အသဲတမား B ပိုး C ပိုးရောဂါရှိနေသူများအတွက်
အမြစ်ပြတ်ပျောက်ကင်းနိုင်သော ဗမာ့ဆေးနီးလေးကို
မေတ္တာတရားရှေ့ထါးလျှက် ပြောပြပါ့မယ်ခင်ဗျ
B ပိုး C ပိုးရောဂါသည် အင်္ဂလိပ်ဆေးဖြင့် ချက်ခြင်း
အမြစ်ပြတ်ပျောက်ကင်းဖို့ အလွန်ခဲရင်းလှပါတယ်
လည်ကောင်းဆေးများသည် ဈေးအလွန်ကြီး၍ ငွေကုန်
ကြေးကျများလွန်းသော ရောဂါလည်းဖြစ်ပါတယ် ဒါ့ကြောင့်
ကျွန်တော်မကွေးမြို့ ဦးဗိုလ်ဟိဏ်းမှ ဆေးကုသိုလ်အဖြစ်
ဆေးနီးကောင်း လက်တွေ့ပြောက်ကင်းသောဆေးနီး
ငွေကုန်ကြေးကျ အကုန်သက်တာ၍ အံ့အြောလောက်အောင်
ရောဂါဝေဒနာကို နတ်သိကြားကုသတလို အမြန်ပျောက်ကင်း
ပြီး ဝမ်းသာပီတိဖြစ်စေရပါ့မယ် ခင်ဗျာ ကျွန်တော်သားလက်တွေ့ ပျောက်ကင်းခဲ့ပါပြီ ကျွန်တော်
ပြောပြလို့ ရောဂါတယ် ဆယ်ဦးခန့် ပျောက်ကင်းခဲ့ပြီး
လည်ကောင်းတို့အား ယခင်ဆေးစစ်ခဲ့သော နေရာဌာနအား
သွားရောက်ပြသ စစ်ဆေးခဲ့ရာ ဆရာဝန်ပါမောက်ခကြီးများကတောင် အျံ့အြာရအောင်
ရောဂါပျောက်သောဆေးစွမ်းကောင်းဖြစ်ပါတယ်
ယုံကြည်စွာသောက်သုးံကြပါ
ဆေးနည်းမှားးးးးး
ဆင်နှာမောင်းပင်အား ပင်စငါးပါးလုးံကို ရေစင်အောင်ဆေးပြီး
အိုးသစ်ထဲ၌ ရေမတ်ခွက် သုးံခွက်ထည့်ပြီး အညာထန်းလျက်
သုးံခဲထည့်၍ ကြိုပါ လည်းကောင်းရေသုးံခွက်သည် တစ်ခွက်ခန့်ကျန်တော် မှုတ်၍ဆေးအဖြစ် သောက်သုးံနိုင်ပါပြီ ခင်ဗျာ လက်တွေ့ပျောက်သောဆေးဖြစ်ပါသည်းးး
ဤမှန်သော သစ္စာစကားကြောင့် ကျွန်တော်၏ဆေး
သောက်သုးံသူ B ပိုး C ပိုးတမားများသည် စွဲကပ်နေသော
ရောဂါအပေါင်း ပိန်းကြာရွက်ပေါ် ရေမသင်တကဲ့သို့
ပျောက်ကင်းပါစေသားးးးးးးဆေးကုသိုလ် အဖြစ်
မျှဝေချင်းသာဖြစ်ပါသည်းးးးး
ဆက်တွယ်ရန် 095342342
မကွေးမြို့ ဦးဗိုလ်ဟိဏ်း
Saturday, July 22, 2017
အသဲတမား B ပိုး C ပိုးရောဂါရှိနေသူများအတွက်
Sunday, July 16, 2017
Adobe Page Maker-၌ (ဒ,ဓ)မပေါ်သော် (ဒ,ဓ)ပေါ်အောင် ပြုလုပ်နည်း
Adobe Page Maker-၌
(ဒ,ဓ)မပေါ်သော် (ဒ,ဓ)ပေါ်အောင် ပြုလုပ်နည်း
