဘာတဲ့လဲ ပရိသတ်? ခန္တီပါရမီပါဘုရား။ ခန္တီလည်းပဲ ဘယ်ထဲ ပါသလဲ? ပါရမီထဲ ပါပါတယ်ဘုရား။

ခန္တီအကြောင်း ပြောပြီးပီ။ မြေကြီးလို ကျင့်ကြ။ ကျင့်စဉ်(၉) နောက်တခုက ဘာတဲ့လဲ ပရိသတ် ခန္တီပြီးတော့? သစ္စာပါရမီပါဘုရား။ သစ္စာ။ အဲဒါကိုလည်း ရေးထားတဲ့ ဘုန်းကြီးရဲ့ စာတမ်းလေး ဖတ်ပြီးတော့ အပြည့်အစုံ ပြောပြမယ်။ Leaders, any leaders should not utter-မပြောသင့်ဘူး။ Any conscious lies- သိလျက်နဲ့ မဟုတ်တာကို မပြောနဲ့။ For the sake of wealth and power- စီးပွားဥစ္စာနဲ့ ပါဝါအတွက် သိလျက်နဲ့ မဟုတ်တာကို မပြောရဘူး။ They should not be swayed by desire-ရာဂကြောင့်လည်းပဲ လောဘနဲ့ပဲလည်း မဟုတ်တာကို မပြောရဘူး။ ဒေါသကြောင့်လည်းပဲ မဟုတ်တာကို မပြောပါနဲ့။ They should not be swayed by fear- ကြောက်လို့လည်းပဲ မဟုတ်တာကို မပြောပါနဲ့။ They should not be swayed by delusion- မသိသဖြင့် မောဟ လွှမ်းပြီးတော့လည်း မဟုတ်တာကို မပြောပါနဲ့။ Leaders should constantly establish the Perfection of Truthfulness-

မှန်ကန်စွာ ပြောဆိုတဲ့ အလေ့အကျင့်ကို အားလုံး စနစ်တကျ တည်ဆောက်ကြပါ။ Which is speaking only the truth with no duplicity in speech- စကားထဲမှာ နှစ်ခွန်း မရှိပါစေနဲ့၊ နှစ်မျိုးမရှိပါနဲ့။ Planet Venus pursues its own course through all the seasons- Planet Venus- ဘာလဲ? အင်္ဂါဂြိုလ်လား? ကမ္ဘာမြောက်ဝင်ရိုးစွန်းမှာ သွားနေတဲ့ ဓူဝင်ကြယ်၊ ကမ္ဘာကြီးကို ပတ်နေတာ လမ်းကြောင်း လေး ပြောင်းပြီးတော့ ဟိုလမ်းကြောင်း ဒီလမ်းကြောင်းကနေ သွားဦးမယ်ဆိုပြီးတော့ ဘယ်တုန်းက သွားဘူးလဲ?။ ကမ္ဘာပတ်နေတဲ့ ကြယ်တာရာတွေ, လတွေ, နေတွေ, ဒီ orbits-တွေ, ဒီ planet-တွေဟာ ဒီ orbit-ကိုသာ ပြောင်းပြီးသွားရင် ကမ္ဘာကြီး ဘာဖြစ်မလဲ? ကမ္ဘာပျက်မယ်။ အဲဒါကို စံနမူနာထားပြီးတော့ မှန်ကန်သော လမ်းကြောင်းက အားလုံး လျှောက်ကြပါ၊ သစ္စာပါရမီ။

နောက်နံပါတ် (၈) ဘာပါရမီလဲ ပရိသတ်? အဓိဋ္ဌာန ပါရမီပါဘုရား။ အားလုံး ဘုန်းကြီးက ဘုရားလောင်းကျင့်စဉ်ကို ပြောနေတာ။ စစ်ခေါင်းဆောင်အားလုံး၊ နိုင်ငံရေးခေါင်းဆောင် အားလုံး,လူမှုရေး,ဘာသာရေး, သာသနာရေး ခေါင်းဆောင်အားလုံးကို ဘုန်းကြီးက ဘုရားလောင်းတွေလို ကြည်ညိုပြီး ပြောနေတာ။ အခု အဓိဋ္ဌာနပါရမီ-resolusion။ The leaders should make resolution as steadfast as a rocky mountain-ကျောက်တောင်ကြီးကဲ့သို့ ခိုင်မာသော ဆုံးဖြတ်ချက် ရှိရမယ်။

