Thursday, April 7, 2016

ဒီနေ့လုပ်စရာ

ဒီနေ့ လုပ်စရာရှိတဲ့အလုပ်တွေကို
ပြီးအောင် အပြတ်လုပ်မှဖြစ်မယ်။

မပြီးနိုင်တာတွေ ကျန်နေရင်လည်း
ခေတ္တလွှတ်ချလိုက်ရပါတော့မယ်။

ဒီနေ့လုပ်စရာ
************
သိမ်ဖြူလမ်းက ပြန်ကြားရေးရုံးငွေစာရင်းဋ္ဌာနမှာ
စာပေဗိမာန်ကိစ္စ သွားရန်
ဗုဒ္ဓနေ့ပန်းဖလက်များ ၅၁ လမ်းမှာ သွားရွေးရန်
တရားစခန်းဓမ္မဒါနစာရွက်စာတမ်းများ မိတ္တူကူးရန်
ရိပ်သာအတွက် လက်ကျန် ဗီနိုင်းများထုတ်ရန်
သိမ်ကြီးဈေးတွင် အမိုးနေကာအစိမ်းစနှင့် တာလပတ်
ဖ ယောင်းပုဆိုးများ ရိပ်သာအတွက် ၀ယ်ရန်
လျှပ်စစ်ပစ္စည်းနှင့် မီးကြိုးများဝယ်ရန်
အသံချဲ့စက်နှင့် မိုက်ကရိုဖုန်းများပျက်နေ၍ အသစ်
ဝယ်ယူရန်။
ဘုရားရောင်ခြည်တော်မီးစက်ဝိုင်းပျက်နေခြင်း
ပြင်ရန်အပ်ထားတာ ရွေးရန်
ဖိတ်ရန်ကျန်သေးသော အလှူရှင်တစ်ချို့ကို တရား
စခန်းနှိုးဆော်ဖိတ်စာပေးရန်
တရားစခန်းကျွေးမွေးရန် ကုန်ခြောက်ပစ္စည်းတစ်ချို့
ဝယ်ရန်
အာဟာရဆောင်တွင်ပြုလုပ်နေ သော သံကြောင်အိမ်
အတွက် သံဇကာ ၅ ချပ် ၀ယ်ရန်
ဝိပဿနာရိပ်သာစာကြည့်တိုက်အတွက် လှူဒါန်းထား
သော တရားစာအုပ်များသယ်ယူရန်
ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ ဆောင်းပါးများ
ဂျာနယ်တိုက်သို့ပို့ရန်
အလုပ်သမားများ လုပ်အားခလက်ကျန်များရှင်းပေးရန်
ည နေ ၆ နာရီ အ ရောက် တွံတေးတောကြီးတန်း
တောစခန်းရိပ်သာသို့သွားရောက်ရန်။
မြ၀တီဆရာတော်မှာထားသော တရားစာအုပ်များကို
ကားဂိတ်သို့ ပို့ပေးရန်။

မနက် ၉ နာရီ ရုံးဖွင့်ချိန်စောင့်ရင်း တစ်နေ့တာကို
စတင်ပါပြီ။
ဒီနေ့တော့ ကားလည်းပန်း လူလည်းနွမ်းဖို့ပြင်ပေ တော့။

ထို့ကြောင့် တစ်ချို့ကိစ္စများလွှတ်ချလိုက်ရပါသဖြင့်
သက်ဆိုင်သူများကို တောင်းပန်အပ်ပါသည်။

သင်္ကြန်ကျော်ပြီး ၄ ရက်ထိ ရန်ကုန်ရှိမည်မဟုတ်ပါ။
ကိစ္စရှိက တွံတေးတောစခန်းရိပ်သာသို့သာ ကြွရောက်
တော်မူကြပါကုန်။
>>>>>>>>>>>>
ဓမ္မစက္ကဦးမောင်မောင်
၈.၄.၂၀၁၆

No comments:

Post a Comment