♢♢♢♢
၁။Menu bar>File> Preferences ကိုနှိပ်ပါ။ (တနည်း Ctrl+Kကိုနှိပ်ပါ)
၂။General နှိပ်ပါက ဘောက်ကျလာမည်။
၃။ထိုဘောက်မှ more နှိပ်ပါက နောက်တစ်ဘောက်ကျလာမည်။
ထိုဘောက်တွင် Use typographer's guoltes ၌ရှိသော အမှန်ခြစ်ကို ဖြုတ်
Ok>okနှိပ်ပါ။
တနည်း
၁။Ctrl+Kကိုနှိပ်ပါ။
(တနည်း=Tools ဘောက်မှ မြှားအမည်နှိပ်၍
Mouse မှ ဘယ်ခလုပ်ကို ၃ချက်ဆက်တိုက်နှိပ်ပါ)
၂။ထိုဘောက်မှ more နှိပ်ပါက နောက်တစ်ဘောက်ကျလာမည်။
ထိုဘောက်တွင် Use typographer's guoltes ၌ရှိသော အမှန်ခြစ်ကို ဖြုတ်
Ok>okနှိပ်ပါ။
သာသနာနှစ်(၉:၃:၂၅၆၁)
မြန်မာနှစ်(၉ံ:၄:၁၃၇၉)
ခရစ်နှစ်(17:7:2017)
တက္ကသိုလ်စာသင်သား
သာသနာ့တက္ကသိုလ်၊ မန္တလေး။
ပဋိစ္စသမုပ္ပါဒ်သင်တန်းမှတ်တမ်း
ပဋိစ္စသမုပ္ပါဒ်သင်တန်းမှတ်တမ်း
♢♢♢♢♢
လင်္ကာဆောင်ပုဒ် ( ၁ )
အ၀ိဇ္ဇာနှင့်,တဏှာရင်းခံ၊ ဥပါဒါန်,ကံကြောင့် ရုပ်နာမ်ပေါ်။
အပင်မှမျိုး, မျိုးမှအပင်,အမျှင်မပြတ်, ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်, နာမ်ရုပ်ကြောင့်ကံ, အဖန်ဖန်, ဖြစ်ပြန်နည်းအလျော်။
ဗြဟ္မာသိကြား, စသည်များက၊ ထင်ရှားပြုပြင်, စီရင်ဖန်ဆင်း, အကြောင်းရင်းကြောင့်၊ လူနတ်များစွာ, သတ္တ၀ါတို့, ဖြစ်လာရမှု, မဟုတ်ဟု, ဉာဏ်ဖြင့် ရှု၍မျှော်။ ။
လူနတ်ဗြဟ္မာ၊ သတ္တ၀ါများသည် မသိမှု အ၀ိဇ္ဇာ အကြောင်းခံကြပြီးလျှင်
လိုချင်မှု တဏှာစွဲလမ်းမှု ဥပါဒါန်၊ ပြုလုပ်အားထုတ်မှုကံ ဆိုတဲ့ အကြောင်းအရာ ငါးပါးကို ကြိုးစားမိခဲ့ကြသောကြောင့် ရုပ်နာမ်နှစ်ပါး ဖြစ်ပေါ်ရရှိ
ကြရပါသည်။
ဥပမာအားဖြင့် ပြောရပါလျှင် အပင်အမျိုးမျိုးမှ မျိုးစေ့ အသွယ်သွယ် ကျရောက်ပေါက်ပွားကြသောအခါ၊ ၄င်းမျိုးစေ့ အသွယ်သွယ်မှ အပင်အမျိုးမျိုး
ကို တစ်ဖန်ပေါက်ရောက်စေကြပြန်သဖြင့် အပင်နှင့်မျိုး၊ မျိုးနှင့်အပင်များဟာ အမျှင်မပြတ်၊ တရစပ် ဆက်ခါဆက်ခါပေါက်ရောက်စည်ကား ကြီးပွားနေကြသလို.......
