Thursday, January 18, 2018

သာသနမာမက ကရင်​သာမ​ဏေ​ကျော်​အသင်း ​အောင်​/ကျ သတ်​မှတ်​ချက်

U Yin Gyi accမှ
ပြန်​လည်​​ဝေမျှပါသည်​အရှင်​ဘုရား...

သာသနမာမက ကရင်​သာမ​ဏေ​ကျော်​အသင်း
အောင်​/ကျ သတ်​မှတ်​ချက်
==========================

တတိယဆင့်
#​အောင်​မှတ်​= ၆ဝ
#သဒ္ဒါ= ၈မှတ်
#သင်္ဂဟ= ၈မှတ်
ကျမ်းရင်း= ၃၅မှတ်
................................................

ဥပမာ
အောင်​မှတ်​သည်​ ၆ဝ​ကျော်​ရသည်​ဖြစ်​အံ့၊ သို့​သော်​- သဒ္ဒါ, သင်္ဂဟ, ကျမ်းရင်းအမှတ်​ မပြည့်​ပါက ထိုရထား​သော၆ဝမှတ်​သည်​ ကျ၏။

ထို့အတူ
သဒ္ဒါ, သင်္ဂဟ, ကျမ်းရင်းအမှတ်​ အပြည့်​ရရှိ​သော်​လည်း ထိုအမှတ်​များသည်​ ​အောင်​မှတ်​၆ဝကို မပြည့်​​စေအံ့၊ ကျ၏။

မှတ်​ချက်​။။သဒ္ဒါ,သင်္ဂဟ,ကျမ်းရင်းအမှတ်​ စံနှုံးအတိုင်း ရရှိပြီး၊ ​အောင်​မှတ်​ ၆ဝမပြည့်​ခဲ့​သော်​ အသင်းလူကြီးများ၏ ဆုံးဖြတ်​ချက်​အတိုင်း ​အောင်​​ပေးနိုင်​၏။ စံနှုံးအတိုင်း ကျရှုံးများခဲ့​သော်​ စံနှုံးကို ​လျော့နိုင်​၏။ (သတ်​မှတ်​ချက်​စံနှုံးအထက်​ အမှတ်​ကိုတင်​ပြီး သတ်​မှတ်​ခွင့်​ မရှိပါ။)
..............................................

ဒုတိယဆင့်
အောင်​မှတ်​ ၅၅
သဒ္ဒါ ၇
သင်္ဂဟ ၇
ကျမ်းရင်း ၃ဝ
.................................................

ပထမဆင့်
အောင်​မှတ်​ ၅ဝ
သဒ္ဒါ ၆
သင်္ဂဟ ၆
ကျမ်းရင်း ၂၅
...................................................

ဤသို့ သတ်​မှတ်​စံနှုံးရှိ​နေ၍
ကရင်​အသင်းမှာ ​ဖြေလျှင်
ကျမ်းမ​ပေါက်​​မြောက်​ဘဲ ​အောင်​ဖို့ မလွယ်​ပါ။

မိမိသည်​ ဤစံနှုံးများကို သ​ဘောကျသည်​။
သာမ​ဏေ​ကျော်​ဘွဲ့ရရှိသူဟာ စာ​ပေကျမ်းဂန်​ နှံ့စပ်​ကျွမ်းကျင်​သူ, ကျမ်းရင်းနိုင်​သူ, အာဂုံစာရသူသာ ဖြစ်​သင့်​သည်​ဟု ယူဆ​သော​ကြောင့်​ဖြစ်​သည်​။

ဖောင်းပွလာတဲ့ဂုဏ်​ထူး မိမိမမက်​​မော။
အ​ရေအတွက်​ထက်​ အရည်​အချင်းကိုသာ သ​ဘောကျသည်​။ (အတ္တ​နောမတိ)
.................................................

လွတ်​လပ်​စွာ ကွဲလွဲခွင့်​ရှိပါသည်​။
အကြံဥာဏ်​​ကောင်း​ပေးနိုင်​ပါသည်​။
စာသမားမပီသတဲ့ ​လော်​လီဘုကန်​စကားမျိုးကို​တော့ လာမမန့်​နဲ့။ ကျက်​သ​ရေတုံးလွန်းလို့ပါ။