အခုတမျိုး အခုတမျိုး မလုပ်ရဘူး။ ဆုံးဖြတ်ချက်တခု ချပြီးရင် အဲဒီ decision-ကို ချ တော့မယ် ဆိုရင်လည်း ဘာနဲ့ ချရမလဲ? သတိနဲ့ ထိန်းထားတဲ့ ပညာနဲ့ ဆုံးဖြတ်ချက် ချရင် အဲဒီဆုံးဖြတ်ချက်သည် မမှားဘူး။ အဲဒီမှန်ကန်တဲ့ အကျိုးရှိမည့် ဆုံးဖြတ်ချက်ကို ချပြီးရင် ကျောက်ထဲမှာ စိုက်ထောင်ထားတဲ့ ကျောက်တိုင်လိုဆို ဘာဖြစ်မလဲ? ဒီဆုံးဖြတ်ချက်ဟာ ခိုင်းမြဲနေရမယ်။ ဖွဲထဲမှာ, သဲထဲမှာ စိုက်ထားတဲ့ တိုင်လို ရိုင်မနေရဘူး။ Which never trembles when the storm beats upon it- မုန်တိုင်းတွေ တိုက်ချင်တိုင်းတိုက် ကျောက်ထဲမှာ စိုက်ထားတဲ့ ကျောက်တိုင်က ဘယ်တော့မှ မယိမ်းယိုင်ဘူး။ Likewise,leaders must be unshaken in their resolution- ဆုံးဖြတ်ချက်တွေ အားလုံး ဘယ်တော့မှ မယိမ်းယိုင်ပါစေနဲ့။

နောက် နံပါတ် (၉) ဘာပါရမီလဲ? မေတ္တာပါရမီပါဘုရား။ မေတ္တာ- ပြောပြီး သွားပြီ။ မေတ္တာက ဘာနဲ့တူတဲ့ အကျင့်လဲ?၊ ရေနဲ့ တူတဲ့ အကျင့်ပါဘုရား။ ရေလို ကျင့်ကြပါ။ လူကောင်းတွေသောက်လည်းပဲ၊ သူတော်ကောင်းတွေ သောက်လည်းပဲ ဘာဖြစ်လဲ? အေးချမ်းတယ်။ လူမိုက်တွေလူဆိုးတွေ သောက်ရင်လည်း အေးချမ်းတယ်။ လူကောင်း လူဆိုး နှစ်မျိုးလုံးကို ရေသည် အေးချမ်းစေသလိုပဲ ရန်သူမိတ်ဆွေ အားလုံး ဘာဖြစ်ပါစေလဲ? အေးချမ်းပါစေလို့ နှလုံးသွင်းကြပါ။ မေတ္တာ။ နောက်ဆုံး နံပါတ် (၁၀) ဘာပါရမီလဲ ပရိသတ်? ဥပေက္ခာပါရမီပါဘုရား။ ဥပေက္ခာ။ We all leaders, any leaders, religious leaders, national leaders, social leaders, political leaders, any leaders should not be perturbed by prosperity- စီးပွားဥစ္စာတွေကြောင့် စိတ်တွေ ဘာဖြစ်ရမလဲ? စိတ်တွေ မယိမ်းယိုင်ရဘူး။ and adversity gain and lost- Gain-အသစ်ရတာ, စိတ်က ဘာဖြစ်လာလဲ? စိတ်ကမြောက်သွားတယ်။ Lost-ဘာဖြစ်လဲ? ဆုံးရှုံးကုန်ပြီ၊ စိတ်ဓာတ်တွေကျလာတယ်။

