"ဓမ္မာစရိယစာမေးပွဲ ခက်ရခြင်း၏ အကြောင်းအတွက် သတိပြုဖို့ အချိန်တန်ပြီ"
******
ဓမ္မာစရိယစာမေးပွဲသည် ပြဋ္ဌာန်းစာကြောင့် မခက်ပါ။ ဓမ္မာစရိယ စာမေးပွဲ ပြဌာန်းစာများထက် မဟနအဖွဲ့ အသိအမှတ်ပြုထားသည့် ပုစ္ဆက ဆရာတော်များကြောင့်သာ ခက်နေခြင်း ဖြစ်သည်။ ဓမ္မာစရိယစာမေးပွဲ ပြဋ္ဌာန်းစာ တကယ်ခက်ပါက မြန်မာစာနှင့် ဝေးသော တိုင်းရင်းသားများနှင့် မြန်မာပြည်တွင် ပညာသင်ကြား၍ ဓမ္မာစရိယဘွဲ့တံဆိပ် ရရှိသွားကြသော နိုင်ငံခြားသား ရဟန်း သီလရှင်များ မရှိနိုင်ပေ။
ဓမ္မာစရိယ စာမေးပွဲသည် နိုင်ငံတော်အစိုးရက ကျင်းပသောကြောင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် အလွန်ထင်ရှားကျော်ကြားသော စာမေးပွဲဖြစ်သည်။
မဟာယာနဗုဒ္ဓဘာသာ ရဟန်းတော်များက ဗုဒ္ဓမြတ်စွာ၏ တရားတော်များကို သင့်ယူခြင်းနှင့် ပတ်သက်၍ ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတော်များကို အလေးဂရုပြုကြကြောင်း၊ ထေရဝါဒရဟန်းတော် အချင်းချင်းပင် တခြားနိုင်ငံက ရဟန်းတော်များက မြန်မာနိုင်ငံ ရဟန်းတော်များကို လေးစားကြကြောင်း အပြည်ပြည်ဆိုင်ရာ ပါချုပ်ဆရာတော် ဘုရားကြီး မိန့်ဆိုထားသည်ကို သတိပြုခြင်းဖြင့် မြန်မာရဟန်းတော်များ၏ ပညာရေးသည် မနှိမ့်ကျပုံကို သိနိုင်ပေသည်။
မြန်မာနိုင်ငံပညာရေးတွင် ထင်ရှားသော ထိုဓမ္မာစရိယစာမေးပွဲ ဝင်ခွင့်အတွက် မူလတန်း အငယ်တန်း အလတ်တန်း အကြီးတန်းဟူသော အဆင့်လေးဆင့်ကို ကျော်ဖြတ်အောင်မြင်ရမည် ဖြစ်သည်။
ထိုအဆင့်လေးဆင့်တွင် ရှင်ရဟန်းတို့လိုက်နာကျင့်ဖွယ် ဝိနယပိဋကတ် အနှစ်ချုပ် ရှင်ကျင့်ဝတ်ရဟန်းကျင့်ဝတ် ဘိက္ခုနီကျင့်ဝတ်များကိုလည်းကောင်း၊
ပိဋကတ်သုံးပုံ (သို့)ပါဠိစာပေးသို့ ချဉ်းကပ်နည်း ဖြစ်သော အဋ္ဌကထာ,ဋီကာ အယူအဆ ယေဘုယျ ပုံသေနည်းဖြစ်သည့် သဒ္ဒါဘာသာရပ်ကိုလည်းကောင်း၊
အဘိဓမ္မာဘာသာရပ်၏ အနှစ်ချုပ် အရကောက်ပုံသေနည်းဖြစ်သည့် သင်္ဂြိုဟ်ကျမ်းနှင့် အဘိဓမ္မာပိဋကတ်၏ အနှစ်ချုပ် အရကောက်ပုံများကို တတ်ကျွမ်းရန် ဓာတုကထာ ယမိုက် ပဋ္ဌာန်း စသောအနှစ်သာရများကို လည်းကောင်း၊