Sunday, January 14, 2018

#ပိဋကတ်ပါဠိတော်မြန်မာပြန်ကျမ်းများ ကို တစ်စုတစ်စည်းထဲလိုချင်သူများအတွက်

#ပိဋကတ်ပါဠိတော်မြန်မာပြန်ကျမ်းများ ကို တစ်စုတစ်စည်းထဲလိုချင်သူများအတွက်
*************
ပိဋကတ်ကျမ်းစာများ၏ မူရင်းဘာသာသည် ပါဠိဘာသာ ဖြစ်သည်။ ဗုဒ္ဓ၏စကားတော်များကို ဗုဒ္ဓ၀စန၊ ပါဠိ၊ ပါဠိတော်၊ ပါဝစန၊ ပရိယတ္တိ၊ အာဂမ၊ သုတ္တ-စသော အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြပေသည်။ ဗုဒ္ဓစကားတော်များ၏ ပရိယာယ်ဖြစ်သော ယင်းဝေါဟာရများတွင် မည်သည့်ဝေါဟာရကို သုံးသည်ဖြစ်စေ ကြားရသော စာပေတတ်မြန်မာတို့က ဗုဒ္ဓ၏စကားတော်များကို ဆိုလိုကြောင်း ရုတ်ခြည်းသိကြသည်သာ ဖြစ်သည်။ ဤသို့လျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နှုတ်ဖျား၌ အမည်အမျိုးမျိုးဖြင့် ထင်ရှားခဲ့သော ဗုဒ္ဓ၏စကားတော်များကို ပထမသံဂါယနာတင်စဉ် အခါက ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာအရှင်မြတ်တို့သည် သဘောနီးစပ်ရာတရားတို့ကို စုစည်း၍နည်းအမျိုးမျိုးဖြင့် အမျိုးအစား ခွဲခြားခဲ့ကြပေသည်။
သံဂါယနာတင် အရှင်မြတ်တို့သည် ဗုဒ္ဓ၏စကားတော်များကို ၀ိမုတ္တိဟူသော ရသအားဖြင့် တပါး။
ဓမ္မနှင့်ဝိနယ အားဖြင့် နှစ်ပါး။
ပထမ, မဇ္ဈိမ, ပစ္ဆိမ ဟူသော ဗုဒ္ဓ၀စနအားဖြင့် သုံးပါး။
သုတ္တန်, ၀ိနည်း, အဘိဓမ္မာ ဟူသော ပိဋကတ်အားဖြင့် သုံးပါး။
ဒီဃ, မဇ္ဈိမ, သံယုတ္တ, အင်္ဂုတ္တရ, ခုဒ္ဒက ဟူသော နိကာယ်အားဖြင့် ငါးပါး။
သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန, ဣတိဝုတ္တက, ဇာတက, အဗ္ဘုတဓမ္မ, ဝေဒလ္လ ဟူသော အင်္ဂါအားဖြင့် ကိုးပါး။
ဓမ္မက္ခန္ဓာအားဖြင့် ( ၈၄,၀၀၀ ) ဟူ၍ အမျိုးအစား ခွဲခြားထားခဲ့ကြကုန်၏။
ဤသို့လျှင် သံဂါယနာတင် အရှင်မြတ်တို့က ဗုဒ္ဓ၏စကားတော်များကို အမျိုးအစား ခွဲခြားခဲ့ကြသော်လည်း ယခုအခါ အရှေ့တိုင်း အနောက်တိုင်းနှင့် ဗုဒ္ဓစာပေကို အလေ့အလာပြုကြသော ကမ္ဘာဒေသအားလုံးမှာပင် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးသွယ်ဖြင့်သာလျှင် ဗုဒ္ဓစာပေကို အမျိုးအစားခွဲခြား စုစည်းခဲ့ကြပေသည်။ ဗုဒ္ဓစာပေနှင့် မကင်းသူ ဗုဒ္ဓစာပေနှင့် ရင်းနှီးဆက်ဆံနေကြရသူများသည် ယင်းသို့တွင်ကျယ်နေသော နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ် ကျမ်းဖွဲ့စည်းပုံကို သိရှိထားသင့်လှပေသည်။
ရှေးဦးစွာ နိကာယ်ငါးရပ်ဖြင့် ကျမ်းခွဲခြားဖွဲ့စည်းပုံကို ရှင်းလင်းစွာ သိရှိနိုင်ရန် အောက်ပါဇယားဖြင့် ဖော်ပြလိုက်ပါသည်။
( နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကျမ်း စီစဉ်ပုံဇယား )
ဒီဃနိကာယ် ၃-ကျမ်း
၁။ သီလက္ခန္ဓ၀ဂ္ဂ
၂။ မဟာဝဂ္ဂ ( သုတ္တန္တ )
၃။ ပါထိက၀ဂ္ဂ
မဇ္ဈိမနိကာယ် ၃-ကျမ်း
၎-၁။ မူလပဏ္ဏာသ
၅-၂။ မဇ္ဈိမပဏ္ဏာသ
၆-၃။ ဥပရိပဏ္ဏာသ
သံယုတ္တနိကာယ် ၅-ကျမ်း
၇-၁။ သဂါထာဝဂ္ဂသံယတ်
၈-၂။ နိဒါန၀ဂ္ဂသံယုတ်
၉-၃။ ခန္ဓ၀ဂ္ဂသံယုတ်
၁၀-၄။ သဠာယတန၀ဂ္ဂသံယုတ်
၁၁-၅။ မဟာဝဂ္ဂသံယုတ်
အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း
၁၂-၁။ ဧကင်္ဂုတ္တရ
၁၃-၂။ ဒုကင်္ဂုတ္တရ
၁၄-၃။ တိကင်္ဂုတ္တရ
၁၅-၄။ စတုကင်္ဂုတ္တရ
၁၆-၅။ ပဉ္စင်္ဂုတ္တရ
၁၇-၆။ ဆဠင်္ဂုတ္တရ
၁၈-၇။ သတ္တင်္ဂုတ္တရ
၁၉-၈။ အ႒ဂုၤတၱရ
၂၀-၉။ န၀ဂၤုတၱရ
၂၁-၁၀။ ဒသဂၤုတၱရ
၂၂-၁၁။ ဧကာဒသဂၤုတၱရ
ခုဒ္ဒကနိကာယ် တစိတ် ၁၅-ကျမ်း
၂၃-၁။ ခုဒ္ဒကပါဌ
၂၄-၂။ ဓမ္မပဒ
၂၅-၃။ ဥဒါန
၂၆-၄။ ဣတိဝုတ္တက
၂၇-၅။ သုတ္တနိပါတ
၂၈-၆။ ၀ိမာန၀တ္ထု
၂၉-၇။ ပေတ၀တ္ထု
၃၀-၈။ ထေရဂါထာ
၃၁-၉။ ထေရီဂါထာ
၃၂-၁၀။ ဇာတက
၃၃-၁၁။ နိဒ္ဒေသ
၃၄-၁၂။ ပဋိသမ္ဘိဒါမဂ္ဂ
၃၅-၁၃။ အပဒါန
၃၆-၁၄။ ဗုဒ္ဓ၀ံသ
၃၇-၁၅။ စရိယာပိဋက
ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း
၃၈-၁။ ပါရာဇိက
၃၉-၂။ ပါစိတ္တိယ
၄၀-၃။ မဟာဝဂ္ဂ ( ၀ိနယ )
၄၁-၄။ စူဠ၀ဂ္ဂ
၄၂-၅။ ပရိဝါရ
ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း
၄၃-၁။ ဓမ္မသင်္ဂဏီ
၄၄-၂။ ၀ိဘင်္ဂ
၄၅-၃။ ဓာတုကထာ
၄၆-၄။ ပုဂ္ဂပညတ္တိ
၄၇-၅။ ကထာဝတ္ထု
၄၈-၆။ ယမက
၄၉-၇။ ပဋ္ဌာန
ဤသို့လျှင် နိကာယ်ငါးရပ်၌ ကျမ်းပေါင်း ( ၄၉ )ကျမ်းရှိသည်။ အထက်ပါ ( ၄၉ )ကျမ်းမှာ စတုတ္ထသံဂါယနာ တင်သည်အထိ အတည်ပြုထားသော ပိဋကတ်သုံးပုံ ကျမ်းစာရင်းဖြစ်သည်။ အောက်ပါ လေးကျမ်းမှာ ပဉ္စမသံဂါယနာ ကျောက်ထက်အက္ခရာ တင်သောအခါကျမှ ပါဠိတော်စာရင်းဝင် ဖြစ်လာသောကျမ်းများဖြစ်သည်။
၅၀။ သုတ္တသင်္ဂဟ
၅၁။ နေတ္တိ
၅၂။ ပေဋကောပဒေသ
၅၃။ မိလိန္ဒပဥှာ
ထို့ကြောင့် ယခုအခါ ပိဋကတ်သုံးပုံ ပါဠိတော် ( ၅၃ ) ကျမ်းဟု သတ်မှတ်ကြပါသည်။
ဤနိကာယ်အားဖြင့် ကျမ်းရေတွက်နည်းတွင် ပိဋကတ်အားဖြင့် ခွဲခြားလိုလျှင်
ဒီဃနိကာယ် ၃-ကျမ်း
မဇ္ဈိမနိကာယ် ၃-ကျမ်း
သံယုတ္တနိကာယ် ၃-ကျမ်း
အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း
ဟူသော ရှေးနိကာယ်လေးရပ်နှင့် ခုဒ္ဒကနိကာယ် တစိတ် ( ၁၅ ) ကျမ်းသည် သုတ္တန် ပိဋကတ်မည်၏။
ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်းသည် ၀ိနည်းပိဋကတ်မည်၏။
ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်းသည် အဘိဓမ္မာပိဋကတ်မည်၏။ ဤသို့ခွဲခြားနိုင်သည်။
ဤသို့လျှင် နိကာယ်ငါးရပ်နှင့် ပိဋကတ်သုံးသွယ်တို့သည် အားလုံးစုပေါင်းလိုက်သော် တရားကိုယ်အားဖြင့် အထူးမရှိ။ ( ၄၉ ) ကျမ်း သို့မဟုတ်-( ၅၃ ) ကျမ်း အတူတူပင် ဖြစ်ကြောင်း အလွယ်ဖြင့် သိရှိနိုင်ပေသည်။
ဤ ( ၄၉ )ကျမ်း တရားစုကိုပင် ပိဋကတ်တည်းဟူသော ခြင်းတောင်းထဲထည့်လျှင် သုံးတောင်းရသည်။ နိကာယ်တည်းဟူသော ဇလားထဲထည့်လျှင် ငါးဇလားရသည် ဟူသော သဘောကဲ့သို့ မှတ်ရာသည်။
ဤ ( ၄၉ )ကျမ်း သို့မဟုတ် (၅၃)ကျမ်းသော ပိဋကတ်စာပေနှင့် ပတ်သက်၍ အောက်ဖော်ပြပါ ကျမ်းအမျိုးအစား ငါးမျိုးကိုလည်း သိရှိထားသင့်ပေသည်။ ၄င်းတို့မှာ-
၁။ ပါဠိတော်
၂။ အဋ္ဌကထာ
၃။ ဋီကာ
၎။ ယောဇနာ
၅။ ဂဏ္ဌိ ကျမ်းတို့ ဖြစ်ကြသည်။
ထိုငါးမျိုးတွင် ပါဠိတော်-ဆိုသည်မှာ ဘုရားဟောနှင့် ဘုရားရှင် အသိအမှတ်ပြုသော သာဝကဟော မူရင်းကျမ်းများကို ဆိုလိုသည်။
အဋ္ဌကထာ-ဆိုသည်မှာ မူရင်းပါဠိတော်၏ အနက်အဓိပ္ပါယ်ကို အစအဆုံး သိမ်းကျုံး၍ အကျယ်တ၀င့် ဖွင့်ဆိုသော ရှင်ဗုဒ္ဓဃောသ အစရှိသော ဆရာတို့ ပြုသော ကျမ်းမျိုးဖြစ်သည်။
ဋီကာ-ဆိုသည်မှာ အထက်ပါ အဋ္ဌကထာကျမ်းများ၏ အနက်အဓိပ္ပါယ်ကို ထပ်မံဖွင့်ဆိုသည့် ကျမ်းမျိုးဖြစ်သည်။
ယောဇနာ-ဆိုသည်မှာ အနက်အယူ အသိခက်သော အဋ္ဌကထာနှင့် ဋီကာကျမ်းများကို အဓိပ္ပါယတ္ထထက်
အနက်-သဒ္ဒတ္ထကိုသာ အဓိကထား၍ ဖွင့်ဆိုသောကျမ်းမျိုးဖြစ်သည်။
ဂဏ္ဌိ-ဆိုသည်မှာ ပါဠိ အဋ္ဌကထာ ဋီကာ ကျမ်းများမှ လွန်စွာအသိခက်သော အပိုင်းလောက်ကိုသာ အဆုံးအဖြတ်နှင့်တကွ ဖွင့်ပြသော ခက်ဆစ်အဖြေဆန်သည့် ကျမ်းမျိုးဖြစ်သည်။
ဤကျမ်းအားလုံးသည် သီဟိုဠ်ခေတ်က ပါဠိဘာသာဖြင့်သာ ရှိကြသည်။
အထက်၌ပြခဲ့သော ပိဋကတ် ၄၉-ကျမ်း ( ၅၃ )ကျမ်းတို့တွင် ကျမ်းတိုင်း၌ မရှိသော်လည်း ကျမ်းအများစုတွင် ယခုဖော်ပြခဲ့သော ကျမ်းအမျိုးအစား ငါးမျိုး ဖြာထွက်လာနိုင်ပေသည်။
ဥပမာ-
အမှတ်တစ် သီလက္ခန္ဓ၀ဂ္ဂ တကျမ်းတည်းတွင်
၁။ သီလက္ခန္ဓ၀ဂ္ဂ ပါဠိတော်
၂။ သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာ
၃။ သီလက္ခန္ဓ၀ဂ္ဂ ဋီကာ
၎။ သီလက္ခန္ဓ၀ဂ္ဂ ယောဇနာ
၅။ သီလက္ခန္ဓ၀ဂ္ဂ ဂဏ္ဌိ-ဟူ၍ ကျမ်းငါးမျိုး ဖြာထွက်လာနိုင်ပေသည်။
တဖန် ပါဠိတော်၊ အဋ္ဌကထာ စသော ဖော်ပြပါ ကျမ်းငါးမျိုးတွင်လည်း တမျိုးစီ၌ အောက်ပါအတိုင်း ကျမ်းလေးမျိုးခန့် ခွဲထွက်လာနိုင်ပြန်သေးသည်။ ၄င်းတို့မှာ-
၁။ ပါဌ်
၂။ နိသ်
၃။ မြန်မာပြန်
၎။ ကဗျာလင်္ကာ ကျမ်းစာတို့ဖြစ်ကြသည်။
ထိုလေးမျိုးတွင် ပါဌ်ကျမ်း-ဆိုသည်မှာ မြန်မာဘာသာ မဖက် မူရင်းပါဠိသက်သက်ဖြင့် ရေးဖွဲ့ထားသော ကျမ်းမျိုးကို ဆိုလိုသည်။
နိသျကျမ်း-ဆိုသည်မှာ ပါဌ်တချက် အနက်တချက် နည်းဖြင့် မြန်မာဘာသာ ပြန်ဆိုသော ကျမ်းမျိုးကိုဆိုလိုသည်။
ယင်းကို နိသျပြန်ဟု ခေါ်ကြသည်။
မြန်မာပြန်-ဆိုသည်မှာ ပိဋကတ်ပါဠိတကျမ်းကို ပါဠိမဖက် မြန်မာဘာသာသက်သက်ဖြင့် ပြန်ဆိုထားသော ကျမ်းမျိုးကို ဆိုလိုသည်။ ယင်းပြန်နည်းကို ပါဌ်လျှောက်ပြန်ဟု ခေါ်ကြသည်။
ကဗျာလင်္ကာ-ဆိုသည်မှာ ယင်းပါဠိကျမ်းများလာ အဓိပ္ပါယ်ကိုယူ၍ ကဗျာလင်္ကာဖြင့် ဖွဲ့ဆိုထားသော ကျမ်းမျိုးကို ဆိုလိုသည်။
ဥပမာ-မင်္ဂလသုတ်လာ အဓိပ္ပါယ်ကို ယူ၍ သံပေါက်ကဗျာဖြင့် ဖွဲ့ဆိုသော မင်္ဂလာသံပေါက်၊ ပျို့လင်္ကာဖြင့် ဖွဲ့ဆိုသော မင်္ဂလသုတ်ပျို့ စသည်တို့ဖြစ်သည်။
တနည်းအားဖြင့်-ဘူရိဒတ် ဇာတ်အဋ္ဌကထာ တကျမ်းတည်းက
၁။ ဘူရိဒတ္တဇာတက အဋ္ဌကထာပါဌ်၊
၂။ ဘူရိဒတၱဇာတက အ႒ကထာနိသ်၊
၃။ ဘူရိဒတ္တ ဇာတက အဋ္ဌကထာ မြန်မာပြန်နှင့်
၎။ ဘူရိဒတ္တ ဇာတက ပျို့-ဟူ၍ ကျမ်းလေးမျိုး ပွားထွက်လာနိုင်သည်ကို ဆိုလိုသည်။
အဋ္ဌကထာ ဋီကာကျမ်းများနှင့် ပတ်သက်၍ လက်သန်းအဋ္ဌကထာနှင့် လက်သန်းဋီကာများအကြောင်းကိုလည်း သိရှိထားသင့်သည်။ လက်သန်းအဋ္ဌကထာ ဆိုသည်မှာ အဋ္ဌကထာကြီးများကဲ့သို့ မူရင်းပါဠိတော် တကျမ်းလုံးကို အစအဆုံး သိမ်းကျုံးဖွင့်ဆိုသော အဋ္ဌကထာမျိုးမဟုတ်။ မူရင်းပါဠိတော်လာ ခေါင်းစဉ်အကြောင်းအရာ တရပ်ရပ်ကို မူရင်းပါဠိတော်စကားမှ တည်ပုဒ်ကို မထည့်သွင်းတော့ပဲ မိမိနားလည်သလို မိမိစကားဖြင့် အလွတ်ရှင်းပြသော အဋ္ဌကထာအသေးစားကို ခေါ်ခြင်းဖြစ်သည်။
ဥပမာ-သစ္စသင်္ခေပ အဋ္ဌကထာ ကဲ့သို့သော ကျမ်းမျိုးဖြစ်သည်။ ယင်းလက်သန်းအဋ္ဌကထာမျိုးကို ထပ်ဆင့်ဖွင့်ပြသော ကျမ်းမျိုးကို လက်သန်းအဋ္ဌကထာဋီကာ-ဟု ခေါ်ကြသည်။
ဤကား ပိဋကတ်ကျမ်းစာများနှင့် ပတ်သက်၍ မြန်မာမှုနယ်ပယ်တွင် သိမထားလျှင် မဖြစ်ဟု ဆိုနိုင်လောက်အောင် အရေးကြီးသော အခြေခံအကျဆုံးကျမ်း အမျိုးအစားများ ဖြစ်ပေသည်။ ပါဠိနှင့် ပိဋကတ်စာပေကို လေ့လာလိုက်စားသူများသည် အထက်ပါကျမ်းအမျိုးအစားကို သိရှိထားမှသာလျှင် ရှင်းလင်းလွယ်ကူစွာ နားလည်သဘောပေါက်ကြမည်ဖြစ်သည်။

