Wednesday, February 13, 2019

ပုဂ္ဂိုလ် ၁၀၈ ယောက်

ပုဂ္ဂိုလ် ၁၀၈ ယောက်
******
(ယေ ပုဂ္ဂလာ အဋ္ဌသတံ ပသတ္ထာအရ ပုဂ္ဂိုလ် ၁၀၈ ယောက်)

ဧကဗီဇီ, ကောလံကောလ, သတ္တက္ခတ္တုပရမ-သောတာပန်ပုဂ္ဂိုလ်(၃)​ယောက်
၎င်း(၃)​ယောက်ကို ပဋိပဒါလေးပါးနှင့် မြှောက်- သောတာပန် (၁၂)​ယောက် ဖြစ်​၏။

ကာမဘုံ, ရူပဘုံ, အရူပဘုံတို့၌ ရအပ် ရောက်အပ်ပြီးသော ဖိုလ်ရှိသကဒါဂါမ်ပုဂ္ဂိုလ် (၃)​ယောက်၊
၎င်း(၃)​ယောက်ကို ပဋိပဒါလေးနှင့် မြှောက်- သကဒါဂါမ် (၁၂)​ယောက် ဖြစ်​၏၊

အဝိဟာဘုံ၌ အန္တရာ ပရိနိဗ္ဗာယီ, ဥပဟစ္စပရိနိဗ္ဗာယီ, သသင်္ခါရပရိနိဗ္ဗာယီ, အသင်္ခါရပရိနိဗ္ဗာယီ, ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ-
အနာဂါမ်ပုဂ္ဂိုလ်(၅)​ယောက်,
ထို့အတူ အတပ္ပါဘုံ၌ (၅)​ယောက်,
သုဒဿာဘုံ၌ (၅)​ယောက်,
သုဒဿီဘုံ၌ (၅)​ယောက်
အကနိဋ္ဌဘုံ၌ ဥဒ္ဓံသောတ အကနိဋ္ဌဂါမိ အနာဂါမ်ကြဉ်၍ ကျန်ပုဂ္ဂိုလ်(၄)​ယောက် ရ၏၊ စုစုပေါင်း အနာဂါမ်ပုဂ္ဂိုလ် (၂၄)​ယောက် ဖြစ်၏၊

သုက္ခဝိပဿကရဟန္တာ, သမထယာနိကရဟန္တာပုဂ္ဂိုလ် (၂)​ယောက်

မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်(၄)​ယောက်

စုစု​ပေါင်း ပုဂ္ဂိုလ် (၅၄)​ယောက် ဖြစ်​၏၊

၎င်း(၅၄)​ယောက်ကို-
သဒ္ဓါဓုရပုဂ္ဂိုလ်,
ပညာဓုရပုဂ္ဂိုလ် နှစ်မျိုးဖြင့် မြှောက်လျှင် ပုဂ္ဂိုလ်ပေါင်း (၁၀၈) ယောက် ဖြစ်၏။

(ခုဒ္ဒက၊ဋ္ဌ။၁၅၃။)

Ven IndacaryaMawgyun

No comments:

Post a Comment