Wednesday, November 7, 2018

ခေတ်​အမြင်​နဲ့ ​ပေါ်လစီ

ခေတ်​အမြင်​နဲ့ ​ပေါ်လစီ
******
တစ်​ပိုင်း​ကြောင်​ ကျက်​စာရရုံနဲ့
ခက်​ပါလှ သ​ဘောဉာဏ်​၊
ထက်​မာနအ​ပြောသန်​တယ်
ဒေါသမာန်​ ထူးပွား၊
စောဒက တုဖက်​လာလျှင်
သူထက်​ငါ ငြင်းတဲ့လူစား။ ။

ဘုရား​ဟော မြတ်​ဓမ္မက္ခန်​ကို
တတ်​​လေဟန်​ ​ယောင်​ဝါး၊
ပရမတ်​ပြန်​ အ​ကြောင်းသမား​တွေမို့
ထောင်​လွှာကြ သူ့ထက်​ငါ၊
အသိဉာဏ်​ တစ်​ထွာ​လောက်​ကယ်​နှင့်​၊
ဉာဏ်​မ​ထောက်​ ​ဟောတတ်​လှပါ။

ပရိသတ်​​ထောမနာ​အောင်
စောဒနာဉာဏ်​အ​ကောက်​​တွေနှင့်​၊
ကန်​အ​ကြောက်​ အတင်​မ​ရှောက်​၊
ငြင်းကြလူ့​ဘောင်​။
ပိဋကတ်​အစွယ်​​ထောင်​လျှင်
အပ်ါပယ်​​ဘောင်​ ဆင်းရလိမ့်​​လေး။

မှတ်​ချက်​။ လယ်​တီဆရာ​တော်​ဘုရား၏ ​တေးထပ်​ဆုံးမစာကို ကျွဲခြံ​ချောင်​ဖျား​ကျေးရွာ ဓာတ်​​တော်​စု​ကျောင်း ဆရာ​တော်​၏ ဆုံးမသြဝါဒမှ ပြန်​လည်း ​ရေးသားဖြန့်​​ဝေလိုက်​သည်​။
#######
ဓမ္မာစရိယအလင်းအိမ်​(7:11:2018)

No comments:

Post a Comment