#ပိဋကတ်သုံးပုံ
၁။ဝိနည်းတော်ပိဋကတ်ပါဠိမြန်မာပြန်
http://pc.cd/wunctalK
၂။ဝိနည်းပိဋကတ်ပါစိတ်မြန်မာပြန်
http://pc.cd/32nctalK
၃။ဝိနည်းပိဋက ပါစိတ်ပါဠိတော်မြန်မာပြန်
ဘိက္ခုနီဝိဘင်း
http://pc.cd/afnctalK
၎။ဝိနည်းပိဋက မဟာဝဂ်ပါဠိတော် မြန်မာပြန်
http://pc.cd/1BnctalK
၅။ဝိနည်းပိဋက စူလဝဂ် ပါဠိတော် မြန်မာပြန်
http://pc.cd/cBnctalK
၆။ဝိနည်းပိဋက ပရိဝါ ပါဠိတော် မြန်မာပြန်
http://pc.cd/GunctalK
၇။ဒီဃနိကာယ် သီလက္ခန်ပါဠိတော်မြန်မာပြန်
http://pc.cd/NunctalK
၈။ဒီဃနိကာယ် မဟာဝဂ် ပါဠိတော်မြန်မာပြန်
http://pc.cd/IBnctalK
၉။ဒီဃနိကာယ် ပါထိကဝဂ် ပါဠိတော်မြန်မာပြန်
http://pc.cd/SfnctalK
၁၀။မဇ္ဈိမနိကာယ်
မူလပဏ္ဍာသ ပါဠိတော်မြန်မာပြန်
http://pc.cd/yWnctalK
၁၁။မဇ္ဈိမနိကာယ်
မဇ္ဈိမပဏ္ဍာသ ပါဠိတော်မြန်မာပြန်
http://pc.cd/JfnctalK
၁၂။မဇ္ဈိမနိကာယ် ဥပရိပဏ္ဍာသ
ပါဠိတော်မြန်မာပြန်
http://pc.cd/2KtrtalK
၁၃။သံယုတ္တနိကာယ်
သဂါထာဝဂ္ဂသံယုဒ် ပါဠိတော်မြန်မာပြန်
http://pc.cd/u2nctalK
၁၄။သံယုတ္တနိကာယ်
နိဒါနဝဂ္ဂသံယုဒ်ပါဠိတော်မြန်မာပြန်
http://pc.cd/nfnctalK
၁၅။သံယုတ္တနိကာယ်
ခန္ဓဝဂ္ဂသံယုဒ်ပါဠိတော်မြန်မာပြန်
http://pc.cd/n2nctalK
၁၆။သံယုတ္တနိကာယ်
သဠာယတနဝဂ္ဂသံယုဒ်ပါဠိတော်မြန်မာပြန်
http://pc.cd/a2nctalK
၁၇။သံယုတ္တနိကာယ်
မဟာဝဂ္ဂသံယုဒ်ပါဠိတော်မြန်မာပြန်
http://pc.cd/92nctalK
၁၈။အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော်မြန်မာပြန်
ဧကကနိပါတ်
http://pc.cd/0WnctalK
၁၉။အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော်မြန်မာပြန်
ဒုကနိပါတ်
http://pc.cd/ifnctalK
၂၀။အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော်မြန်မာပြန်
တိကနိပါတ်
http://pc.cd/wBnctalK
၂၁။အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော်မြန်မာပြန်
စတုက္ကနိပါတ်
http://pc.cd/UBnctalK
၂၂။အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော်မြန်မာပြန်
ပဉ္စကနိပါတ်
http://pc.cd/y2nctalK
၂၃။အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော်မြန်မာပြန်
ဆက္ကနိပါတ်
http://pc.cd/0BnctalK
၂၄။အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော်မြန်မာပြန်
သတ္တကနိပါတ်
http://pc.cd/g2nctalK
၂၅။အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော်မြန်မာပြန်
အဋ္ဌကနိပါတ်
http://pc.cd/XBnctalK
၂၆။အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော်မြန်မာပြန်
နဝကနိပါတ်
http://pc.cd/dfnctalK
၂၇။အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော်မြန်မာပြန်
ဒသကနိပါတ်
http://pc.cd/02nctalK
၂၈။အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ် ပါဠိတော်မြန်မာပြန်
ဧကာဒသကနိပါတ်
http://pc.cd/AfnctalK
၂၉။ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌ ပါဠိတော်မြန်မာပြန်
http://pc.cd/CunctalK
၃၀။ခုဒ္ဒကနိကာယ် ဓမ္မပဒ ပါဠိတော်မြန်မာပြန်
http://pc.cd/TunctalK
၃၁။ခုဒ္ဒကနိကာယ် ဥဒါန်း ပါဠိတော်မြန်မာပြန်
http://pc.cd/3TWrtalK
၃၂။ခုဒ္ဒကနိကာယ် ဣတိဝုတ် ပါဠိတော်မြန်မာပြန်
http://pc.cd/UfnctalK
၃၃။ခုဒ္ဒကနိကာယ် သုတ္တနိပါတ်
ပါဠိတော်မြန်မာပြန်
http://pc.cd/pWnctalK
၃၄။ခုဒ္ဒကနိကာယ် ဝိမာနဝတ္ထု ပါဠိတော်မြန်မာပြန်
http://pc.cd/K2nctalK
၃၅။ခုဒ္ဒကနိကာယ် ပေတဝတ္ထု ပါဠိတော်မြန်မာပြန်
http://pc.cd/82nctalK
၃၆။ခုဒ္ဒကနိကာယ် ပဋိသမ္ဘ္ဘိဒါမဂ်
ပါဠိတော်မြန်မာပြန်
http://pc.cd/12nctalK
၃၇။ခုဒ္ဒကနိကာယ် ထေရာပဒါန်
ပါဠိတော်မြန်မာပြန်
http://pc.cd/MKtrtalK
၃၈။ခုဒ္ဒကနိကာယ် ထေရီအပဒါန်
ပါဠိတော်မြန်မာပြန်
http://pc.cd/lBnctalK
၃၉။ခုဒ္ဒကနိကာယ် ဗုဒ္ဓဝံသ ပါဠိတော်မြန်မာပြန်
http://pc.cd/1unctalK
၄၀။ခုဒ္ဒကနိကာယ် စရိယာပိဋက
ပါဠိတော်မြန်မာပြန်
http://pc.cd/pfnctalK
၄၁။ခုဒ္ဒကနိကာယ် မိလိန္ဒပဥှာ ပါဠိတော်မြန်မာပြန်
http://pc.cd/8BnctalK
၄၂။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
ခန္ဓဝိဘင်္ဂ
http://pc.cd/uBnctalK
၄၃။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
အာယတန ဝိဘင်္ဂ
http://pc.cd/rBnctalK
၄၄။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
ဓာတုဝိဘင်္ဂ
http://pc.cd/dunctalK
၄၅။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
သစ္စဝိဘင်္ဂ
http://pc.cd/JxtrtalK
၄၆။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
ဣန္ဒြိယဝိဘင်္ဂ
http://pc.cd/m8trtalK
၄၇။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
ပဋိစ္စသမုပ္ပါဒဝိဘင်္ဂ
http://pc.cd/sWnctalK
၄၈။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
သတိပဋ္ဌာနဝိဘင်္ဂ
http://pc.cd/22nctalK
၄၉။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
သမ္မပ္ပဓာနဝိဘင်္ဂ
http://pc.cd/DWnctalK
၅၀။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
ဣဒ္ဓိပါဒဝိဘင်္ဂ
http://pc.cd/gg9rtalK
၅၁။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
ဗောဇ္ဈင်္ဂဝိဘင်္ဂ
http://pc.cd/xBnctalK
၅၂။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
မဂ္ဂင်္ဂဝိဘင်္ဂ
http://pc.cd/KBnctalK
၅၃။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
ဈာနဝိဘင်္ဂ
http://pc.cd/9BnctalK
၅၄။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
အပ္ပမညာဝိဘင်္ဂ
http://pc.cd/VfnctalK
၅၅။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
သိက္ခာပဒဝိဘင်္ဂ
http://pc.cd/O2nctalK
၅၆။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
ပဋိသမ္ဘိဒါဝိဘင်္ဂ
http://pc.cd/jMWrtalK
၅၇။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
ဉာဏဝိဘင်္ဂ
http://pc.cd/YWnctalK
၅၈။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
ခုဒ္ဒကဝတ္တုဝိဘင်္ဂ
http://pc.cd/s2nctalK
၅၉။အဘိဓမ္မပိဋက ဝိဘင်္ဂ ပါဠိတော်မြန်မာပြန်
ဓမ္မဟဒယဝိဘင်္ဂ
http://pc.cd/HWnctalK
၆၀။အဘိဓမ္မပိဋက ကထာဝတ္ထု ပါဠိတော်မြန်မာပြန်
http://pc.cd/kWnctalK
၆၁။အဘိဓမ္မပိဋက ပုဂ္ဂလပညတ်
ပါဠိတော်မြန်မာပြန်
http://pc.cd/QBnctalK

