Thursday, April 7, 2016

ယနေ့ထုတ်ပြန်ခဲ့သည့်် .. နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရုံး ကြေငြာချက်(၁၊၂၀၁၆)

ယနေ့ထုတ်ပြန်ခဲ့သည့်် ..
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရုံး
ကြေငြာချက်(၁၊၂၀၁၆)  ကို
ရှင်းလင်းစွာ နားလည်လွယ်စေရန်
ဖော်ပြ ရပါလျှင် ....

ခြေဥ ၂၀၄ (က) နဲ့..
ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) တို့သည်....

တရားရုံးမှ ပြစ်ဒါဏ် ချမှတ် ပြီး
ယခုလက်ရှိ ပြစ်ဒဏ် ကျခံနေကြရသည့်
သူများ..ကို နိုင်ငံတော် သမ္မတ က
လွတ်ငြိမ်း .သက်သာ ခွင့်ပေးခြင်း ဖြစ်ပြီး ....

ခြေဥ ၂၀၄(ခ) သည်
စစ်ဆေးဆဲ အမှု များကို..
ရင်ဆိုင်နေကြရသူ များနှင့့်
ပြစ်ဒဏ်ကျခံနေရသူများအတွက့့်.
နိုင်ငံတော် သမ္မတ က ကာလုံ၏
ထောက်ခံချက်ရယူပြီး
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင့်း့နှင့်

ကျင့်ထုံး ၄၉၄ သည်
စစ်ဆေးဆဲ အမှုများကို ရင်ဆိုင်နေကြရသူများ
အတွက် အစိုးရတရား ရုံးများက အမှုပိတ်သိမ်းပြီး
တရားရုံး၏ သဘောတူညီချက်ဖြင့်
အမှု မှလွတ်ငြိမ်းခွင့် ပြုခြင်း
့.တို့ ဖြစ်ပါ တယ့့်။

အမိန့်၏ အပိုဒ် ၂ အရ့ကာလုံဖြင့်
ညှိနှိုင်းဆောင်ရွက် ရမည့်
ခြေဥ ပုဒ်မ ၂၀၄ (ခ ) ကို အသုံးမပြု ဘဲ
နိုင်ငံတော်သမ္မတ လုပ်ပိုင်ခွင့် ရှိသည့်
ိုခြေဥ ပုဒ်မ ၂၀၄( က ) နှင့်
အခြားကျင့်ထုံးဥပဒေ  ပုဒ်မ ၄၉၄ လမ်းကြောင်းမှ
ကြိုးပမ်း ဆောင်ရွက်သွားနိုင်မည် ဟု
ပါရှိပါကြောင့်း့

No comments:

Post a Comment