ထို့အတူသာလျှင် ကံဆိုသော အကြောင်းတရားကြောင့် နာမ်ရုပ်တွေ ဖြစ်လိုက်ကြ၊ နာမ်ရုပ်ပေါ်မှာ ဖြစ်ပျက်မမြင်သောကြောင့် ကံဆိုသော အကြောင်းတရားတွေ ပြန်ကြိုးစားလိုက်ကြနှင့် သုံးဆယ့်တစ်ဘုံဆိုသော သံသရာကြီးထဲမှာ ကံနှင့်နာမ်ရုပ်တွေဟာ အမျှင်မပြတ်ဆက်ခါဆက်ခါဖြစ်ပွားလျက် နေကြပါသည်။
လူနတ်ဗြဟ္မာ သတ္တ၀ါတွေ သုံးဆယ့်တစ်ဘုံမှာ ဖြစ်ကြရတာဟာ သိကြားဗြဟ္မာ၊ ထာဝရဘုရား စသည်များက ဖန်ဆင်းလို့ ဖြစ်ကြရတာ မဟုတ်ပါဘူး၊ အကြောင်းကမ္မ တရားတွေကြောင့်အကျိုးဝိပါက
တရားတွေ ဖြစ်ပေါ်လာရတာပါပဲဟု ဉာဏ်ဖြင့် သိရမည် ဆိုလိုပါသည်။ ။
♡♡♡♡
လင်္ကာဆောင်ပုဒ် ( ၂ )
မူလနှစ်ဖြာ, သစ္စာနှစ်ခု, လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး, တရားကိုယ်များနှင့်, သုံးပါးအစပ်, နှစ်ရပ်မူလ, ၀ဋ်သုံးဝနှင့်၊ ကာလသုံးဖြာ, ခြင်းရာနှစ်ဆယ်, ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်, သိစေအပ်သည်,
သံသရာမှ လွတ်ကြောင်းတည်း။
၁။ မူလနှစ်ဖြာ
မူလနှစ်ဖြာ-ဆိုတာက
(၁) အဝိဇ္ဇာ - သစ္စာမသိမှု
(၂) တဏှာ - လိုချင် နှစ်သက်မှု
၂။ သစ္စာနှစ်ခု
သစ္စာနှစ်ခု -ဆိုတာက
(၁) သမုဒယသစ္စာ - စွဲလန်းကြောင်း အမှန်တရား
(၂) ဒုက္ခသစ္စာ - စက်ဆုတ်စရာ၊ အသုံးမကျကြောင်း အမှန်တရား
၃။ လေးခုအလွှာ
လေးခုအလွှာ -ဆိုတာက
(၁) အတိတ်အကြောင်း - ယခင်က ပြုခဲ့သော ကံ
(၂) ပစ္စုပ္ပန်အကျိုး - ယခု ရရှိနေသော ဘဝ
(၃) ပစ္စုပ္ပန်အကြောင်း - ယခု အသစ်ထပ်မံပြုလုပ်သောကံ
(၄) အနာဂတ်အကျိုး - နောင်တစ်ချိန်တွင်ရရှိမည့် ဘဝ
၎။ အင်္ဂါတစ်ဆယ့်နှစ်ပါး
အင်္ဂါတစ်ဆယ့်နှစ်ပါး -ဆိုတာက
(၁) အဝိဇ္ဇာ - သစ္စာမသိမှု
(၂) သင်္ခါရ - ပြုလုပ်ခြင်း (ကာယသင်္ခါယ၊ ဝဇီသင်္ခါယ၊ စိတ္တသင်္ခါယ) တည်းဟူသောအတိတ်ကံ)
(၃) ဝိဥာဏ် - မြင်စိတ်၊ ကြားစိတ်၊ စသော ခြောက်ပါးသော ဒွါရတွင် ဖြစ်ပေါ်သောစိတ်များ
(တစ်နည်း) ပဋိသန္ဓေ စိတ်။
(၄) နာမ်ရုပ်=နာမ်သည်- ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဥာဏ်စသောနာမ်(ဓါတ်-၈ပါး/ နဝကလာပ်-၉ပါး)၊
(နာမ်တရားဆိုတာ စေတသိတ်တွေ (ဝိဥာဏ်နဲ့ တွဲဖြစ်တယ်)
ရုပ်သည်- ပထဝီ၊ တေဇော စသော (ရုပ်ဓါတ်-၈ပါး)(ရုပ်တရားဆိုတာ နာမ်တရားတွေ မှီတွယ်ဖို့)