သိပ်အောင်မြင်နေပြီဆိုရင် ဘာဖြစ်လဲ? မြောက်ကြွကြွ ဖြစ်လာတယ်။ ဆုံးရှုံးကုန်ကြပြီဆို စိတ်ဓာတ်တွေ ကျလာတယ်။ Gain and lost-အဲဒီ နှစ်ခုကြောင့် စိတ်က ဘာဖြစ်ရလဲ? မယိုင်ရဘူး။ Honor- ဂုဏ်ကျေးဇူး အပြောခံရတယ်။ Censure- ကဲ့ရဲ့ခံရတာ။ ဂုဏ်ကျေးဇူးကို အပြောခံရလို့ ဘာဖြစ် လာသလဲ? ငါပဲကွ ငါပဲကွ ငါ့အတွက် ဒါပြောတာ။ ဒါငါလုပ်တာ။ ကဲ့ရဲ့လာတော့ ငါမဟုတ်ဘူး၊ ဒါ ငါမလုပ်ဘူး၊ ဟိုကောင်တွေ။ ဘုန်းကြီးတို့ဆရာ အနီးစခန်း ပြောတယ်။ အင်္ဂလိပ်ကြီး အမဲပစ်သွားတာ ဗမာအရာရှိတွေ နောက်ကလိုက်ရတယ်။ အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ်အရေးပိုင်, ဗမာပြည်မှာ အုပ်ချုပ်နေတာ အတော်ကြာလာတော့ ဗမာစကားလေး မတောက်တခေါက် ပြောတတ် လာတယ်။ ဗမာအရာရှိတွေက နောက်က လိုက်ရတယ် တောထဲသွား အမဲပစ်တယ်။ ဒိုင်း. . .ဆို ပစ်ချလိုက်တယ်၊ သမင်ကို တည့်တည့် မှန်တယ်။ အဲဒီ အင်္ဂလိပ်အရေးပိုင် ပစ်တာ မမှန်ဘူး။

သူ့နောက်က မြို့ပိုင် ပစ်တာ မှန်တယ်။ ဟိုမှာ သွားကြည့်တော့ သမင်လေးဆိုတော့… အင်္ဂလိပ်အရေးပိုင်က ရိုင်ဖယ်ကြီးကို ကိုင်ပြီးတော့ ဒါ နာကျစ်တာကွ၊ ဒါ နာကျစ်တာ။ မြို့ပိုင်က ပစ်တာ, အင်္ဂလိပ် အရေးပိုင်က ပစ်တာကို မဟုတ်ဘူး။ သမင်ကို ပစ်တာ မှန်တိုင်း မှန်တိုင်း ငါကျစ်တာချည်းပဲကို လုပ်တာ, အင်္ဂလိပ်အရေးပိုင်။ နောက်ကျတော့ ဒိုင်း…ဆို ပစ်လိုက်တာ သမင်မဟုတ်ဘူး၊ ယာခုတ်နေတဲ့ လူကြီးကို မှန်တာ၊ သွားကြည့်တော့ လူသွားမှန်တာ…၊ အဲဒီတော့ အင်္ဂလိပ်ကြီးက ဟင်း. . .ဒါ ငါကျစ်တာ မဟုတ်ဘူး၊ နင် ကျစ်တာ။ အဲဒီတော့ ကောင်းလာလို့ ဆိုရင်တော့ ငါပဲ၊ ဆိုးလာလို့ဆိုရင်တော့ နင်ပဲ။ အဲဒီလို မလုပ်ကြနဲ့။ We all leaders should not be perturbed by prosperity and adversity, gain and lost, honor and censure. A leader must have the quality of equilibrium of mind- စိတ်ဓာတ်က ဘာဖြစ်ရမလဲ? တညီတည်း ရှိရမယ်။

ကောင်းချင်လည်း ကောင်း၊ ဆိုးချင်လည်း ဆိုး၊ တညီတည်း။ ဗုဒ္ဓရဲ့ Middle way-က နေရာတကာမှာ ဝင်တယ်။ အခုနက ခန္တီမှာကြည့် ဘာဖြစ်သလဲ? ချေးယို သေးပေါက်လည်း ခံရတယ်၊ စိတ်မပျက်နဲ့။ ချေးနဲ့ သေးနဲ့ အပက်ခံရလည်း စိတ် မပျက်နဲ့။ ပန်းကုံး အဆက်ခံရလည်း စိတ်မမြောက်နဲ့။ Middle way-ပဲ ကျင့်ရမယ်။ မေတ္တာကြတော့ ဘာဖြစ်လဲ? ကောင်းတဲ့လူတွေလည်း ချမ်းသာ ကြပါစေ၊ ဆိုးတဲ့ လူတွေလည်း ကျန်းမာပါစေပဲ။ Middle way-ပဲ။ ဗုဒ္ဓရဲ့ Middle way-က in every case-ပဲ။ You can apply။ အဲဒါကြောင့် Buddhist Acadamy-က ဘာတွေကို သင်မလဲ? Apply Buddhism-ကို သင်တာ။ ဗုဒ္ဓတက္ကသိုလ်ရဲ့ ရည်ရွယ်ချက်သည် ဘာလုပ်ကြမလဲ? သံဃာငယ်တွေကို apply Buddhism-လောကကြီး လူတကာနဲ့ အသုံးချနိုင်တဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေကို သင်ပေးမယ်၊