ပါဠိဝေါဟာရ ပါဠိကဗျာ စကားအလင်္ကာ ကျွမ်းကျင်ရန် အဘိဓာန် အလင်္ကာဆန်းတို့ကိုလည်းကောင်း၊
သုတ္တန္တပိဋကတ်၌ ရှေ့ကပြောခဲ့သော သဒ္ဒါ အဘိဓမ္မာ အဘိဓာန် အလင်္ကာ ဂါထာတို့ဖြင့် တန်ဆာ ဆင်ထားကြောင်း သက်သေပြသော အနေအားဖြင့် သုတ္တန်လာ ဇာတ်ဝတ္တု အချို့ကို အနက်ပေး ဘာသာပြန်ဟန် ပါဠိသဒ္ဒါဝါကျဖွဲ့စည်းဟန် သင်္ခန်းစာယူဖွယ်နှင့် ဝတ္ထုအကျဉ်းချုပ်ဟန်ကို အတန်းလိုက်ပြဋ္ဌာန်း ထားသည်။
ထိုအဆင့်လေးဆင့်ကို အောင်မြင်အောင် ကျော်ဖြတ်ခဲ့ပြီးနောက် ဓမ္မာစရိယတန်းသို့ ရောက်လာကြသည်။
ထိုဓမ္မာစရိယတန်းကို အောင်မြင်ပါက နိုင်ငံတော်အဆင့် အသိအမှတ်ပြု သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ် ဆက်ကပ်ပူဇော်ခြင်းကို ခံရ၍ မိမိစွမ်းအားအပေါ် မူတည်ကာ ရပ်ကျော်ရွာကျော် တိုင်းကျော် နိုင်ငံကျော် ဓမ္မကထိကများ အဖြစ်လည်းကောင်း၊ ပရဟိတအဖွဲ့များ တရားဝင်ဦးဆောင်ဖွဲ့ဆည်းခြင်းကိုလည်းကောင်း နိုင်ငံအတွက် သာသနာအတွက် တရားဝင် အစည်းအတားမရှိ ထမ်းဆောင်ပြုလုပ် အားထုတ်ခွင့် ရနိုင်ပေသည်။
ထိုဓမ္မာစရိယတန်းတွင် ဝိနယပိဋကတ်၏ အစကျမ်း ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာတို့ကိုလည်းကောင်း၊
သုတ္တန်ပိဋကတ်လာ ဒီဃနိကာယ်၏ အစကျမ်း သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာတို့ကိုလည်းကောင်း၊
အဘိဓမ္မာပိဋကတ်၏ အစကျမ်း ပါဠိ အဋ္ဌကထာတို့ကိုလည်းကောင်း ပထမနေ့ ဒုတိယနေ့ နှစ်ရက်စီ ဖြေဆိုရစည်။ ဒုတိယနေ့သည် အာစရိယဝါဒ နာနာဝါဒ အယူအဆ အကွဲအလွဲများသောနေ့ ဖြစ်သည်။
ဓမ္မာစရိယ စာမေးပွဲသည် သမာရိုကျအောင်မြင်အောင် ဖြေဆိုနိုင်တာနဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အရည်အချင်းရှိတဲ့ ဘွဲ့တံဆိပ်အဖြစ် ကမ္ဘာ့အလယ်မှာလည်း ရပ်တည်နိုင်ပါတယ်။ A.B.Cလေး နာမည်နောက်ပါမှ အထင်ကြီးတတ်ကြသည် နိုင်ငံခြားအထင်ကြီးရောဂါ ဝင်နေသော နိုင်ငံအတွင်း အများနှင့်ညီတူ အဆင့်မီသူဟု ဖော်ပြနိုင်စေရန် MA,PhD ဂုဏ်ကို တပ်မက်မောနေကြလို့သာ ဓမ္မာစရိယဘွဲ့တံဆိပ်က အနှိမ်ခံဘဝဖြင့် MA,PhDအောက် ရောက်သွားခြင်း ဖြစ်သည်။ လိုင်းမတူတာကို လိုင်းညှိယူချင်ရင်တော့ အမြင့်အနှိမ့်ဒဏ်တော့ ခံရမည်သာ။