(၅) သဠာယတန - မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော စသော ဒွါရ ခြောက်ပါး။
(၆) ဖဿ - မျက်စိနှင့် အဆင်းထိတွေ့ခြင်း၊ နားနှင့်အသံ ထိတွေ့ခြင်း၊ စသော
အာရုံ(၆)ပါးနှင့် ဒွါရ (၆)ပေါက် ထိတိုက်မိခြင်း။
(၇) ဝေဒနာ - မျက်စိ၊ နား၊ စသော ဒွါရတို့တွင်ဖဿကြောင့် ဖြစ်ပေါ်သော သုခ၊ ဒုက္ခ၊ ဥပက္ခာ၊ သောမနဿ၊ ဒေါမနဿ စသော ခံစားချက်များ။
(၈) တဏှာ - လိုချင် နှစ်သက်မှု
(၉) ဥပါဒါန် - စွဲလန်းမှု (ကြွက်ကလေးကို ကြောင်က မလွတ်တမ်း ကိုက်ထားတဲ့သဘော)
(၁၀) ကမ္ပဘဝ - စေတသိတ်တို့၏ တိုက်တွန်းမှုကြောင့် ပြုလုပ် အားထုတ်ခြင်း
(၁၁) ဇာတိ(ဥပ္ပတ္တိဘဝ) - ယခုပြုသော ကုသိုလ်၊ အကုသိုလ်ကြောင့် နောင်တွင်ရမည့် ဘဝအစ။
(ဥပ္ပတ္တိဘဝ သည် ဘွားကနဲပေါ်သော နတ်၊ ငရဲ စသော ဇာတိကို ဆိုလိုသည်။ (တစ်နည်း)
ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ကွဲပြားရသော ဘဝများ )
(၁၂) ဇရာ၊ မရဏ - အိုမင်းလာခြင်း။ သေဆုံးခြင်း။
၅။ သုံးပါးအစပ်
သုံးပါးအစပ် -ဆိုတာက
(၁) သင်္ခါရ နှင့် ဝိညာဏ် - အတိတ်ကပြုခဲ့သော ကံသင်္ခါရကြောင့် ယခုရရှိထားသော ဝိဥာဏ် ဖြစ်ရသည်။
(၂) ဝေဒနာ နှင့် တဏှာ - ယခုရရှိထားသော ဝေဒနာအပေါ်၌ နှစ်သက်စွဲလန်းမှု ဖြစ်ရသည်။
(၃) ကမ္မဘဝ နှင့် ဇာတိ - ယခုပြုလုပ်သော ကံကြောင့် နောင်အခါ ရရှိမည့် ဘဝ၏အစ။
၆။ ဝဋ် သုံးဝနှင့်
ဝဋ် သုံးဝနှင့် -ဆိုတာက (၁)ကိလေသာဝဋ်
(၂)ကမ္မဝဋ်
(၃)ဝိပါကဝဋ် တို့ဖြစ်တယ်။
(၁) ကိလေသာဝဋ်(၃)ပါး- ပြုလုပ်ခြင်းကြောင့် သံသရာ၌ လှည့်ပတ်ရခြင်း။
(က)အဝိဇ္ဇာ - သစ္စာမသိမှု
(ခ)တဏှာ - လိုချင် နှစ်သက်မှု
(ဂ)ဥပါဒါန် - စွဲလန်းမှု (ကြွက်ကလေးကို ကြောင်က မလွတ်တမ်း ကိုက်ထားတဲ့သဘော)
(၂) ကမ္မဝဋ်(၂)ပါး - အကြောင်းပြုလုပ်ခြင်းကြောင့် သံသရာ၌ လှည့်ပတ်ရခြင်း။
(က) သင်္ခါရ - အတိတ်ကပြုလုပ် ခဲ့သော ကုသိုလ်၊ အကုသိုလ်။
(ခ) ကမ္မဘဝ - ယခုကြုံတွေ့ရသော လောကဓံများအပေါ်တွင် ပြန်လည်တုံ့ပြန်သော ကုသိုလ်၊ အကုသိုလ်။
(၃) ဝိပါကဝဋ် (၈)ပါး - အကျိုးရရှိခံစား ရင်း သံသရာ၌လှည့်ပတ်ခြင်း။
