Thursday, April 7, 2016

ပြင်ဖို့ မလိုဘူး

ပြင်ဖို့ မလိုဘူး
------------------

ဟိုတုန်းက အိုလံပစ်ပွဲတွေမှာ တိုင်းတာက တစက္ကန့် ရဲ့ ဆယ်ပုံတစ်ပုံ အခုတိုးတက်လာတော့ တစက္ကန့် ရဲ့ သန်းပေါင်းတစ်ထောင်ပုံတစ်ပုံ

ဟိုတုန်းက ကင်မရာဟာ ဘယ်တော့မှ မလိမ်ဘူးတဲ့ အခုကျတော့ ကင်မရာတွေလိမ်နေကြပြီတဲ့ 

ဟိုတုန်းက ကမ္ဘာကြီးရဲ့အသက်တမ်း ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့အသက်တမ်း ဟာ သန်းနဲ့ ချီပြီးဖေါ်ထုတ်နိုင်တယ် အခုကျတော့ ဘီလီယံ ထရီလီယံ တို့ နဲ့  ချီပြီး ဖေါ်ထုတ်နိုင်ကြပြီ 

သိပ္ပံရဲ့ သဘောက ကြာလေ အသစ်တွေ့  ရှိလေ ပြောင်းလဲပြီး သတ်မှတ်ရလေပဲ 

ဒါတောင် ရာစုနှစ်အတွင်းပဲရှိသေးတယ်

ခဏခဏ ပြောင်းလဲနေရတယ်

လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် ကတည်းက ဟောကြားခဲ့တဲ့ ဗုဒ္ဓရဲ့တရား တော်တွေဟာ ဒီနေ့ ထိ တသမတ်ထဲပဲ

ပြောင်းလဲစရာမလို အမှားပြင်ဆင်ချက် ထည့်ရန်မလို  ထည့်လို့ လဲမရ ပြောင်းလဲ လို့ လည်းမရဘူး  အဲဒါဟာ  ထာဝရအမှန်တရားမို့ ပဲ  နောက်ပြီး ဗုဒ္ဓဘာသာဆိုတာ တခြားဘာသာတွေလို နှောင်းလူတွေ တဖြေးဖြေးရေးလို့  ကျယ်ပြန့် လာရတာမျိုးလည်း မဟုတ်ဘူး  အယူအဆအသစ်တင်သွင်းလို့ မရဘူး တခြားအယူတွေရောလို့ မရဘူး ပိုတယ်ဆိုပြီးလျှော့စရာမရှိဘူး လိုတယ်ဆိုပြီး ထပ်ဖြည့်စရာမရှိဘူး မှားတယ်ဆိုပြီးထောက်ပြစရာမရှိဘူး  မယုံကြည်ဘူးဆိုပြီးပါယ်နိုင်စွမ်းမရှိဘူး

ဘာ့ကြောင့်လည်းဆိုတော့

မယုံကြည်ရင်ကျင့်ကြံကြည့် ပြီးမှ လက္ခံ လို့ စိန်ခေါ်ထားတဲ့ ဘာသာမို့ ပဲ

ဒီတစ်ဘဝတည်းတင်မကဘူး
နောင်ဘဝပေါင်းများစွာအတွက်ပါ
အေးငြိမ်းမူ့ ပေးနိုင်တယ်

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်များဟာ
အင်မတန် ကံကောင်းလှတယ်ဆိုတာ
သဘောပေါက်ကြရမယ်

Share

No comments:

Post a Comment