ပထမကြီးတန်းအောင်လက်မှတ် ဒီပလိုမာတန်းအောင်လက်မှတ်တို့ဖြင့် BA, MA,PhD ဘွဲ့များကို ရယူနိုင်ကြသည့် အရှင်များ မြန်မာနိုင်ငံတွင် အများကြီး ပေါ်ထွက်နေကြသည့် သို့သော် ပထမကြီးတန်းဖြင့်သာ ဓမ္မာစရိယဘွဲ့ဖြေဆိုခွင့် ရနိုင်၍ ဒီပလိုမာတန်း အောင်လက်မှတ်ဖြင့် ဓမ္မာစရိယတန်းဖြေဆိုခွင့် မရတာကတော့ ဓမ္မာစရိယဘွဲ့ရဲ့ မတူတဲ့ စွမ်းရည်လို့ဆိုနိုင်ပေသည်။
သာမဏေကျော်ဘွဲ့ရအောင် ကြိုးစားခဲ့ကြတဲ့ အရှင်တွေဟာ ပထမကြီးတန်းအောင်ပြီးနောက် ဓမ္မာစရိယစာမေးပွဲကို အောင်မြင်ရန် အခက်အခဲသိက်မရှိ အောင်မြင်ကြသည်ကို ထောက်ဆ၍ ဓမ္မာစရိယစာမေးပွဲသည် ငယ်လတ်ကြီး၌ အောက်သက်မကျေခဲ့က အောက်စာတွေ မပိုင်သဖြင့် အောင်မြင်ဖို့ မလွယ်ပါ။ သာမဏေကျော်စသည် အသင်းစာမေးပွဲများ မလုပ်ဘဲ ရိုးရိုးသာမန် ငယ် လတ် ကြီးအောင်ပြီး တက်လာတဲ့ အရှင်တွေ အတွက် ဆယ်စုနှစ်တစ်ခုလောက်အထိ ဓမ္မာစရိယတန်းကို ဖြေဆိုနေကြရသူ အချို့ရှိသော်လည်း အောင်မြင်ကြသော အရှင်များလည်း များစွာ ရှိကြသည်။
ဓမ္မာစရိယတန်း ခက်ခဲ့ရခြင်းမှာ စာသင်သားဘက်က အောက်သက်မကျေကြခြင်းထက် ဓမ္မာစရိယတန်းဆိုင်ရာ ပညာရေးအဖွဲ့တွင် တာဝန်းရှိကြသည့် မဟနဆရာတော်များနှင့် ထိုမဟနဆရာတော်များအဖွဲ့က အသိအမှတ်ပြုထားသည့် ပုစ္ဆက ဆရာတော်များကြောင့်သာ ဓမ္မာစရိယတန်း စာမေးပွဲ ပိုခက်နေရခြင်းဖြစ်သည်။
စာသင်သားဘက်က အောက်သက်မကျေကြခြင်းက အောက်သက်မကျေကြသော စာသင်သားအချို့အတွက်သာ ထိခိုက် နစ်နာရသည်။ ဓမ္မာစရိယတန်းဆိုင်ရာ ပညာရေးအဖွဲ့တွင် တာဝန်းရှိကြသည့် မဟနဆရာတော်များနှင့် ထိုမဟနဆရာတော်များအဖွဲ့က အသိအမှတ်ပြုထားသည့် ပုစ္ဆက ဆရာတော်များကြောင့် ခက်ခဲနေရခြင်းသည်ကား စာဖြေအရှင်များ နစ်နာကြသည့်အပြင် သာသနာတော်လည်း နစ်နာရလို နိုင်ငံတော်ကြီးလည်း နစ်နာရပေသည်။
သာသနာတော်နစ်နာရခြင်းမှာ ဓမ္မာစရိယတန်း ကျရုံးသဖြင့် သာသနာတော်မှ ထွက်သွားကြခြင်း၊ သာသနာတော်အတွင်း ယောင်တောင်တောင် နေဖြစ်သွားပြီး အပျော်အပါးဘက် ယိုင်သွားကြခြင်း၊ သမဏသာရုပ္ပ ကင်းပျောက်နေကြခြင်း၊ ဂုဏ်မရှိသဖြင့် ခပ်ပေါ့ပေါ့နေကာ သာသနာရေးလုပ်ငန်းများ အားမထုတ်ကြခြင်းတို့ဖြင့် သာသနာအတွက် နစ်နာရလေသည်။
