ဘဝဆိုတာ နောက်ပြန်လှည့်လို့မရတဲ့
ခရီးတစ်ခုပါ...
သာယာရှုမောဖွယ် ရှုခင်းတွေ တွေ့ရတဲ့အခါ
ရှိသလို လျှိုမြောင်တွေကြား ကိုယ့်လမ်းကို
ထွင်ယူရတဲ့အခါလည်းရှိမှာပေါ့....
တခါတလေလဲ အားငယ်၊
တခါတလေ အားတက်နေတဲ့အခါလဲရှိမယ်...
ဖေးမပေးသူတွေနဲ့ တွေ့ရတတ်သလို
ဆွဲချ၊တွန်းချတတ်သူတွေနဲ့ ဆုံရတတ်ပါတယ်...
သွားရင်းလာရင်း မိတ်ဖြစ်သွားသူတွေ
မိတ်ပျက်သွားသူတွေ အများကြီးကြုံရမယ်....
ကိုယ့်ဘဝကို စိတ်မပျက်မိဖို့ပဲ
အရေးကြီးပါတယ်...
ပင်ပန်းရင်ခဏနား လန်းသွားရင် ရှေ့ဆက်သွားပေါ့
ရပ်ထားလို့တော့ မရဘူးလေ...
ဆင်သွားမှ လမ်းဖြစ်တာ မဟုတ်ဘူး....
ပုရွက်ဆိတ်သွားရင်လဲ ပုရွက်ဆိတ်လမ်းတော့ဖြစ်တာပဲ....
လူကသွားနေရင် လူသွားတဲ့လမ်း
ဖြစ်ကိုဖြစ်ရမယ်....
သွားနေသူအတွက် လမ်းရှိပါတယ်....
တစ်တောင်ဆုံးရင် နောက်တစ်လုံးကျန်သေးတယ်
ရည်ရွယ်တာတစ်ခု ပြီးမြောက်သွားရင်
နောက် ရည်မှန်းချက်တစ်ခုချ လုပ်ကြရဦးမယ်...
တွဲခေါ်သင့်တဲ့သူတွေကို တွဲခေါ်ရင်း
ရှေ့ကိုရောက်နှင့်တဲ့ လူတွေကို
လှမ်းမျှော်အားကျရင်း
ကိုယ်တိုင်သတ်မှတ်ထားတဲ့ ပန်းတိုင်ဆီ
မရောက်ခင်မှာ အားမလျှော့ဖို့တော့
လိုပါတယ်....
~WPH~
မောင်(စွယ်စုံကျမ်း)
No comments:
Post a Comment