Monday, January 1, 2018

ဇန်​နဝါရီလရဲ့ (၁)ရက်​​နေ့

ဇန်​နဝါရီလရဲ့ (၁)ရက်​​နေ့
(သို့မဟုတ်​)
သမိုင်းမျက်​ရည်​ လွမ်း​စိတ်​​ဝေ
®©©©©©©©®
သူငယ်​ချင်း​ရေး
သမိုင်းမျက်​ရည်​ အလွမ်း​ပြေ​ပေါ့ကွာ

သမိုင်းဆိုတာကို
စာ​မေးပွဲခန်းနှင့်
စာကြည်​တိုက်​မှာ
သိမ်းထားရမည့်​အရာလို့
ထင်​​နေကြတယ်​​ခေတ်​ကွ--

ဇန်​နဝါရီလရဲ့ (၁)ရက်​​နေ့ဆိုတာ
သမိုင်းမှာ
မြန်​မာ​တွေ ငို​ကြွေးခဲ့ရတဲ့​နေ့ပါကွာ--
မြန်​မာ့အတိတ်​သမိုင်းဆိုး​နေ့​ပေါ့

ကမ္ဘာလှည်းကာ
ဗြိတိသျှ အင်​ပါယာ ချဲ့​နေကြတဲ့
အင်္ဂလိပ်​​တွေက
Happy New year!လို့​အော်​ပြီး
မြန်​မာနိုင်​ငံကို သူတို့ပိုင်​ပြီလို့
ကမ္ဘာ​နှင့်မြန်​မာ​ကို
ကြေညာချက်​ ထုတ်​ခဲ့တဲ့​နေ့- --
လွတ်​လပ်​​ရေး ဆုံးရှုံးသွားတဲ့​နေ့--