နိုင်ငံတော်အတွက် နစ်နာရခြင်းမှာ ဓမ္မာစရိယကျရှုံးသဖြင့် သာသနာတော်အတွင်း ယောင်တောင်တောင် နေဖြစ်သွား၍ အပျော်အပါးဘက် ယိုင်သွားကာ သမဏသာရုပ္ပ ကင်းပျောက်နေကြလျက် ဂုဏ်မရှိသဖြင့် ခပ်ပေါ့ပေါ့နေကာ သာသနာရေးလုပ်ငန်းများ အားမထုတ်ကြခြင်းတို့ကြောင့် နိုင်ငံအကျိုးပြု လုပ်ငန်းများနှင့် နိုင်ငံတော်ကြီး ဂုဏ်ရှိစေသော နေထိုင်ကျင့်သုံးနည်းများ မပေါ်ထွက်လာခြင်း၊ နိုင်ငံအတွင်း ငွေကြေးများကို ဒေါ်လာအဖြစ်လဲလှယ်ကာ BA,MA,PhD ဘွဲ့တို့အတွက် ပြည်ပထွက်ကြသော အရှင်များ များပြားလာခြင်းတို့ဖြင့် နိုင်ငံတော်ကြီး နစ်နာနေရသည်။
ထို့ကြောင့် ဓမ္မာစရိယတန်းဆိုင်ရာ ပညာရေးအဖွဲ့တွင် တာဝန်းရှိကြသည့် မဟနဆရာတော်များနှင့် ထိုမဟနဆရာတော်များအဖွဲ့က အသိအမှတ်ပြုထားသည့် ပုစ္ဆက ဆရာတော်များကြောင့် ဓမ္မာစရိယတန်း စာမေးပွဲ ခက်ခဲနေရခြင်းသည် သာသနာတော်နှင့် နိုင်ငံတော် နစ်နာမှုကို ပြုစေသောကြောင့် အထူးသတိပြု စဉ်းစားကာ ဓမ္မာစရိယစာမေးပွဲ အတွက် အလေ့ဂရုထားသင့်ပါသည်။
ပြဋ္ဌာန်းချက်နှင့်အညီ မေးခွန်းထုတ်ကြသော်လည်း စာသင်သားများ နည်းစုံမလေ့လာဖြစ်ချိန်ကြမှ တစ်ရေးနိုး ထ၍ နည်းအစုံမေးခြင်းကို ရှောင်ကြဉ်ရန် မဟနဆရာတော်များက အထူးကြပ်မက် ဂရုစိုက်သင်ပေသည်။
ဓမ္မာစရိယစာမေးပွဲမေးခွန်းတွင် ရှေ့ရှေ့ဆရာတော်များ ချမှတ်ခဲ့သည့် နည်းစနစ်များ မပျောက်ပျက်ရန်နှင့် နှစ်စဉ် နည်းအစုံ ပါဝင်အောင်(သို့မဟုတ်)နှစ်ခြားအစုံပါအောင် မေးခွန်းထုတ်သင့်ပေသည်။
ကမ္ဘာက အသိအမှတ်ပြုရသည့် ထေရဝါဒ ရဟန်းတော်တို့အတွက် မြန်မာနိုင်ငံ၏ ဓမ္မာစရိယတန်း စာမေးပွဲသည် နိုင်ငံတော်အဆင့် နည်းစနစ် စာအုပ်များ ထုတ်ဝေနိုင်စွမ်းမရှိသေးခြင်းက ဓမ္မာစရိယစာမေးပွဲရဲ့အခက်အခဲ့တစ်ခု ဖြစ်သည်။
နည်းစနစ်များကို ကျမ်းစာအုပ်အဖြစ် ထုတ်ဝေရင်တော့ ပဋ္ဌာန်းကျမ်းကို အကျယ်စာအုပ်ထုတ်ဝေ သကဲ့သို့ များပြားသွားနိုင်သောကြောင့် အစုံထုတ်ဝေရန် မတိုက်တွန်းလိုပါဖယ
