Monday, September 16, 2019

အထူးမျိုးဆက် ကျန်စေသတည်း

ခက်တည်တည်နဲ့ အိပ်ခါနီးလေး ဆရာကတော်ထံ comment ရေးလိုက်တာ ကဗျာဖြစ်သွားပေါ့

Aye Aye Tint
မပါသော်လည်း
ပါသော်ငြားသို့
ဖွေရှာလျဉ်းပါး
အာဘော်ထားခဲ့
ပြစ်တင်ခဲ့သည်
အထူးမျိုးဆက်
ကျန်ဖို့ရည်။

လင်္ကာကိုးကား
ဇော်ဂျီလားသို့
ဆိုငြားရေးမည်
နာစေသတည်း။
*******

အထူးမျိုးဆက် ကျန်စေသတည်း

သြော်
မိန်းမယောကျ်ား
ပေါင်းဖော်ငြားကား
ပြစ်များကိလေ
တင်ဖွယ်နေသည်
မှန်ပေသည်တည်း။

သို့တပြီးကား
သမီးသားတော်
သင်ဖွားမြင်သော်
များသူတော်က
ခေါ်ဝေါ်မိဘ
ဂုဏ်ပြုရ၏။

သမီးနှင့်သား
မဖွားငြားက
လူများရှေ့မှာ
အပုတ္တက
မှီမရဘဲ
ကြီးက အားပျော
ဂုဏ်စွမ်းလျော့၏။

သားနှင့်သမီး
ဖွားမြင်ကြီးမှ
သက်ကြီးမှီရန်
မျိုးနွယ်ရံ၏။

သင့်သာသနာ
သင်ယုံရာလည်း
ရှည်ကြာဂုဏ်မြင့်
မျိုးဆက်တင့်ရေး
မျှော်ချင့်တွေး၍
အရေးတယူ
အလေးမူလျက်
အထူးမျိုးဆက်
ကျန်စေသတည်း။