လူနဲ့ တထပ်တည်းဖြစ်အောင်။ အဲဒါကြောင့် Morning class-ဘုန်းကြီးတို့ ဒကာ ဒကာမ တွေအတွက် ဖွင့်မယ်ဆိုတာကလည်း အဲဒါပါပဲ။ Apply Buddhism-ကို သင်ပေးမယ်။ Equilibrium of mind- ဥပေက္ခာ ဆိုသည်ကား ကောင်းသော အနေအထား၊ ဆိုးသော အနေအထား ဘယ်အနေအထားမှာမဆို စိတ်ကို ဘယ်လိုထားရမလဲ? Equal,stability သာတူ ညီမျှဖြစ်အောင်၊ ငြိမ်နေအောင် အားလုံး ကျင့်သုံးကြ။ ဒါပြောပါတယ်။ We should go through middle way by being always evenly balanced in both favor and fear without attachment- သိပ် favor-ရရင်လည်း do not attach-ပဲ။ fear-ဖြစ်လာရင်လည်း do not deattach။ အဲဒီနှစ်ခုကို လွတ်အောင် အလယ်က သွားတာကို ဘာခေါ်သလဲ? Equanimity။ အဲဒါတွေ အားလုံးဟာ ဘယ်သူ့ ကျင့်စဉ်တွေလဲ? ဘုရားလောင်း ကျင့်စဉ်။ ဒါတွေကို ပါဠိလို ဘာခေါ်သလဲ? ပါရမီ။ ပါရမီကို အင်္ဂလိပ်လို ဘာသာပြန်တော့ Perfection။

အားလုံးသော ဘဝသံသရာ တလျှောက်လုံးက ဆွေမျိုးမတော်ခဲ့ဘူးသော ပုဂ္ဂိုလ်သတ္တဝါ မရှိဆိုတဲ့ မြတ်စွာ ဘုရားရဲ့ အနမတဂ္ဂ သုတ်တော်အရ ဒီကနေ့ ဘုန်းကြီးတို့ ပြောဆိုတဲ့ တရားစကား လာရောက် နားထောင်ကြတဲ့ အမျိုးသားအမျိုးသမီး အားလုံးဟာ ဘုန်းကြီးတို့ရဲ့ ဘဝဟောင်းက ညီအစ်ကို မောင်နှမဟောင်းတွေပါလို့ ဘုန်းကြီးတို့ ဒီလို သဘောထား ပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ကြတဲ့ လုပ်ငန်းဟာ ဘာလုပ်ငန်းလဲ? ဘုရားလောင်း လုပ်ငန်း, အဲဒါကြောင့် ဘုရားလောင်းကျင့်စဉ် (၁၀)ပါးကို Leadership quality- များအနေနဲ့ ဘုန်းကြီးတို့ ဒီကနေ့ ပြောပြပါတယ်။

နိုင်ငံမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ လူလူချင်း တယောက်နဲ့ တယောက်၊ တယောက်အကျိုးစီးပွားကို တယောက်က ဆောင် ရွက်တဲ့အခါမှာ ဘာသာရေး ခေါင်းဆောင်များသည်ပင် ဒီအတိုင်း ပါရမီ (၁၀)ပါးလမ်းစဉ် အတိုင်း.... (Ten kinds of perfections)ဆိုတဲ့ ပါရမီ (၁၀)ပါးအတိုင်း အားလုံး ကျင့်သုံးနိုင်ကြမယ် ဆိုရင် တိုင်းသူပြည်သား လူအများလည်း သူတို့ရဲ့အကျိုးစီးပွားတွေ ဘာဖြစ်လာမလဲ? Perfect- တိုင်းသူပြည်သား လူအများရဲ့ အကျိုးစီးပွားလည်း perfect-ဖြစ်လာအောင်၊ ခေါင်းဆောင်တွေ အားလုံးကလည်း ဘာဖြစ်လဲ? Perfect men-တွေ ဖြစ်လာအောင် ဒီ ten kinds of perfection-ဆိုတဲ့ ပါရမီ (၁၀)ပါး အားလုံးကို လိုက်နာကျင့်သုံးပြီးတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွားအားလုံး ပြည့်စုံအောင် ကျင့်သုံးကြပါ၊ ကျင့်သုံးနိုင်ကြပါစေဆိုတာ ဘုန်းကြီးက လေးနက်စွာ တိုက်တွန်းပြီးတော့ ဒီမှာတင် နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