သို့သော် မဟနဆရာတော်များ အနေဖြင့် ဆရာတော်စာချဆရာတော်များ ထုတ်ဝေကြသည်ဖြစ်စေ တပည့်များက ကူယူထုတ်ဝေသည်ဖြစ်စေ နာမည်ကျော်ကြားသော ထိုစာအုပ်များကို ကျမ်းတိုက်စာပေစီးစစ်ပြီး တိကျမှန်ကန်မှု ရှိသော ကျမ်းစာအုပ်များကို တရားဝင်စံပြ စာအုပ်အဖြစ် ခွင့်ပြုသင့်သည်။
ပုစ္ဆက ဆရာတော်များကိုလည်း ထိုကဲ့သို့ တရားဝင် ပွဲလယ်တင့်အောင် ပညာကို ချပြနိုင်စွမ်းရှိသော ချပြနိုင်စွမ်းရှိအောင် ငါ့တပည့်သူ့တပည့် မခွဲခြားပဲ မည်သူမဆို လေ့လာခွင့်ရှိအောင် အားအစွမ်းပြကြသည့် ဆရာမျိုးကိုသာ ပုစ္ဆကအဖြစ် ရွှေချယ်သင့်ပေသည်။
နိုင်ငံတော်အဆင့် စာပေစီးစစ်ခြင်း မခံသေးသော အဖြေရှင် စာအုပ်များပါ အမှားကို ကျက်မှတ်ပြီး ဖြေဆိုလေ့ရှိသော စာသင်သား၏အဖြေ မှားပါက မဟနဆရာတော်များနှင့် ပုစ္ဆက ဆရာတော်တို့အပေါ် အပြစ်ဆိုဖွယ်မရှိတော့ပေ။
ယခုမူ မဟနဆရာတော်များ ရွေးချယ်ထားသော ပုစ္ဆက ဆရာတော်များသည် မည်သူမဆို ကြည့်ရှုနိုင်အောင် ထုတ်ဝေးထားသည့် စာအုပ်ရှင်များ၏ သတိမေ့လျော့မှုကို ချောင်းမြောင်း အမှားရှာ၍ ပညာပြ မေးခွန်းပြုကာ ပုစ္ဆာထုတ်နေသည်ကာ သာသနာပြုရမရောက်၊ သာသနာဖျက်သကဲ့သို့ပင် ဖြစ်နေပေသည်။
ထွက်ပြီးသားစာအုပ်တွေပါအတိုင်း ကျက်မှတ်လေ့ ရှိကြသော စာသင်သားများ မတွေးကြတာကိုပင် အပြစ်တင်နေကြကာ အောက်သက်မကျေဟု အပြစ်တင်၍ပင် ပြောဆို နေတတ်ကြပေသည်။
ဥပမာ အနေအားဖြင့် ဖြေရှင်းရလျှင် အဂ္ဂသာဝက နှစ်ပါး အတူရဟန်းပြုကြသော်လည်း
ပညာအရာ ဧတဒဂ်ဘွဲ့ရှင် အရှင်သာရိပုတ္တရာမထေရ်က ဘုရားဟောသောတရားကို ဉာဏ်ဖြင့် စဉ်းစားလျက် ရဟန္တာဖြစ်နောက်ကျရပုံနှင့် လေးစားထိုက်တဲ့ မြတ်စွာဘုရား၏ တရားပဲ အမှားမရှိနိုင်ဟု ယူဆပြီး ဘုရားဟောသည့်အတိုင်း ဉာဏ်မကစားဘဲ လေ့ကျင့်ခဲ့သော အရှင်မောဂ္ဂလာန်မထေရ်က ရဟန္တာအရင် ဖြစ်ခွင့် ရခဲ့သည်ကိုထောက်၍ စာအုပ်များ တကယ်အားကိုးသည်ဟု အယူအဆဖြင့် ဝီရိယလွန်ကဲသည့် ရဟန်းအချို့သည့် စာအုပ်ပါအတိုင်း ထောင်ကျက်လေ့ ရှိကြသည်။
စာအုပ်များ အားကိုးထိုက်အောင် နိုင်ငံတော်အဆင့် စံနမူနာပို့ချချက် မဖြစ်ချင်းက မဟနဆရာတော်များတွင်သာ တာဝန်ရှိပေသည်။
မဟနဆရာတော်များ အပြစ်လွတ်ကင်း၍ ဓမ္မာစရိယစာမေးပွဲ အဆင့်မီစေရန်