Happy New year!လို့​အော်​ပြီး
မင်း​ပျော်​နိုင်​ပါတယ်
ပျော်​ခွင့်​ရှိပါတယ်
သို့​သော်
ငါ့တို့မြန်​မာနိုင်​ငံ
ငါတို့မျိုးနွယ်​​တွေရဲ့
အတိတ်​သမိုင်းမျက်ရည်​​ကို​တော့
မင်း အသိအမှတ်​ပြု
သတိရ​ပေးပါ​နော်​- - -

သမိုင်းစာမျက်​နှာ​တွေကို
အတိတ်​နဲ့​ချေ
ပစ္စုန်​ပ္ပန်​နဲ့​စား
အနာဂတ်​ ​ဘောဘ​​စိတ်​​​တွေနဲ့
ချေစားပြုခဲ့ ကြတဲ့​ D​ခေတ်​--

စံရသူ​တွေက သမိုင်း​ဖျောက်
ခံရသူ​တွေက သမိုင်း​ထောက်
စံရသူနဲ့ ခံရသူကြားမှာ
ဒို့မျိုးနွယ်​​တွေအတွက်
မြန်မာ့​သမိုင်းမျက်​ရည်​ကို
မင်း---​သတိရ​ပေးပါ​နော်

(တက္ကသိုလ်စာသင်သား၏ နှစ်သစ်ကူး အလွမ်း သမိုင်းမျက်ရည် လွှမ်းစိတ်ပြေ )
                 Ven Indacariya(1-1-2018)

https://m.facebook.com/story.php?story_fbid=139916406796219&id=100023335819062

မန်မာ့စိတ်ပုတီး ၁၀၈ လုံး အဓိပ္ပာယ်ဖွင့်ချက်

မြန်မာ့စိတ်ပုတီး ၁၀၈ လုံး အဓိပ္ပာယ်ဖွင့်ချက်
+++++++++++++++++++++++++

ရေစကြို အရှင်ဧသိက၊ စစ်တမ်း - စာ ၁၅၆ ရဲ့စိပ်ပုတီး ပြဿနာ အဖြေရှာ ဆိုတဲ့ ဆောင်းပါး လေး မှာ မြန်မာ စိပ်ပုတီး ရဲ့မြစ်ဖျား ခံပုံက စပြီး စိပ်ပုတီး စိပ်ခြင်း ရဲ့ အဓိပ္ပါယ်တွေ အသုံးပြုပုံတွေ ကိုစုံစုံ လင် လင်လေး ဖေါ်ပြထားတာ ကြည်ညိုဖွယ် ဖတ်ရလို့ အလွန်ကျေးဇူးတင် ပါတယ်။

အဲ့ဒီ ဆောင်းပါး မှာ ဟိန္ဒူ ဘာသာ တွင် ဗိဿနိုး ဂိုဏ်းဝင် တို့သည် ၁၀၈-လုံး ပုတီး ကို အသုံးပြုလေ့ ရှိကြ ပြီး မြန်မာ တို့ ကလည်း ၁၀၈-လုံး ပုတီး ကိုပင် အသုံးပြု များကြတယ် လို့လဲဖေါ်ပြထား ပါ တယ်။

ဘယ်လို အကြောင်းကြောင့် ပုတီး ၁၀၈-လုံးဖြစ်ဖြစ်၊ ပုတီး ၀ယ် ရင်လည်း ၁၀၈-လုံး ရှိတဲ့ ပုတီးကုံး ပဲ ၀ယ် လို့ ရတာမို့ ပုတီးစိပ်မယ် ဆိုရင် မြတ်ဘုရား ရဲ့ စက် လက္ခဏာတော် ၁၀၈ ကွက်ကို ရည်ရွယ်ပြီး စိပ်ကြမယ် ဆိုရင် ပိုမို အံဝင်ပြီး၊ မြင့်မြတ်မယ်လို့ ထင်ပါတယ်။ ကျမ က အင်မတန်လောဘကြီး တဲ့သူပါ။

တစ်ခုခု လုပ်မယ်ဆိုရင် တစ်ချက်ခုတ် ရင် အနည်းဆုံးနှစ်ချက် ပြတ်မှကြိုက်တတ်တဲ့ သူမို့ ဘုရား၊ တရား၊ သံဃာ ကို အာရုံပြု မိအောင် နံပတ်များကို အောက်ပါကဲ့သို့ အာရုံပြုလေ့ ရှိပါတယ်။

၁။ နံပတ်ဆိုရင်။ မြတ်ဘုရား ကို အာရုံပြုပါတယ်။
၂။ နံပတ်ဆိုရင်။ ရုပ်နာမ်နှစ်ပါး လို့ အာရုံပြုပါတယ်။
၃။ နံပတ်ဆိုရင်။ ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါး ကိုအာရုံပြုပါတယ်။
၎။ နံပတ်ဆိုရင်။ သစ္စာလေးပါး ကို အာရုံပြုပါတယ်။
၅။ နံပတ်ဆိုရင်။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ အန္တော အန္တ ငါးပါး ကို အာရုံပြုပါတယ်။
၆။ နံပတ်ဆိုရင်။ တရား ဂုဏ်တော် ခြောက်ပါး ကို အာရုံပြုပါတယ်။
၇။ နံပတ်ဆိုရင်။ ၀ိသုဒ္ဓိ တရား (၇) ပါး ကို အာရုံပြုပါတယ်။
၈။ နံပတ်ဆိုရင်။ မဂ္ဂင်ရှစ်ပါး ကို အာရုံပြုပါတယ်။
၉။ နံပတ်ဆိုရင်။ ဘုရားဂုဏ်တော် ကိုးပါး ကို အာရုံပြုပါတယ်။
၁၀။ နံပတ်ဆိုရင်။ ကိလေသာ ဆယ်ပါး ကို အာရုံပြုပါတယ်။

စိတ်သာရှင်စောဘုရားဟော ဆိုတဲ့ အတိုင်း စိတ် အာရုံကသာ ကောင်းကျိုး၊ ဆိုးကျိုး တို့ကိုဖြစ် စေတာမို့ ပုတီးလုံး ၁၀၈ လုံး ကို မြတ်ဘုရားရဲ့ စက်လက္ခဏာတော် ၁၀၈ ကွက် ကို အာရုံပြု မယ် ဆိုရင် ပိုမိုကောင်း မွန်မြင့်မြတ်မယ် လို့ ထင်ပါတယ်။

အရှင်သာရိပုတ္တရာ မှ သစ္စက ၏ အစ်မလေးယောက် အားမေးသော ပုစ္ဆာ(၁၀) မျိုး၏ အဖြေ။

၁။ တစ်ခုသော တရားဆိုတာ = အာဟာရ။
၂။ နှစ်ခုသော တရားဆိုတာ = နာမ်နှင့်ရုပ်။
၃။ သုံးခုသော တရားဆိုတာ = ဝေဒနာသုံးပါး။
၎။ လေးခုသော တရားဆိုတာ = သစ္စာလေးပါး။
၅။ ငါးခုသော တရားဆိုတာ = ဥပဒါနက္ခန္ဓာ။
၆။ ခြောက်ခုသော တရား ဆိုတာ =
အာယာတနခြောက်ပါး။
၇။ ခုနှစ်ခုသော တရား ဆိုတာ = ဗောဇ္ဈင်ခုနှစ်ပါး။
၈။ ရှစ်ခုသော တရား ဆိုတာ = မဂ္ဂင်ရှစ်ပါး။