(က) ဝိညာဏ် - အတိတ်ကံကြောင့်အာရုံဒွါရ တိုက်ခြင်းမှ ရရှိသော မြင်စိတ်၊ ကြားစိတ်၊ စသော
ခြောက်ပါးသော ဒွါရတွင်ပေါ်သော်စိတ်များ (တစ်နည်း) ပရိသန္ဓေ စိတ်။
(ခ) နာမ်ရုပ် - အတိတ်ကံကြောင့် ရရှိသော -
နာမ်- ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဥာဏ်စသော နာမ်(ဓါတ်-၈ပါး)၊
ရုပ်- ပထဝီ၊ တေဇော စသော (ရုပ်ဓါတ်-၈ပါး+ နဝကလာပ်= ၉ပါး)
(ဂ) သဠာယတန - အတိတ်ကံကြောင့် ရရှိသော မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော စသော ဒွါရ ခြောက်ပါး။
(ဃ) ဖဿ - အတိတ်ကံကြောင့် ရရှိသော မျက်စိနှင့်အဆင်းထိတွေ့ခြင်း၊ နားနှင့်အသံ ထိတွေ့ခြင်း၊စသော
အာရုံ(၆)ပါးနှင့် ဒွါရ (၆)ပေါက် ထိတိုက်မိခြင်း။
(င) ဝေဒနာ - မျက်စိ၊ နား၊ စသော ဒွါရတို့တွင်ဖဿကြောင့် ဖြစ်ပေါ်သော သုခ၊ ဒုက္ခ၊ ဥပက္ခာ၊
သောမနဿ၊ ဒေါမနဿ စသော ခံစားချက်များ။
(စ) ဇာတိ - ယခုပြုသော ကုသိုလ်၊ အကုသိုလ်ကြောင့် နောင်တွင်ရမည့် ဘဝအစ။
(ဆ) ဥပ္ပတ္တိဘဝ - ဥပ္ပတ္တိဘဝ သည် ဘွားကနဲပေါ်သော နတ်၊ ငရဲ စသော ဇာတိကို ဆိုလိုသည်။
(ဇ) ဇရာ ၊ မရဏ - အိုမင်းလာခြင်း၊ သေဆုံးခြင်း။
(၃)ကိလေသဝဋ်(၃)ပါး
(စ) တဏှာ - နှစ်သက်မှု၊ လိုချင်မှု
(ဆ) ဥပါဒါန် - စွဲလန်းမှု
(ဇ) အဝိဇ္ဖာ - မသိမှု
၇။ ကာလ(၃)ဖြာ
ကာလ(၃)ဖြာ -ဆိုတာက
(၁) လွန်လေပြီးသော အတိတ်ကာလ
(၂) ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ
(၃) နောက်ဖြစ်လတ္တံ့သော အနာဂါတ်ကာလ
၈။ ခြင်းရာ နှစ်ဆယ်
ခြင်းရာ နှစ်ဆယ် -ဆိုတာက
အတိတ်အကြောင်းချင်းရာ(၅)ပါး
(က) အဝိဇ္ဇာ
(ခ) သင်္ခါရ
(ဂ) တဏှာ
(ဃ) ဥပါဒါန်
(င) ဘဝ
ပစ္စုပ္ပန်အကျိုးခြင်းရာ(၅)ပါး
(က) ဝိညာဏ်
(ခ) နာမ်ရုပ်
(ဂ) သဠာယတန
(ဃ) ဖဿ
(င) ဝေဒနာ
ပစ္စုပ္ပန်အကြောင်းအခြင်းအရာ (၅)ပါး
(က) တဏှာ
(ခ) ဥပါဒါန်
(ဂ)ကမ္မ္ပဘဝ
(ဃ) အဝိဇ္ဇာ
(င) သင်္ခါရ
အနာဂါတ်အကျိုးအခြင်းအရာ(၅)ပါး
(က) ဝိညာဏ်
(ခ) နာမ်ရုပ်
(ဂ) သဠာယတန
(ဃ) ဖဿ
(င) ဝေဒနာ
ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်, သိစေအပ်သည်,
သံသရာမှ လွတ်ကြောင်းတည်း။
သာသနာနှစ်(၉:၃:၂၅၆၁)
မြန်မာနှစ်(၉ံ:၄:၁၃၇၉)
ခရစ်နှစ်(17:7:2017)
တက္ကသိုလ်စာသင်သား
သာသနာ့တက္ကသိုလ်၊ မန္တလေး။