၁။ ယခုနှစ်ကဲ့သို့ တရေးနိုး ထမေး မေးခွန်းမျိုး မမေးဘဲ နှစ်ခြား(သို့မဟုတ်) နှစ်စဉ် စည်းမျဉ်စုံအောင်မေးသင့်သည်
၂။ နိုင်ငံတော်အဆင့် ဓမ္မာစရိယ
စည်းမျဉ်းအစုံ ပုံသေနည်းစာအုပ် ထုတ်ဝေသင့်သည်
၃။ ဓမ္မာစရိယဝါကျစဉ် စည်းမျဉ်းပို့ချချက်များ စာရွက်အခက်အခဲအတွက် မထုတ်နိုင်ရင်ထား ထုတ်ဝေနေကြသည့် နာမည်ကျော် ဝါကျစဉ် ပို့ချချက် စာအုပ်များကို စာပေစီးစစ်၍ သတိမေ့လျော့ချက်များကို ပြင်ဆင်ကာ နိုင်ငံတော်အဆင့် အသိအမှတ်ပြု စာအုပ်အဖြစ် စီးစစ်ကာ အသိအမှတ်ပြုသင့်သည်
၃။ မိမိတပည့် သူ့တပည့်မခွဲခြားဘဲ ထိုကဲ့သို့ ဝါကျစဉ်ပို့ချချက် စာအုပ်မျိုး ထုတ်ဝေနိုင်စွမ်းရှိသော ပို့ချချက်ထုတ်ဝေနေသော ဆရာမျိုးကိုသာ နိုင်ငံအသိအမှတ်ပြု ဓမ္မာစရိယ ပုစ္ဆက ဆရာတော်များအဖြစ် အလှည့်ကျ ရွေးချယ်၍ ပုစ္ဆကခန့်သင့်သည်
၎။ ထုတ်ဝေးသားသော စာအုပ်များ၌မပါသော ဝါကျများကိုလည်း ဓမ္မာစရိယ ပြဋ္ဌာန်းကျမ်းစာနှင့်အညီ သင့်သလို ဝါကျစဉ် မေးခွန်းထုတ်ခြင်းကိုလည်း ရံဖန်ရံခါ သင့်သလို ကျမ်းသုံးကျမ်း အလှည့်မေးသင့်သည်
အောက်သက်မကျေကြသော စာသင်သားများကြောင့် ဓမ္မာစရိယတန်းစာမေးပွဲ့ ခက်ခဲ့နေရခြင်းသည်
အောက်သက်မကျေသော စာသင်သားအတွက်သာ နစ်နာ၏။
ဓမ္မာစရိယတန်းဆိုင်ရာ ပညာရေးအဖွဲ့တွင် တာဝန်းရှိကြသည့် မဟနဆရာတော်များနှင့် ထိုမဟနဆရာတော်များအဖွဲ့က အသိအမှတ်ပြုထားသည့် ပုစ္ဆက ဆရာတော်များ ကျမ်းမှားကျမ်းချောင်း ပုစ္ဆကများကို ရွေချယ် နေခြင်းကြောင့် စာမေးပွဲကျခြင်းသည် သာသနာတော်နှင့် နိုင်ငံပါ နစ်နာစေသည်ကို "ဓမ္မာစရိယစာမေးပွဲ
ခက်ရခြင်း၏ အကြောင်းအတွက် သတိပြုဖို့ အချိန်တန်ပြီ" ခေါင်းစဉ်ပေးကာ
သတိပြု စဉ်းစားဆင်ခြင်တော်မူနိုင်ကြစေရန် ရေးသာရခြင်း ဖြစ်ပါသည်။
မှတ်ချက်။ အနီးအနားနှင့် အွန်လိုင်းပေါ်တွင် ဓမ္မာစရိယတန်း ၁၃၈၀-ပြည့်နှစ် သီလက္ခန်ဒုတိယနေ့ မေးခွန်းကြောင့် ညဉ်းညူပြီး မကျေမနပ်ဖြစ်နေကြသော ညီတော်နောင်တော်များကို မြင်နေရ၍ မိမိအတွေးအမြင်ကို ဖုန်းဖြင့် မှတ်ချက်ပြု ရေးသားရခြင်းဖြစ်သည် အမှားပါက ခွင့်လွှတ်၍သာ ရှုတော်မူကြပါဘုရား။
#########
#ဓမ္မာစရိယအလင်းအိမ်