၉။ ကိုးခုသော တရား ဆိုတာ = သတ္တ၀ါသ ဘုံကိုးဝ။
၁၀။ ဆယ်ခုသော တရားဆိုတာ = အင်္ဂါ ဆယ်ပါးနှင့်ပြည့်စုံသော ရဟန္တာ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ၏
နှစ်ဖက်သော ခြေဖဝါးတော် အပြင် တို့၌
တစ်ထောင် သော အကန့်၊ အကွက် အကွပ်တံကူ၊ ပုံတောင်းချက် မနှင့် တကွ ဖြစ်ကုန်သော၊
ခပ်သိမ်းသော အခြင်းအရာ တို့နှင့်ပြည့်စုံကုန်သော (၁၀၈) ကွက် စက်လက္ခဏာ များမှာ---

(၁) သတ္တိစက်-လှံမ ပုံ။
(၂) သီရိဝစ္ဆစက်-အိမ်မွန် ပုံ။
(၃) နန္ဒိယာဝဋ္ဋစက်-ဇလပ်ပန်းပွင့်ပုံ။
(၄) သောဝတ္တိကစက်-လည်ရေးသုံးဆင့် ပုံ။
(၅) ဝဋံသကစက်-ဦးဆောက်ပန်း ပုံ။
(၆) ဝဍ္ဎမာနကစက်-ထမင်းပွဲပုံ။
(၇) ဘဒ္ဒပီဌစက်-အင်းပျဉ်ဝန်း (ခေါ်) ရွှေသလွန်တော် ပုံ။
(၈) အင်္ကုသစက်-ချွန်းတောင်း ပုံ။
(၉) ပါသာဒစက်-ပြာသာဒ်ပုံ။
(၁၀) တောရဏစက်-တံခါးတိုင်ပုံ။
(၁၁) သေတစ္ဆတ္တစက်-ထီးဖြူ ပုံ။
(၁၂) ခဂ္ဂစက်-သန်လျက်ပုံ။
(၁၃) တာလဝဏ္ဋစက်-ထန်းရွက်ယပ်ဝန်း ပုံ။
(၁၄) မယူရဟတ္ထစက်-ဥဒေါင်းမြီးယပ်ပုံ။
(၁၅) ဥဏှီသစက်-သင်းကျစ် ပုံ။
(၁၆) မဏိစက်-ပတ္တမြား ပုံ။
(၁၇) ပတ္တစက်-သပိတ်ပုံ။
(၁၈) သုမနဒါမစက်-မြတ်လေးပန်းဆိုင်း ပုံ။
(၁၉) နီလုပ္ပလစက်-ကြာညိုပန်း ပုံ။
(၂၀) ရတ္တုပ္ပလစက်-ကြာနီပန်း ပုံ။
(၂၁) သေတုပ္ပလစက်-ကြာဖြူပန်း ပုံ။
(၂၂) ပဒုမစက်-ပဒုမ္မာကြာပန်း ပုံ။
(၂၃) ပုဏ္ဍရိကစက်-ပုဏ္ဍရိက်ကြာပန်း ပုံ။
(၂၄) ပုဏ္ဏဃဋစက်-ရေပြည့်အိုး ပုံ။
(၂၅) ပုဏ္ဏပါတိစက်-ရေဖြည့်ဖလား ပုံ။
(၂၆) သမုဒ္ဒစက်-သမုဒ္ဒရာ ပုံ။
(၂၇) စက္ကဝါဠပဗ္ဗတစက်-စကြဝဠာတောင ပုံ။
(၂၈) ဟိမဝန္တပဗ္ဗတစက်-ဟိမဝန္တာတောင်ပုံ။
(၂၉) မေရုပဗ္ဗတစက်-မြင်းမိုရ်တောင်ပုံ။
(၃၀) သူရိယမဏ္ဍလစက်-နေဝန်းပုံ။
(၃၁) စန္ဒမဏ္ဍလစက်-လဝန်းပုံ။
(၃၂) နက္ခတ္တာနိစက်-နက္ခတ်တာရာများပုံ။ (၃၃) ပုဗ္ဗဝိဒေဟစက်-အရှေ့ကျွန်းပုံ။
(၃၄) အပရဂေါယာနစက်-အနောက်ကျွန်းပုံ။
(၃၅) ဇမ္ဗုဒီပစက်-ဇမ္ဗူဒိပ်တောင်ကျွန်းပုံ။
(၃၆) ဥတ္တရကုရုစက်-မြောက်ကျွန်းပုံ။
(၃၇) စက္ကဝတ္တိစက်-စကြဝတေးမင်းပုံ။
(၃၈) ဒက္ခိဏဝဋ္ဋသင်္ခစက်-လက်ယာရစ်ခရုသင်းအဖြူပုံ။
(၃၉) သုဝဏ္ဏမစ္ဆယုဂဠစက်-ရွှေငါးကြင်းအစုံပုံ။
(၄၀) စက္ကာဝုဓစက်-စက်လက်နက်ပုံ။
(၄၁) လဝဏသီတာစက်-ဆားငန်ရည်သီတာပုံ။
(၄၂) ဥစ္ဆုသီတာစက်-ကြံရည်ချိုသီတာပုံ။
(၄၃) သုရာသီတာစက်-သေရည်သီတာပုံ။
(၄၄) သာဓိသီတာစက်-အမငခပ်သိမ်းပြီးသောသီတာပုံ။
(၄၅) ဒဓိသီတာစက်-နို့ဓမ်းသီတာပုံ။
(၄၆) ဒုဒ္ဓသီတာစက်- နို့ရည်သီတာပုံ။
(၄၇) ဇလသီတာစက်-ရေချိုသီတာပုံ။
(၄၈) ယုဂန္ဓရစက်-ယုဂန္ဓရတောင်ပုံ။
(၄၉) ဣသန္ဓရစက်-ဣသန္ဓရတောင်ပုံ။
(၅၀) ကရဝိကစက်-ကရဝိကတောင်ပုံ။
(၅၁) သုဒဿနစက်-သုဒဿနတောင်ပုံ။
(၅၂) နေမိန္ဓရစက်-နေမိန္ဓရတောင်ပုံ။
(၅၃) ဝိတနကစက်-ဝိတနကတောင်ပုံ။
(၅၄) အဿကဏ္ဏစက်-အဿကဏ္ဏတောင်ပုံ။
(၅၅) အနောတတ္တစက်-အနောတတ္တရေအိုင်ပုံ။
(၅၆) ကဏ္ဏမုဏ္ဍစက်- ကဏ္ဏမုဏ္ဍရေအိုင်ပုံ။
(၅၇) ရထကာရစက်-ရထကာရရေအိုင်ပုံ။
(၅၈) ဆဒ္ဒန္တစက်-ဆဒ္ဒန္တရေအိုင်ပုံ။
(၅၉) ကုဏာလစက်-ကုဏာလရေအိုင်ပုံ။
(၆၀) မဏ္ဍကိနီစက်-မဏ္ဍကိနီရေအိုင်ပုံ။
(၆၁) သီဟပ္ပပါတစက်-သီဟပ္ပပါတရေအိုင်ပုံ။
(၆၂) သုပဏ္ဏရာဇာစက်-ဂဠုန်မင်းပုံ။
(၆၃) သံသုမာရစက်-မိကျောင်းမင်းပုံ။
(၆၄) ဓဇောစက်-တံခွန်လျားပုံ။
(၆၅) ပဋာကစက်-တံခွက်ကုက္ကားပုံ။
(၆၆) သုဝဏ္ဏသိဝိကာစက်-ရတနာသန်လျင်ပုံ။
(၆၇) သုဝဏ္ဏဝါဠဗီဇနီစက်-ရွှေစာမရီသားမြီးယပ်ပုံ။
(၆၈) ကေလာသပဗ္ဗတစက်-ကေလာသငွေတောင်ပုံ။
(၆၉) သီဟရာဇာစက်-ခြင်္သေ့မင်းပုံ။
(၇၀) ဗျဂ္ဃရာဇစက်-ကျားမင်းပုံ။
(၇၁) ဝလာဟကအဿရာဇာစက်-ဝလာဟကမြင်းပျံပုံ။
(၇၂) ဥပေါသထဆဒ္ဒန္တ ဟတ္ထိရာဇာစက်-ဥပေါသထ ဆဒ္ဒန်ဆင်မင်းပုံ။
(၇၃) ဗာသုကီနာဂရာဇာစက်-ဗာသုကီနဂါးမင်းပုံ။
(၇၄) ဟံသရာဇာစက်-ဟင်္သာမင်းပုံ။
(၇၅) ဥသဘရာဇာစက်-နွားလားဥသဘမင်းပုံ။
(၇၆) ဧရာဝဏဟတ္ထိရာဇာစက်-ဧရာဝဏ်ဆင်မင်းပုံ။
(၇၇) သုဝဏ္ဏမကာရစက်-ရွှေမကာရ်းပုံ။
(၇၈) သုဝဏ္ဏနာဝါစက်-မုခ်ဦးလေးခုရှိသော ရွှေလှေပုံ။
(၇၉) ဗြဟ္မရာဇာစက်-ဗြဟ္မာမင်းပုံ။
(၈၀) သဝစ္ဆကာဓေနုစက်-နို့တိုက်နေသော နွားသားအမိပုံ။
(၈၁) ကိံပုရိသ ကိံပုရိသီစက်-ကိန္နရာအဖိုနှင့် ကိန္နရာအမပုံ။
(၈၂) ကရဝိကရာဇာစက်-ကရဝိက်ငှက်မင်းပုံ။
(၈၃) မဟူရရာဇာစက်-ဥဒေါင်းမင်းပုံ။
(၈၄) ကောဉ္စရာဇာစက်-ကြိုးကြာငှက်မင်းပုံ။
(၈၅) စက္ကဝါကရာဇာစက်-စက္ကဝါငှက်မင်းပုံ။
(၈၆) ဇီဝ ဇီဝက ရာဇာစက်-ဇီဝဇိုးငှက်မင်းပုံ။
(၈၇) စတုမဟာရာဇိကာစက်-စတုမဟာရာဇ်နတ်ဘုံပုံ။
(၈၈) တာဝတိံသာစက်-တာဝတိံသာနတ်ဘုံပုံ။
(၈၉) ယာမာစက်-ယာမာနတ်ဘုံပုံ။
(၉၀) တုသိတာစက်-တုသိတာနတ်ဘုံပုံ။
(၉၁) နိမ္မာနရတီစက်-နိမ္မာနရတီနတ်ဘုံပုံ။
(၉၂) ပရနိမ္မိတဝသဝတ္တီစက်-ပရနိမ္မိတဝသဝတ္တီနတ်ဘုံပုံ။
(၉၃) ဗြဟ္မပါရိသဇ္ဇာစက်-ပါရိသဇ္ဇာဗြဟ္မာဘုံပုံ။
(၉၄) ဗြဟ္မပုရောဟိတာစက်-ပုရောဟိတ်ဗြဟ္မာဘုံပုံ။
(၉၅) မဟာဗြဟ္မာစက်-မဟာဗြဟ္မာဘုံပုံ။
(၉၆) ပရိတ္တာဘာစက်-ပရိတ္တာဘာဗြဟ္မာဘုံပုံ။
(၉၇) အပ္ပမာဏာဘာစက်-အပ္ပမာဏာဘာဗြဟ္မာဘုံပုံ။
(၉၈) အာဘဿရာစက်-အာဘဿရာဗြဟ္မာဘုံပုံ။
(၉၉) ပရိတ္တသုဘာစက်-ပရိတ္တသုဘာဗြဟ္မာဘုံပုံ။
(၁၀၀) အပ္ပမာဏသုဘာစက်-အပ္ပမာဏသုဘာဗြဟ္မာဘုံပုံ။
(၁၀၁) သုဘကိဏှာစက်-သုဘကိဏှာဗြဟ္မာဘုံပုံ။
(၁၀၂) ဝေဟပ္ဖလာစက်-ဝေဟပ္ဖလာဗြဟ္မာဘုံပုံ။
(၁၀၃) အသညသတ္တာစက်-အသညသတ်ဗြဟ္မာဘုံပုံ။
(၁၀၄) အဝိဟာစက်-အယိဟာဗြဟ္မာဘုံပုံ။
(၁၀၅) အတပ္ပာစက်-အတပ္ပာဗြဟ္မာဘုံပုံ။
(၁၀၆) သုဒဿာစက်-သုဒဿာဗြဟ္မာဘုံပုံ။
(၁၀၇) သုဒဿီစက်-သုဒဿီဗြဟ္မာဘုံပုံ။
(၁၀၈) အကနိဋ္ဌာစက်-အကနိဋ္ဌာဗြဟ္မာဘုံပုံ။

အထက်ပါစက်လက္ခဏာ တို့မှာ စကြာဝတေးမင်း မှာလည်းပါ ပါတယ်။

ဒါကြောင့် ဘုရားလောင်း မွေးဖွါးစဉ်က ဗေဒင်ဆရာတွေက စကြာဝတေးမင်း သို့မဟုတ် ဘုရားဖြစ်မယ်လို့ ဟောခဲ့တာပါ။

ဒါပေမဲ့ စကြာဝတေးမင်း မှာတော့ သိပ် မထင်ရှားဘူးလို့ ဆိုပါတယ်။
Credit to
အညတရ ဘိက္ခု
#Crd